မန္တလေးကျောက်ဝိုင်း ပြန်ပိတ်ရန် မြို့တော်ဝန် ညွှန်ကြား

မန္တလေးကျောက်ဝိုင်း ပြန်ပိတ်ရန် မြို့တော်ဝန် ညွှန်ကြား Google

ပြည်တွင်းကူးစက်မှု ပြန်လည်တွေ့လာပြီးနောက် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အကန့်အသတ်ဖြင့် ဖွင့်လှစ်ခွင့်ပြုထားသော မန္တလေး ကျောက်ဝိုင်းအား သြဂုတ်(၂၇)ရက်မှ စတင်ကာ ပြန်လည်ပိတ်သိမ်းစေမည် ဖြစ်ကြောင်း နှင့် Lockdown မကြုံလိုလျှင် စည်းကမ်းလိုက်နာကြရန် မြို့တော်ဝန် သတိပေးကြောင်းသိရပါတယ်။ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

 

မန္တလေးတွင် ကူးစက်မှုမရှိသေးသော်လည်း ကြိုတင်ကာကွယ်ရမည်ဖြစ်ကာ လတ်တလော၌ “အကန့်အသတ်နဲ့ ဖွင့်ခွင့်ပေးထားတဲ့ အခင်းကျောက်ဝိုင်းကို မနက်ဖြန်က စပြီး ခေတ္တပြန်ပိတ်ပါမယ်။ လမ်းဘေးတွေမှာ လူစုလူဝေးနဲ့ ကျောက်အရောင်းအဝယ် လုပ်နေတာကိုလည်း ပြန်တင်းကြပ်ပါမယ်’’ဟု ဒေါက်တာရဲလွင်ကပြောကြားခဲ့ပါတယ်။

 

ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဟုဆိုကာ မန္တလေးမြို့ မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်း (မန္တလေးကျောက်ဝိုင်း)အား ပြီးခဲ့သည့် မတ်လကုန်ပိုင်းကတည်းက တိုင်းအစိုးရက ပိတ်သိမ်းထားခြင်း ဖြစ်သည်။
ထို့နောက် ဇူလိုင်လဆန်းတွင် စမ်းသပ်အနေဖြင့် ကျောက်ဝိုင်း အပြင်ဘက်ရှိ ပျံကျအခင်းဝိုင်းကို COVID-19 ရောဂါ ကာကွယ်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့် ပြုထားခြင်း ဖြစ်သည်။
ကျောက်ဝိုင်း ပိတ်သိမ်းထားသည့် ငါးလခန့်အတွင်း ကျောက်မျက်အရောင်းအဝယ် လုပ်ငန်းများ လုပ်ကိုင်ခွင့် မရသည့်အတွက် စားဝတ်နေရေး ကြပ်တည်းနေပြီး အချို့သော ကျောက်သမားများသည် ကျောက်ဝိုင်း အပြင်ဘက်၌ အရောင်းအဝယ် ပြုလုပ်မှုများ ရှိနေကြောင်း မန္တလေးမြို့ခံ ကျောက်မျက်လုပ်ငန်း လုပ်ကိုင်သူအချို့က ပြောသည်။

 

ကျောက်ဝိုင်း အပြင်ဘက်ရှိ အခင်းဝိုင်းတွင် အရောင်းအဝယ် လုပ်ကိုင်သူများသည် ပုံမှန်ဝင်ငွေ မရှိသော အခြေခံ ကျောက်သမားများ ဖြစ်ပြီး ပြန်ပိတ်ပေးရမည့်အပေါ် စိတ်မကောင်းသော်လည်း တစ်နိုင်ငံလုံးသာမက ကမ္ဘာတဝန်း ကြုံတွေ့နေ့ရသည့် အခြေအနေဖြစ်၍ လက်ခံရမည်ဟု မန္တလေး ကျောက်ဝိုင်း အကျိုးတော်ဆောင်ကော်မတီ အတွင်းရေးမှူး ဦးမျိုးမြင့်နိုင်က ပြောကြားထားပါတယ်။

 

"ကံမကောင်းစွာနဲ့ ဒီလိုပိတ်လိုက်ရတော့ စိတ်မကောင်းပါဘူး။ ကျောက်သမားတွေအတွက်က တချို့တွေက ဒီဟာလုပ်မှ တကယ်စားရတဲ့သူ အများကြီးရှိတယ်လေ။ တချို့ကတော့ နားမလည်ဘူး။ သူတို့ကျပ်တည်းတာ သူတို့ခက်ခဲတာပဲ သိတာလေ။ အစ်ကိုတို့ အနေနဲ့ကျတော့ နှစ်ဘက်လုံး ကြည့်ပေးရတာပေါ့။ ကြည့်‌ပေးရတယ်ဆိုတော့ ဒါကလည်း တကယ်လည်း ပိတ်သင့်ပါတယ်။ တကယ်လည်း စိုးရိမ်ရတဲ့အနေအထားဖြစ်သွားပြီလေ"ဟု ဦးမျိုးမြင့်နိုင်ကပြောခဲ့ပါတယ်။

