တစ်ရက်အတွင်း ကျပ် ၁၁,၀၀၀ ခုန်တက်သွားသော မြန်မာ့ရွှေဈေး

တစ်ရက်အတွင်း ကျပ် ၁၁,၀၀၀ ခုန်တက်သွားသော မြန်မာ့ရွှေဈေး Google

မြန်မာ့ရွှေတစ်ကျပ်သားပေါက်ဈေး ကျပ် ၁,၃၀၅,၀၀၀ မှ ၁,၃၁၆,၀၀၀ သို့ ရောက်ရှိကာ ယနေ့တစ်ရက်တည်းတွင် ကျပ် ၁၁,၀၀၀ ဈေးတက်ခဲ့ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ‌အောက်တိုဘာ ၂ ရက်တွင်ပြောကြားခဲ့ပါသည်။


“ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၁၈၉၂ ဒေါ်လာ ကနေ တစ်အောင်ကိုစ ၁၉၁၀ ဒေါ်လာလောက် အထိ တက်သွားတယ်။ အဓိကက ကမ္ဘာ့ရွှေဈေးတက်လို့ တက်သွားတာပါ။ ဈေးအတက်အကျကတော့ ကမ္ဘာ့ရွှေဈေးပေါ်မှာပဲ မူတည်ပါတယ်” ဟု ကရှင်းပြသည်။

 

ယခုကဲ့သို့ တစ် ရက်တည်းတွင် အချိန်ပိုင်းအတွင်းဈေးတက်ခြင်းမျိုးက ဖြစ်ခဲကြောင်းဆိုသည်။ လက်ရှိတွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းတွင်လည်း COVID-19 ရောဂါကြောင့် အရောင်းပိတ်ထားကြောင်း၊ ရွှေဝယ်ယူစုဆောင်းသူများအနေဖြင့် ရွှေဆိုင်များမှသာ ဝယ်ယူကြကြောင်းသိရသည်။


“ရွှေဝယ်ယူစုဆောင်းသူတွေက COVID-19 ကာလမှာတော့ သိပ်မရှိဘူး။ ရွှေဈေး ၁၃ သိန်းအောက်ကိုစောင့်ကြတယ်။ ၁၃ သိန်းအောက်ရောက်ရင်တော့ရွှေဝယ်စုသူတွေအနေနဲ့ ဝယ်သင့်တယ်လို့ ထင်ပါတယ်” ဟု ဦးမျိုးမြင့်က ဖြည့်စွက်ပြောကြားခဲ့သည်။
အောက်တိုဘာ ၂ ရက်တွင် မြန်မာ့ရွှေဈေး တစ်ကျပ်သားလျှင် ရောင်းဈေး ကျပ် ၁,၃၁၆,၀၀၀ နှင့် ရွှေပြန်ဝယ်ယူသည့်ဈေး ကျပ် ၁,၃၁၁,၀၀၀ ရှိကြောင်း သိရသည်။

 

 

Source: (Xinhua)

Read times
Rate this item
(0 votes)
Tagged under