တတိယအႀကိမ္၊ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေက်ာက္မ်က္ရတနာ အေခ်ာထည္ႏွင့္ လက္ဝတ္ရတနာျပပြဲ ၂၀၂၀

တတိယအႀကိမ္၊ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေက်ာက္မ်က္ရတနာ အေခ်ာထည္ႏွင့္ လက္ဝတ္ရတနာျပပြဲ ၂၀၂၀ Facebook

ေက်ာက္မ်က္ရတနာ လုပ္ငန္းရွင္မ်ားအသင္း(ရန္ကုန္)မွ ႀကီးမႉးက်င္းပေသာ တတိယအႀကိမ္၊ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေက်ာက္မ်က္ရတနာ အေခ်ာထည္ႏွင့္

 

လက္ဝတ္ရတနာျပပြဲ ၂၀၂၀ ဖြင့္ပြဲ အခမ္းအနားကို ယေန႔၊ နံနက္(၁၀)နာရီတြင္ ရန္ကုန္ၿမိဳ႕ရွိ Lotte Hotel ၌ ျပဳလုပ္ရာ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း တက္ေရာက္ခဲ့သည္။

ေရွးဦးစြာ ရန္ကုန္တိုင္းေဒသႀကီ အစိုးရအဖြဲ႕၊ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း၊ တိုင္းေဒသႀကီး လႊတ္ေတာ္ဥကၠ႒ႏွင့္ တာဝန္ရွိသူမ်ားက တတိယအႀကိမ္၊

ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေက်ာက္မ်က္ရတနာ အေခ်ာထည္ႏွင့္ လက္ဝတ္ရတနာျပပြဲ ၂၀၂၀ ဖြင့္ပြဲ အခမ္းအနားအား စက္ခလုတ္ႏွိပ္၍ ဖြင့္လွစ္ေပးခဲ့ၾကသည္။

ထို႔ေနာက္ ဝန္ႀကီးခ်ဳပ္က အဖြင့္အမွာစကား ေျပာၾကားရာတြင္ “ ျမန္မာႏိုင္ငံဟာ ေက်ာက္မ်က္ရတနာထြက္တဲ့ ႏိုင္ငံတစ္ခုျဖစ္ပါတယ္။

ေက်ာက္စိမ္းနဲ႔ ပတ္သက္ရင္လည္း ဖားကန႔္ေဒသမွာ ေက်ာက္စိမ္းမ်ားစြာ ထြက္ပါတယ္။ ေနာက္ ပတၱျမားဆိုရင္လည္း တစ္ကမာၻလုံးက သိေနတဲ့ မိုးကုတ္ပတၱျမားဟာ နာမည္ႀကီးတဲ့ ပစၥည္းျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ ႏိုင္ငံအတြင္းမွာ သယံဇတပစၥည္းေတြ၊ အျခားေသာ ေက်ာက္မ်က္ရတနာေတြ လည္းထြက္ပါတယ္။

ဒါနဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံဟာ သယံဇတ ပစၥည္းေပါႂကြယ္ဝေသာ ႏိုင္ငံအျဖစ္ အသိအမွတ္ျပဳထားတဲ့ ႏိုင္ငံတစ္ခုလည္းျဖစ္ပါတယ္။

ဒါေပမယ့္ ကြၽန္ေတာ္တို႔ ႏိုင္ငံတြင္းမွာ ေက်ာက္မ်က္ရတနာေတြ ထြက္ေပမယ့္ ေဈးကြက္ကို က်ယ္က်ယ္ျပန႔္ျပန႔္ ျမန္မာႏိုင္ငံထဲမွာ တည္ေဆာက္ႏိုင္ဖိ့ု အားနည္းေနခဲ့ပါတယ္။