 

ကိုဗစ်ဒုတိယလှိုင်း ကာကွယ်ထိန်းချုပ်နိုင်ရေး အပြင်ထွက် သွားလာသူတိုင်း Mask နှာခေါင်းစည်း တပ်ဆင်ရန် ကြပ်မတ်ခြင်း အပါအဝင် စည်းကမ်းတင်းကြပ်မှုများ လုပ်ဆောင်နေကြောင်းနှင့် မန္တလေးမြို့၌ လက်ရှိအချိန်ထိ ပြည်တွင်းကူးစက်မှု မရှိသေးသော်လည်း ကြိုတင်ကာကွယ်မှုများ လစ်လျူရှုထားလျှင် မကြာမီ COVID-19 ရောဂါ ကူးစက်မှုများ ကြုံတွေ့ရမည်မှာ သေချာပါသည်ဟု မန္တလေးတိုင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီ၏ ဥက္ကဌလည်း ဖြစ်သူ မြို့တော်ဝန် ဒေါက်တာရဲလွင်က ဆိုသည်။
“စည်းကမ်းလိုက်နာမှုနဲ့ ကိုဗစ်ပြည်တွင်းကူးစက်မှုပေါ်မူတည်ပြီး ကန့်သတ်ချက်တွေ တဆင့်ပြီးတဆင့် တိုးလာနိုင်တာမို့လို့ Lockdown နဲ့ မကြုံတွေ့ချင်ရင် ပြည်သူတွေအနေနဲ့ စိတ်ရှည်သည်းခံပြီး စည်းကမ်းလိုက်နာပေးကြပါ”ဟု ဒေါက်တာရဲလွင်က ရေးသားသည်။
ကိုဗစ်ကာကွယ်ရေးအတွက် အရေးအကြီးဆုံးသည် အပြင်ထွက် သွားလာသူတိုင်း Mask တပ်ဆင်ရန် ဖြစ်ပြီး သွားလာသူများ Mask တပ်ဆင်ရန်အတွက် ဈေးများ၊ အဝေးပြေးကားဝင်းများ၊ လမ်းမများ၌ စစ်ဆေးကာ Mask မတပ်သူများကို ကျပ်(၅၀၀၀) ဒဏ်ကြေးသတ်မှတ်ကာ Homemade Mask သုံးခု ပြန်ပေးမည်ဟု ဒေါက်တာရဲလွင်က ရေးသားသည်။

 

ထို့အပြင် လူစုလူဝေး မဖြစ်စေရန်အတွက် ကျုံးဘေးပလက်ဖောင်းများ၌ ကျန်းမာရေးအတွက် လမ်းလျှောက်သူမျာကိုလည်း ယာယီတားဆီးထားသည်ဟု ၎င်းက ဆိုသည်။ “ပြည်သူတွေ အပြင်ထွက်ရင် mask တပ်ပါ။ လူစုလူဝေးကို ရှောင်ပါ။ လက်မကြာခဏဆေးပါ။ ခပ်ခွာခွာနေပါ။ တတ်နိုင်သရွေ့ အပြင်မထွက်ပါနဲ့။ မနက်ဖြန် အနေအထားပေါ်မူတည်ပြီ ပြန်ကြားမှုတွေ တိုးသွားနိုင်ပါတယ်။ ပြည်သူတွေ စည်းကမ်းလိုက်နာ ပေးကြပါ” ဟု ဒေါက်တာရဲလွင်က ဆိုသည်။


လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်တက်နေပြီး သြဂုတ်(၁၆)ရက်မှ (၂၅) ရက် ညပိုင်းအထိ ကိုးရက်တာကာလအတွင်း COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ (၁၁၀) ဦး တွေ့ရှိခဲ့ကြောင်း၊ COVID-19 ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ ညွှန်ကြားချက်များအား လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးအတွင်းသို့ လာရောက်သူများကို Facility Quarantine (သတ်မှတ်နေရာ၌ အသွားအလာ ကန့်သတ် စောင့်ကြည့်ခြင်း) (၂၁)ရက် ထားရှိရန် မန္တလေးတိုင်း အစိုးရအဖွဲ့က အသိပေး ညွှန်ကြားစာများ ထုတ်ပြန်ထားသည်။


သြဂုတ်(၂၇)ရက် မနက်ပိုင်းအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၅၈၆) ဦး ရှိပြီး ၎င်းတို့အနက် ရောဂါပိုးကင်းစင်လာသူ (၃၄၅) ဦးနှင့် သေဆုံးသူ (၆)ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

 

Source: MandalayIndepthNews

Read times Last modified on Thursday, 27 August 2020 12:09
Rate this item
(2 votes)