ကျောက်မျက်ရတနာများကို အရောင်ပြောင်းခြင်း

ကျောက်မျက်ရတနာများကို အရောင်ပြောင်းခြင်း Google

ကျောက်မျက်ရတနာများကို ပိုမိုတောက်ပြောင်လှပလာစေပြီး ဈေကွက် ကောင်းကောင်းရရန်အတွက်ယခုအခါ ခေတ်မီနည်းများဖြင့် အရောင်ပြောင်းသော အလုပ်ကို နိုင်ငံများစွာက လုပ်နေကြသည်။

 

ထို့ကြောင့်ကျောက်မျက်ရတနာများကို ဆေးဆိုး၍ အရောင်ပြောင်းခြင်း၊ အဏုမြူရောင်ခြည်ဖြင့်အရောင်ပြောင်းခြင်း စသည်တို့ကို တွေ့ရ၏။(သို့သော် ထိုအရောင်များမှာ ကြာရှည် မခံတက်ကြချေ။)

 

၁။ ဆေးဆိုး၍ အရောင်ပြောင်းခြင်း

ကျောက်မျက်ရတနာ ဈေကွက်များတွင် အရောင်းအဝယ် အဖြစ်များသော “အဂိတ်”(agate)များသည်တိမ်ခိုးရောင်နှင့် ဝါညိုရောင်များ အဖြစ် တွေ့ရသည်။ ယင်းတို့ကို “အော်နစ်” အမည်းရောင်ဖြစ်ချင်ပါကပထမဦးစွာ သကြားရည်တွင်စိမ်ထားပြီး တစ်ပတ်ခန့်

ကြာသောအခါ ဆူလုနီးပါ အပူပေးသည်။ထို့နောက်ဆေးကြောသန့်စင်ပြီး ပူနွေးသော “ဆာဖြူရစ်အက်စစ်”တွင် စိမ်ထားသည်။ထို့ကြောင့် သကြားသည် “ကာဘွန်” အဖြစ်သို့ ပြောင်းလဲသွားပြီး အမည်းရောင် “အော်နစ်”ကို ရရှိသည်။အခြားသောဓာတ်ဆား အမျိုး

မျိုးကို အသုံးပြုခြင်းဖြင့်လည်း အရောင်အမျိုးမျိုးရှိသော “အော်နစ်”များကိုရရှိသည်။အစိမ်းရည်နည်းပြီး ဖြူရော်ရော်ဖြစ်နေသော အညံ့စား ကျောက်စိမ်းများကိုလည်း ဒေါင်းသည်းခြေ၊လူသည်းခြေများဖြင့် ပွတ်တိုက်ပေးကာ ဆေးဆိုးကြသည်။တရုတ်ပြည်နှင့်

ဟောင်ကောင်တို့တွင် ဟင်းသီးဟင်းရွက်များမှ ထုတ်ယူရရှိသော ဆိုးဆေးများဖြင့်ကျောက်စိမ်းကို စိမ်ထားပြီး ဆေးဆိုးကြသည်။

 

၂။ အပူပေး၍ အရောင်ပြောင်းခြင်း

ဘရားဇီးပြည်၌ “ရှယ်ရီရောင်”ရှိသည့် ထပ်တစ်ရာကျောက်ကို စေ့စပ်သေချာစွာ တဖြည်းဖြည်း အပူပေးခြင်းဖြင့်”ပန်းရောင်ထပ်တစ်ရာ”သို့ အရောင်ပြောင်းလဲသွားအောင် ပြုလုပ်ကြသည်။အရောင်ပြောင်းရန်ပြုလုပ်သောအခါ သတ္ထုခွက် တစ်ခုထဲသို့ သဲ

သန့်သန့်နှင့် အရောင်ပြောင်းမည့် ကျောက်အရိုင်းကို ထည့်ကာ “ဒီဂရီ ၄၅၀ မှ ၅၀၀ စင်တီဂရိတ်အထိ” အပူပေးရသည်။ ထိုကဲ့သို့ မီးပူနေစဉ် ကျောက်၏အရောင်မှာ အဖြူရောင်သို့ ပြောင်းလဲသွားပြီး အေးသောအခါ “ပန်းရောင်”သို့ ပြောင်းလဲလာသည်။

အထက်ပါ အပူပေးနည်းဖြင့်ပင် “စလင်းညို”ကျောက်ကို အပူပေးသောအခါ “စလင်းဝါ” အဖြစ် ရရှိသည်။”စလင်းခရမ်း”ကိုလည်း အပူပေးလျှင် “စလင်းဝါ” ရရှိပြန်သည်။

 

၃။ အဏုမြူရောင်ခြည်ဖြင့် အရောင်ပြောင်းခြင်း

ကျောက်မျက်ရတနာများကို အဏုမြူရောင်ခြည်ဖြင့်လည်း အရောင်ပြောင်းနိုင်သည်။ဤနည်းဖြင့် စီးပွားဖြစ်များဆုံး အသုံးပြုသော ကျောက်မျက်မှာ စိန်ဖြစ်သည်။ “ရေဒီယမ်”ဓာတ်အားမှလွှတ်သော “အာဖလာအမှုန့်များ”သည် စိန်ကို လှပသော အစိန်းရောင်သို့

ပြောင်းစေသည်။ ဤနည်းကို အသုံးပြုပါက ကျောက်တွင် ရေဒီယိုသတ္တိကြွမှု ရှိမရှိစမ်းသပ်ပြီးမှသာ လက်ဝက်တန်ဆာအဖြစ် အသုံးပြုရသည်။ စိန်သည် “ဆိုက်ကလိုထရွန်” မှထုတ်ပေးသောအမှုန့်များ တိုက်ခက်ခြင်းခံရပါက အစိမ်းမှ အနက်သို့ ပြောင်းသွား

သည်။ ယင်းကိုထပ်မံ၍”စင်တီဂရိတ်၈၀၀”ခန့် အပူပေးပါက ရွှေဝါရောင် သို့မဟုတ် ရွှေညိုရောင်စိန်ကို ရရှိသည်။စိန်ကို “အက်ဆက်လရေတာ”(Accelerator) စက်များဖြင့် ထည့်သွင်းထားပါက အပြာနု သို့မဟုတ် ကြေးစိမ်းရောင် သို့ ပြောင်းသွားသည်။

 

 

Ref: ကျောက်မျက်ရတနာအဘိဓာန်

Read times Last modified on Friday, 16 October 2020 17:10
Rate this item
(0 votes)
Tagged under