ဒီအေျခအေနနဲ႔ ပတ္သက္ၿပီးေတာ့ ေရွ႕ဆက္ၿပီး ပိုမိုက်ယ္ျပန႔္တဲ့ ေဈးကြက္ တစ္ခုတည္ေဆာက္ႏိုင္ဖိ့ု အတြက္ ႀကိဳးစားရမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္မို႔ ကြၽန္ေတာ္တိ့ုက ရန္ကုန္ေဈးကြက္ႀကီးကို ထူေထာင္ႏိုင္ဖို႔ အတြက္ ႏွစ္စဥ္ႏွစ္တိုင္း က်င္းပေဆာင္႐ြက္တဲ့ ေက်ာက္မ်က္ရတနာ ျပပြဲေတြမွာ ကြၽန္ေတာ္တိ့ုအေနနဲ႔ ေတာက္ေလွ်ာက္ တြန္းအားေပးပါတယ္။

ႏိုင္ငံတကာက သူေတြလည္း လာႏိုင္ေအာင္၊ ႏိုင္ငံတကာက ဝယ္ယူသူေတြလည္း ျမန္မာႏိုင္ငံမွာ လာဝယ္ႏိုင္တဲ့ ေဈးကြက္တစ္ခုျဖစ္ႏိုင္ေအာင္၊

ႏိုင္ငံတကာကေနၿပီးေတာ့ ျမန္မာႏိုင္ငံမွာလည္း လာေရာက္ ေရာင္းခ်ႏိုင္ေအာင္ ကြၽန္ေတာ္တို႔ တိုင္းေဒသႀကီးဘက္ကေန တြန္းအားေပး ေဆာင္႐ြက္ခဲ့တာ ရွိပါတယ္။

ဒီအေျခအေနေတြ တကယ္ ျဖစ္ေျမာက္လာႏိုင္ဖို႔ အတြက္ အခြင့္အလမ္းေတြ ဖန္တီးေပးဖို႔၊ ဒီကို ေက်ာက္မ်က္ရတနာ ပစၥည္းေတြ သြင္းလာႏိုင္ဖို႔၊

ဝယ္ယူသြားတဲ့ ပစၥည္းေတြ ျပန္ထုတ္ႏိုင္ဖို႔ဆိုတဲ့ က႑ေတြဟာ ျပည္ေထာင္စုဝန္ႀကီးဌာန အသီးသီးဘက္ကေန စနစ္တက် စီမံေဆာင္႐ြက္ ေပးႏိုင္မွသာလွ်င္ ဒီပြဲဟာ ေအာင္ျမင္ႏိုင္မွာျဖစ္ပါတယ္။” ဟု ေျပာသည္။

ဆက္လက္ၿပီး ျမန္မာႏိုင္ငံ ေက်ာက္မ်က္ရတနာ လုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ ဥကၠ႒ ဦးလဖိုင္ခြန္ဆာက အမွာစကား ေျပာၾကားၿပီး၊ ေက်ာက္မ်က္ရတနာ လုပ္ငန္းရွင္မ်ားအသင္း(ရန္ကုန္) ဥကၠ႒ ဦးသိန္းဝင္းေဇာ္က ေက်းဇူးတင္စကား ေျပာၾကားသည္။

ယင္းေနာက္ ဝန္ႀကီးခ်ဳပ္ႏွင့္ တာဝန္ရွိသူမ်ားက Sealed-Bid Auction ျပခန္းမ်ားႏွင့္ အေရာင္းဆိုင္မ်ားအား လွည့္လည္ၾကည့္ရႈခဲ့ၾကသည္။

အခမ္းအနားသို႔ ရန္ကုန္တိုင္းေဒသႀကီအစိုးရအဖြဲ႕၊ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း၊ တိုင္းေဒသႀကီးလႊတ္ေတာ္ဥကၠ႒ ဦးတင္ေမာင္ထြန္း၊

လႊတ္ေတာ္ ဒုတိယဥကၠ႒ ဦးလင္းႏိုင္ျမင့္၊ ရခိုင္တိုင္းရင္းသား လူမ်ိဳးေရးရာဝန္ႀကီး ဦးေဇာ္ေအးေမာင္၊

သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာန၊ အၿမဲတမ္းအတြင္းဝန္၊ ဦးမင္းမင္းဦး၊ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးေကာ္မတီ၊

အတြင္းေရးမႉး ဦးေအးႏိုင္၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ျမန္မာႏိုင္ငံ ေက်ာက္မ်က္ရတနာ လုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ႏွင့္ တာဝန္ရွိသူမ်ား၊

ရန္ကုန္တိုင္းေဒသႀကီး ေက်ာက္မ်က္ရတနာ လုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ႏွင့္ တာဝန္ရွိသူမ်ား၊ သတၱဳတြင္းဦးစီးဌာနမွ တာဝန္ရွိသူမ်ား၊ ျပည္တြင္း၊ျပည္ပမွ စီးပြားေရးလုပ္ငန္းရွင္မ်ား တက္ေရာက္ခဲ့ၾကသည္။

ျမန္မာႏိုင္ငံ ေက်ာက္မ်က္ရတနာ ေဈးကြက္ ရာႏႈန္းျပည့္ျဖစ္ထြန္းၿပီး တိုးတက္ေစရန္ ရည္႐ြယ္၍ က်င္းပသည့္

တတိယအႀကိမ္ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေက်ာက္မ်က္ရတနာ အေခ်ာထည္ႏွင့္ လက္ဝတ္ရတနာျပပြဲတြင္ ဆိုင္ခန္းေပါင္း(၁၂၀)ေက်ာ္ ပါဝင္ေရာင္းခ် သြားမွာျဖစ္ေၾကာင္း၊

ထို႔အျပင္ မ်က္ျမင္စနစ္ျဖင့္ ေဈးညႇိႏႈိင္းကာ တိုက္႐ိုက္ ေရာင္းဝယ္ႏိုင္ေသာ စနစ္ႏွင့္ ေလလံစနစ္တို႔ျဖင့္လည္း ထည့္သြင္းေရာင္းခ် သြားမွာျဖစ္ေၾကာင္း၊

ယင္းျပပြဲကို ဇန္နဝါရီလ(၁၀)ရက္ေန႔မွ (၁၃)ရက္ေန႔အထိ က်င္းပသြားမွာျဖစ္ေၾကာင္း သိရသည္။

YRG Info:

 

(Unicode ဖြင့်ဖတ်ရန်)

ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(ရန်ကုန်)မှ ကြီးမှူးကျင်းပသော တတိယအကြိမ်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာ အချောထည်နှင့်

လက်ဝတ်ရတနာပြပွဲ ၂၀၂၀ ဖွင့်ပွဲ အခမ်းအနားကို ယနေ့၊ နံနက်(၁၀)နာရီတွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ပြုလုပ်ရာ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီ အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တတိယအကြိမ်၊

ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာ အချောထည်နှင့် လက်ဝတ်ရတနာပြပွဲ ၂၀၂၀ ဖွင့်ပွဲ အခမ်းအနားအား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် “ မြန်မာနိုင်ငံဟာ ကျောက်မျက်ရတနာထွက်တဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။

