လေလံပွဲ အကြီးဆုံးပတ္တမြား ကန်ဒေါ်လာ ၃၄ သန်း‌ကျော်ဖြင့် စံချိန်တင်

လေလံပွဲ အကြီးဆုံးပတ္တမြား ကန်ဒေါ်လာ ၃၄  သန်း‌ကျော်ဖြင့် စံချိန်တင်

လေလံပွဲ အကြီးဆုံးပတ္တမြား ကန်ဒေါ်လာ ၃၄  သန်း‌ကျော်ဖြင့် စံချိန်တင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

၅၅.၂၂ ကာရက်ရှိသော ပတ္တမြားတစ်လုံးသည် ကြာသပတေးနေ့(ဇွန် ၈)တွင် လေလံတင်ရောင်းချခံ့ရာ ဒေါ်လာ ၃၄.၈ သန်း ရရှိကာ  လေလံပွဲ အကြီးဆုံးနှင့် တန်ဖိုးအများဆုံး ကျောက်မျက်ရတနာ ဖြစ်သွားပါသည်။

 

 photo_2023-06-10_13-53-53.jpg

 

.

ကနေဒါကုမ္ပဏီ Fura Gems သည် မိုဇမ်ဘစ်ရှိ ကုမ္ပဏီ၏ ရတနာမိုင်းတွင်းတစ်ခုမှာ တွေ့ရှိခဲ့ပြီးနောက် တစ်နှစ်မပြည့်မီတွင် နယူးယောက်ရှိ Sotheby’s လေလံလုပ်ငန်းတွင် လေလံတင်ခဲ့ခြင်း ဖြစ်သည်။

မိုဇမ်ဘစ်နိုင်ငံ တရားဝင်ရုံးသုံး ဘာသာစကား ဖြစ်သည့် ပေါ်တူဂီ ဘာသာစကားဖြင့် Estrela de Fura ဟု ၎င်းပတ္တမြားကို အမည်ပေးထားပါသည်။ Star of Fura ဟု အဓိပ္ပာယ် ရပါသည်။

.

ယခင် စံချိန်ဟောင်းမှာ မြန်မာပတ္တမြားဖြစ်ပြီး Sunrise Ruby ဟု အမည်တွင်ပါသည်။ ၂၅.၅၉ ကာရက်ရှိ ၎င်းပတ္တမြားကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ၂၀၁၅ ခုနှစ်က ဒေါ်လာ ၃၀ ဒသမ ၃ သန်းဖြင့် ရောင်းချခဲ့ပါသည်။

 

photo_2023-06-10_13-53-48.jpg

.

Star of Fura သည် ကျောက်မျက်အရိုင်းအဖြစ် တွေ့ရှိစဉ်က ၁၀၁ ကာရက် ရှိပါသည်။ သွေးပြီးချိန်တွင် ထက်ဝက်လျော့ကျပြီး ၅၅.၂၂ ကာရက်ရှိပါသည်။

.

ပတ္တမြားကို မိုဇမ်ဘစ်တွင် လွန်ခဲ့သည့် ဆယ်စုနှစ်များစွာက စတင်တွေ့ရှိခဲ့သော်လည်း ၂၀၀၉ ခုနှစ် နောက်ပိုင်းကျမှ မိုဇမ်ဘစ် မြောက်ပိုင်းရှိ  Montepuez မြို့အနီးတွင် ကျောက်မျက်အရိုင်းတုံးများကို တွေ့ရှိခဲ့ပြီ အရေးပါသော လုပ်ငန်းတစ်ခုအဖြစ် ပေါ်ပေါက်လာခဲ့သည်။

မိုဇမ်ဘစ်သည် ယခုအခါ ကမ္ဘာပေါ်တွင် ပတ္တမြားတူးဖော်မှု အထွက်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။

Source cnn

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Saturday, 10 June 2023 13:55
Rate this item
(0 votes)