ကမ္ဘာ့ရွှေဈး အနည်းငယ်ကျဆင်းလာ

ကမ္ဘာ့ရွှေဈး အနည်းငယ်ကျဆင်းလာ google



 


 


 


 


 


 


 


 


 

<<<Unicode>>>

 

ယနေ့ဒီဇင်ဘာလ ၁၁ ရက်နေ့ရဲ့ ကမ္ဘာ့ရွှေဈေးနှုန်းနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို ဖော်ပြပေးလိုက်ပါတယ်။

ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ 1464.27 ဒေါ်လာပေါက်ဈေးဖြစ်နေပါတယ်။


မနေ့ကဈေးနဲ့နှိုင်းယှဉ်ပါက 0.01% ကျဆင်းလာတာကိုတွေ့ရပါတယ်။

ကမ္ဘာရွှေဈေးကျဆင်းရခြင်းရဲ့အဓိကအကြောင်းရင်းမှာ အမေရိကန်ဗဟိုဘဏ်အစည်းအဝေးရဲ့ငွေကြေးဆိုင်ရာမူဝါဒအခြေအနေကို စောင့်ကြည့်နေတာကြောင့်ပဲ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၉ ရက်နေ့က ကမ္ဘာ့ရွေဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ 1459.24 ဒေါ်လာရှိပြီး သုံးရက်အတွင်းမှာအနည်းဆုံးပေါက်ဈေးဖြစ်ပါတယ်။

အမြင့်ဆုံးကတော့ ဒီဇင်ဘာလ ၁၀ ရက်နေ့ကမ္ဘာ့ရွှေဈေးနှုန်းဖြစ်ပြီးတော့ ယနေ့ဒီဇင်ဘာလ ၁၁ ရက်နေ့မှာတော့ အကျဘက်ကိုဦးတည်နေတာကိုတွေ့ရပါတယ်။

ကမ္ဘာ့ရွှေဈေးနှုန်းကျဆင်းရခြင်းရဲ့အဓိကကျတဲ့နောက်အချက်တစ်ချက်ကတော့ အမေရိကန်ကနေတရုတ်ကိုကောက်ခံမယ့်သွင်းကုန်အခွန်အနေအထားကို

ရင်းနှီးမြှုပ်နှံသူတွေက စောင့်ကြည့်နေတာကြောင့်ပဲဖြစ်ပါတယ်။

ပြည်တွင်းအခေါက်ရွှေဈေးနှုန်းအခြေအနေကတော့ ယနေ့ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ အခေါက်ရွှေတစ်ကျပ်သားကို 1183500 ကျပ်ပေါက်ဈေးရှိပြီးတော့

မနေ့ကပေါက်ဈေးနဲ့ နှိုင်းယှဉ်ပါက ကျပ် ၁၀၀၀ တက်သွားပါတယ်။

Read times
Rate this item
(0 votes)
Tagged under