ကျောက်စိမ်းနဲ့ ပတ်သက်ရင်လည်း ဖားကန့်ဒေသမှာ ကျောက်စိမ်းများစွာ ထွက်ပါတယ်။ နောက် ပတ္တမြားဆိုရင်လည်း တစ်ကမ္ဘာလုံးက သိနေတဲ့ မိုးကုတ်ပတ္တမြားဟာ နာမည်ကြီးတဲ့ ပစ္စည်းဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံအတွင်းမှာ သယံဇတပစ္စည်းတွေ၊ အခြားသော ကျောက်မျက်ရတနာတွေ လည်းထွက်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဟာ သယံဇတ ပစ္စည်းပေါကြွယ်ဝသော နိုင်ငံအဖြစ် အသိအမှတ်ပြုထားတဲ့ နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံတွင်းမှာ ကျောက်မျက်ရတနာတွေ ထွက်ပေမယ့် ဈေးကွက်ကို ကျယ်ကျယ်ပြန့်ပြန့် မြန်မာနိုင်ငံထဲမှာ တည်ဆောက်နိုင်ဖိ့ု အားနည်းနေခဲ့ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ ရှေ့ဆက်ပြီး ပိုမိုကျယ်ပြန့်တဲ့ ဈေးကွက် တစ်ခုတည်ဆောက်နိုင်ဖိ့ု အတွက် ကြိုးစားရမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ကျွန်တော်တိ့ုက ရန်ကုန်ဈေးကွက်ကြီးကို ထူထောင်နိုင်ဖို့ အတွက် နှစ်စဉ်နှစ်တိုင်း ကျင်းပဆောင်ရွက်တဲ့ ကျောက်မျက်ရတနာ ပြပွဲတွေမှာ ကျွန်တော်တိ့ုအနေနဲ့ တောက်လျှောက် တွန်းအားပေးပါတယ်။

နိုင်ငံတကာက သူတွေလည်း လာနိုင်အောင်၊ နိုင်ငံတကာက ဝယ်ယူသူတွေလည်း မြန်မာနိုင်ငံမှာ လာဝယ်နိုင်တဲ့ ဈေးကွက်တစ်ခုဖြစ်နိုင်အောင်၊

နိုင်ငံတကာကနေပြီးတော့ မြန်မာနိုင်ငံမှာလည်း လာရောက် ရောင်းချနိုင်အောင် ကျွန်တော်တို့ တိုင်းဒေသကြီးဘက်ကနေ တွန်းအားပေး ဆောင်ရွက်ခဲ့တာ ရှိပါတယ်။

ဒီအခြေအနေတွေ တကယ် ဖြစ်မြောက်လာနိုင်ဖို့ အတွက် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့၊ ဒီကို ကျောက်မျက်ရတနာ ပစ္စည်းတွေ သွင်းလာနိုင်ဖို့၊

ဝယ်ယူသွားတဲ့ ပစ္စည်းတွေ ပြန်ထုတ်နိုင်ဖို့ဆိုတဲ့ ကဏ္ဍတွေဟာ ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးဘက်ကနေ စနစ်တကျ စီမံဆောင်ရွက် ပေးနိုင်မှသာလျှင် ဒီပွဲဟာ အောင်မြင်နိုင်မှာဖြစ်ပါတယ်။” ဟု ပြောသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာက အမှာစကား ပြောကြားပြီး၊ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက Sealed-Bid Auction ပြခန်းများနှင့် အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊

လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဦးမင်းမင်းဦး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ၊

အတွင်းရေးမှူး ဦးအေးနိုင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊

ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သတ္တုတွင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်တွင်း၊ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံ ကျောက်မျက်ရတနာ ဈေးကွက် ရာနှုန်းပြည့်ဖြစ်ထွန်းပြီး တိုးတက်စေရန် ရည်ရွယ်၍ ကျင်းပသည့်

တတိယအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာ အချောထည်နှင့် လက်ဝတ်ရတနာပြပွဲတွင် ဆိုင်ခန်းပေါင်း(၁၂၀)ကျော် ပါဝင်ရောင်းချ သွားမှာဖြစ်ကြောင်း၊

ထို့အပြင် မျက်မြင်စနစ်ဖြင့် ဈေးညှိနှိုင်းကာ တိုက်ရိုက် ရောင်းဝယ်နိုင်သော စနစ်နှင့် လေလံစနစ်တို့ဖြင့်လည်း ထည့်သွင်းရောင်းချ သွားမှာဖြစ်ကြောင်း၊

ယင်းပြပွဲကို ဇန်နဝါရီလ(၁၀)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ကြောင်း သိရသည်။

YRG Info:

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Friday, 10 January 2020 18:03
Rate this item
(0 votes)
Tagged under