
အကျဘက်ကိုဦးတည်နေတဲ့ယနေ့ကမ္ဘာ့ရွှေဈေးနှုန်းအခြေအနေ google


 


 


 


 


 


 

ခိုင်မာတဲ့စီးပွားရေးအခြေအနေတွေကြောင့် ရင်းနှီးမြှုပ်နှံတဲ့သူတွေက ပိုပြီးတော့စွန့်စားရတဲ့ပိုင်ဆိုင်မှုပစ္စည်းတွေပေါ်မှာရင်းနှီြး့မှုပ်နှံလာကြတဲ့အတွက်

 

ရွှဘက်မှာရင်းနှီးမြှုပ်နှံမှု အနည်းငယ်လျော့ကျသွားတာဖြစ်ပါတယ်။

 


 

<<< Unicode >>>

အကျဘက်ကိုဦးတည်နေတဲ့ယနေ့ကမ္ဘာ့ရွှေဈေးနှုန်းအခြေအနေ


ယနေ့ နိုဝင်ဘာလ (၄) ရက်နေ့အတွက် ကမ္ဘာ့ရွှေဈေးနှုန်းနှင့်ပြည်တွင်းရွှေဈေးနှုန်းအခြေအနေတွေကို ဖော်ပြပေးလိုက်ပါတယ်။


ယနေ့ကမ္ဘာ့ရွှေဈေးနှုန်းအခြေအနေက တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၅၁၂.၀၅ ဒေါ်လာပေါက်ဈေးရှိနေပါတယ်။


ပြီးခဲ့တဲ့အပတ်သောကြာနေ့နဲ့ယှဉ်ကြည့်ပါက ၂.၂၉ ဒေါ်လာကျဆင်းသွားတာဖြစ်ပါတယ်။


ကမ္ဘာ့ရွှေဈေးရဲ့ယနေ့အခြေအနေကတော့ ဈေးကွက်စဖွင့်သည့်အချိန်တည်းက အနည်းငယ်အတက်အကျဖြစ်နေပြီးတော့ အကျဘက်ကို ဆက်လက် ဦးတည်နေတဲ့အနေအထားကိုမြင်တွေ့နေရတာပဲဖြစ်ပါတယ်။


ဒီအခြေအနေကအမေရိကန်နဲ့တရုတ်တို့ရဲ့ကုန်သွယ်ရေးသဘောတူညီချက်ကို ဒီလမှာလက်မှတ်ရေးထိုးနိုင်တဲ့အခြေအနေအပြင် ခိုင်မာတဲ့စီးပွားရေးအခြေအနေတွေကြောင့် ရင်းနှီးမြှုပ်နှံတဲ့သူတွေက ပိုပြီးတော့စွန့်စားရတဲ့ပိုင်ဆိုင်မှု

ပစ္စည်းတွေပေါ်မှာရင်းနှီးြ့မှုပ်နှံလာကြတဲ့အတွက် ရွှေဘက်မှာရင်းနှီးမြှုပ်နှံမှု အနည်းငယ်လျော့ကျသွားတာဖြစ်ပါတယ်။


ပြည်တွင်းရွှေဈေးနှုန်းအခြေအနေကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁၂၂၁၀၀၀ မှာပေါက်ဈေးရှိနေပြီးတော့ ပြီးခဲ့တဲ့စနေနေ့ဈေးနဲ့နှိုင်းယှဉ်ရင် ၅၀၀ ကျပ်တက်သွားတာကိုတွေ့ရပါတယ်။

 

GOLD & JEWELLERY BUYING GUIDE

 

Read times
Rate this item
(0 votes)