၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ ရွှေသတ္တု ၇၈၃၄ ဒသမ ၁၆၀ ထရိုင်အောင်စ ထုတ်လုပ်နိုင်ခဲ့

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ ရွှေသတ္တု ၇၈၃၄ ဒသမ ၁၆၀ ထရိုင်အောင်စ ထုတ်လုပ်နိုင်ခဲ့ Google

မြန်မာနိုင်ငံတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ ရွှေသတ္တု ၇၈၃၄ ဒသမ ၁၆၀ ထရိုင်အောင်စ ထုတ်လုပ်နိုင်ခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းမှ သိရသည်။

 

သတ္တုတွင်းဦးစီးဌာနလက်ထောက်အထွေထွေမန်နေဂျာ (စီမံကိန်း) မှ ဦးတင်အောင်လင်းက “မနှစ်ကထက်စာရင် ထုတ်လုပ်မှုနည်းနည်းတက်လာတယ်။ ဒီစက်တင်ဘာလ အတွက် တစ်လချင်းယှဉ်ပြောရင်လည်း မနှစ်က စက်တင်ဘာမှာလမှာ ထုတ်လုပ်နိုင်မှုက ၆၁၅ ဒသမ ၀၅ ထရိုင်အောင်စ၊ဒီနှစ်ကတော့ ၇၉၁ ဒသမ၂၄ ထရိုင်အောင်စထုတ်လုပ်နိုင်ခဲ့တယ်။ပြီးခဲ့တဲ့နှစ်ဘဏ္ဍာနှစ်ထက် ဒီထက် က ပိုထုတ်လုပ်နိုင်တယ်။ ဘာလို့ထုတ်လုပ်မှု တက်လာလဲဆိုတော့ မနှစ်ကတော့ အသေးစားကနေ အလတ်စားလုပ်ကွက်တွေ ကူးပြောင်းတဲ့အချိန်မို့လို့။ အခုကတော့ အလတ်စားလုပ်ကွက်လေးတွေတိုးလာလို့ ပိုမိုထုတ်လုပ်နိုင်လာတာဖြစ်ပါတယ်။ အသေးစားကနေ အလတ်စားကို ကူးပြောင်းတဲ့လုပ်ကွက် အရေအတွက်လေးတွေ တိုးလာတယ်ပေါ့ ”ဟုဆင်ဟွာသို့ အောက်တိုဘာ ၂၇ ရက်တွင်ပြောကြားသည်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍနှစ်ဖြစ်သည့် ၂၀၁၉ ခုနှစ် အာက်တိုဘာမှ ၂၀၂၀ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်အထိ လအလိုက် ရွှေသတ္တုထုတ်လုပ်နိုင်မှုမှာ ၂၀၁၉ခုနှစ် အောက်တိုဘာ တွင် ရွှေသတ္တုထုတ်လုပ်နိုင်မှု ၆၇၁ ဒသမ ၉၃၀ထရိုင်အောင်စ၊ ၂၀၁၉ခုနှစ် နိုဝင်ဘာ တွင် ၁၅၀ ဒသမ ၈၆၀ ထရိုင်အောင်စ၊ ဒီဇင်ဘာတွင် ၅၈၅ ဒသမ ၁၄၀ ထရိုင်အောင်စ၊ ၂၀၂၀ပြည့်နှစ် ဇန်နဝါရီတွင် ၄၇၀ ဒသမ ၆၁၀ ထရိုင်အောင်စ၊ ဖေဖော်ဝါရီတွင် ၅၀၆ ဒသမ ၆၄၀ ထရိုင်အောင်စ၊ မတ်တွင် ၁၀၁၅ ဒသမ ၁၅၀ ထရိုင်အောင်စ၊ ဧပြီတွင်၅၆၂ ဒသမ ၆၆၀ ထရိုင်အောင်စ၊ မေတွင် ၇၁၁ ဒသမ ၅၉၀ ထရိုင်အောင်စ၊ ဇွန်တွင် ၇၂၈ ဒသမ ၈၀၀ ထရိုင်အောင်စ၊ ဇူလိုင်တွင် ၉၅၁ ဒသမ ၉၆၀ ထရိုင်အောင်စ၊ သြဂုတ်တွင် ၆၈၀ ဒသမ ၅၈၀ ထရိုင်အောင်စ နှင့် စက်တင်ဘာတွင် ၇၉၈ ဒသမ ၂၄၀ ထရိုင်အောင်စ အသီးသီး ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် ရွှေသတ္တုထုတ်လုပ်ခြင်းအား ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Ref: Xinhua

Read times Last modified on Tuesday, 27 October 2020 16:08
Rate this item
(0 votes)