တူရကီ ရွှေတင်သွင်းမှု ခွဲတမ်းကျင့်သုံး

တူရကီ ရွှေတင်သွင်းမှု ခွဲတမ်းကျင့်သုံး

တူရကီ ရွှေတင်သွင်းမှု ခွဲတမ်းကျင့်သုံး

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

တူရကီ အစိုးရသည် ကုန်သွယ်ရေး လိုငွေပြနေခြင်းကို ထိန်းညှိရန်နှင့် နိုင်ငံခြားငွေ အရန်ငွေကို ချွေတာရန်အတွက် ရွှေ‌ေချာင်းတင်သွင်းမှုအပေါ် ခွဲတမ်းချမှတ်ရန် အစီအစဉ်ရှိကြောင်း နိုင်ငံပိုင် မီဒီယာ Anadolu က သတင်းဖော်ပြသည်။

 

ယခုနှစ် ပထမ ၇ လတွင် ရွှေချောင်း ကန်ဒေါ်လာ ၁၉.၄ ဘီလီယံဖိုး တင်သွင်းခဲ့သည်။

 

 နိုင်ငံသုံးငွေ လိုင်ရာ တန်ဖိုးကျသဖြင့် ရွှေဝယ်သိမ်းထားကြသဖြင့် ဝယ်လိုအား ကောင်းနေစေသည်။

 

ရွှေချောင်း တင်သွင်းပြီး ရွှေထည်များ ပြုလုပ်၍ ပြည်ပသို့ ပြန်လည်တင်ပို့ပါက ခွဲတမ်းတွင် အကျုံးမဝင်ဘဲ လိုအပ်သလောက် တင်သွင်းနိုင်မည် ဖြစ်သည်။

 

လက်ရှိမှာ ရွှေတင်သွင်းမှုအပေါ်စည်းကြပ်နေသည့် အခွန်အခများအပြင် ၂၀% ထပ်ဆောင်းစည်းကြပ်ပါသည်။

တူရကီနှင့် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်မရှိဘဲ နိုင်ငံများမှ ရွှေတင်သွင်းခြင်းနှင့် ဥရောပသမဂ္ဂတွင် မပါဝင်သော နိုင်ငံမှ တင်သွင်းခြင်းတို့အတွက်  လက်ရှိသွင်းကုန်နှင့် အခြားအကောက်ခွန်များအပြင် အပိုဆောင်း ၂၀% ကောက်ခံသည်။

ရွှေတင်သွင်းခြင်းဟု ဆိုရာ၌ ရွှေချောင်းအပြင် ရွှေထည်များလည်း အကျုံးဝင်သည်။ ရွှေရည်စိမ်ထားလျှင်လည်း အကျုံးဝင်သည်။

 

တူရကီ၏ ငွေစာရင်းလိုငွေပြမှုသည် အဓိကအားဖြင့် ရွှေနှင့် စွမ်းအင် တင်သွင်းမှု မြင့်မားခြင်းကြောင့်ဖြစ်ပြီး ယခုနှစ် ပထမငါးလတွင် ကန်ဒေါ်လာ ၃၇.၇ ဘီလီယံအထိ ရှိခဲ့သည်။

 

Source Reuters 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Sunday, 13 August 2023 00:45
Rate this item
(0 votes)