ရွှေထည်ပစ္စည်းတွေလုပ်ဖို့ အခေါက်ရွှေကို ဘာတွေနဲ့ ဘယ်လိုရောကြမလဲ?

ရွှေထည်ပစ္စည်းတွေလုပ်ဖို့ အခေါက်ရွှေကို ဘာတွေနဲ့ ဘယ်လိုရောကြမလဲ? Google

အခေါက်ရွှေသည်ပျော့သောကြောင့် ကြေးနီနှင့်ဘော်ပါဝင်နှုန်းများလေလေ ရွှေ၏အရည်အသွေးမှာ ညံ့လေ၊ မာလေ ဖြစ်ပါသည်။

အခေါက်ရွှေကို မီးနဲ့နီရဲလာစေရန် အပူပေးရေထဲသို့ချလျှင်သော်လည်းကောင်း၊ သာမန်လေဖြင့် အအေးခံလျှင်သော်လည်း အဝါရောင်အတိုင်းမပြောင်းလဲပဲမြင်တွေ့ရပါလိမ့်မည်။ ရွှေထည်များဝယ်ယူဝတ်ဆင်ပြီးပါက ပြန်လည်ရောင်းချသောအခါဘောက်ချာပျောက်လျှင်သော်လည်းကောင်း၊ မိမိဝယ်ယူသည့် ဆိုင်မဟုတ်ဘဲ တစ်ခြားဆိုင်သို့ရောင်းလျှင်သော်လည်းကောင်း ဈေးအနှိမ်ခံရပါသည်။

 

အဘယ့်ကြောင့်ဆိုသော် ရွှေထည်တစ်ခုလုပ်တော့မည်ဆိုပါက ဂဟေဆော်ရသည်။ ထိုဂဟောဆော်ရန်အတွက် အထည်လုပ်မည့်ရွှေအမျိုးအစား ၂ ဆကို ကြေးနီနှင့်ဘော် ဆတူဝန်းကျင် ရောစပ်ထားတဲ့ စပ်ခဲ ၁ဆနဲ့ရောစပ်ရပါသည်။ ရွှေထည်တစ်ကျပ်သားဆိုပါက စပ်ခဲ ၁ ရွေးမှစ၍ ၅ ရွေး ၆ ရွေးအထိဝင်ပါသည်။တစ်ခါတစ်ရံ တစ်ပဲဝန်းကျင်သာ အတင်ချိန်ရှိသည့် နားကပ် လက်စွပ်တစ်ခုခုပြုလုပ်ပါကလည်း စပ်ခဲ ၁ရွေး ၂ ရွေးအထိဝင်ပါရပါသည်။နားကပ်တစ်ရံသည် ရွှေချိန်က ၁ပဲသားဆိုလျှင် စပ်ခဲက ၂ရွေးလောက်ဝင်နေပါသည်။ဆိုင်မှကိုယ်ဝယ်ခဲ့စဉ်က ၁ပဲ ဖိုးပေးခဲ့သောကြောင့် ရွှေသည် ၅ ရွေးခွဲပဲကျန်ပါတော့သည်။ အမှန်တကယ်အားဖြင့် ရွှေသားစစ်စစ်သည် ၁ပဲ မပြည့်ဘဲ အလျှော့တွက်လက်ခအတွက် ၃ရွေးလောက်ပေးရပါသည်။



ကိုယ်ဝယ်မည်ဆိုပါက အတင်ချိန်+အလျှော့တွက်လက်ခ ၁၀.၅ရွေးဖိုးပေးခဲ့ရပါသည်။အမှန်တကယ်အားဖြင့် ထိုအထည်တွင် ပါဝင်သည့်ရွှေသည်၅ရွေးခွဲးလောက်ပါပါသည်။ဒါကိုမိမိဝယ်ယူသည့်ဆိုင်တွင် ပြန်ရောင်းမည်ဆိုပါက ရွှေချိန် ၁ပဲ ကို ၁ပဲ ဖိုးအတိုင်း ပြန်ပေးပါသည်။အလျှော့တွက်လက်ခ ၃ ရွေးယူထားတာလျှင်လည်း အထည်မပျက်စီးသေးပါက တစ်ဝက်ဖိုးပြန်ပေးပါသည်။ ထို့ကြောင့် မိမိဝယ်ယူထားသောဆိုင်ကို ပြန်ရောင်းမယ်ဆိုရင် အလျှော့တွက်တစ်ဝက်လောက်ဘဲ ရှုံးပါသည်။အခြားဆိုင်တွင် သွားရောင်းမည်ဆိုပါက ကိုယ်တိုင်လုပ်ထားသည့်အထည်မဟုတ်သောကြောင့် လက်ရှိအထည်၌ ပါဝင်သောရွှေတန်ဖိုးကိုဘဲ တွက်ဝယ်မည်ဖြစ်ပါသည်။

 

ရွှေပါဝင်မှုသည် ၅ ရွေးခွဲလောက်ပဲရှိမည်ဆိုပါက သူတို့အတွက်အမြတ်ကတစ်ခြမ်းလောက်ချန်လိုက်မည်(တစ်ရွေး၏တစ်ဝက်) ရောင်းတဲ့လူအတွက် ၅ ရွေးဖိုးဘဲ ပြန်ရတော့မည်။ ဝယ်ခဲ့စဉ်က ဆယ်ရွေးနဲ့တစ်ခြမ်းရှိလျှင်ငါးရွေးခွဲလောက်ရှုံးသွားမည်။ ရွှေဆိုင်တစ်ဆိုင်အနေဖြင့် မိမိရောင်းလိုက်သောအထည်မိမိဆီပြန်မလာလေ ကြိုတ်လေပင်ဖြစ်ပါသည်။ တချို့သောရွှေဆိုင်များတွင် ရွှေအရည်မပြည့်မှီဘဲ ၁၅ပဲရည်ဆိုရင် ၁၄ပဲရည်လောက်ပဘဲရှိတတတ်ပါသည်။ တစ်ကျပ်သားကို တစ်ပဲ ပိုစပ်ထားသည့်အတွက် တစ်ပဲကို၏ကာလပေါက်ဈေးအပေါ်မူတည်ပါသည်။

 

အကယ်၍ ရွှေဝယ်စုထားချင်ပါက အတုံးလိုက်ဝယ်ထားခြင်းက အလျော့တွက်နဲ့ လက်ခ မရှိသောကြောင့် အကောင်းဆုံးပင်ဖြစ်ပါသည်။

 

Gold & Jewellry Buying Guide

 

Read times
Rate this item
(0 votes)