ကျောက်စိမ်းဝယ်နည်းလမ်းညွှန်

ကျောက်စိမ်းဝယ်နည်းလမ်းညွှန်

ကျောက်စိမ်းတွင်းထွက်နှစ်မျိုးရှိသည်။ ဂျေဒိုက် (Jadeite) နှင့် နက်ဖရိုက် (Nephrite)

ဟူ၍ဖြစ်သည်။ ဂျေဒိုက်သည် ပို၍ရှားပြီး ဈေးပိုကြီးသည်။ ကမ္ဘာပေါ်ရှိ အကောင်းဆုံး  ဂျေဒိုက်များသည်  မြန်မာနိုင်ငံမှ ထွက်ရှိသည်။

အရောင် Colour

ဂျေဒိုက်ကျောက်စိမ်းသည် ခရမ်းပြာနုရောင်၊ လိမ္မော်ရောင်နှင့် အခြားအရောင်များလည်းရှိသည်။ အထင်ရှားဆုံးအရောင်မှာ အစိမ်းရောင်ဖြစ်သည်။ မြစိမ်းရောင်ကျောက်စိမ်းသည် အလင်းပေါက်ဖြစ်ပြီး အင်ပီးရီးယယ် ကျောက်စိမ်းဟုခေါ်သည်။ ခရမ်းပြာနုရောင်ကျောက်စိမ်းသည် အင်ပီးရီးယယ်နောက် တန်ဖိုးဈေးအကြီးဆုံးဖြစ်သည်။ အခြား အစိမ်းရောင်ကျောက်စိမ်းများဖြစ်သော ကင်းဖစ်ရှာကျောက်စိမ်းသည် အစိမ်းဖျော့ရောင်ဖြစ်ပြီး အင်ပီးရီးယယ် ကျောက်စိမ်းထက် အလင်းပေါက်သည်။ အက်ပယ် ကျောက်စိမ်းသည် စိမ်းဝါရောင်ဖြစ်သည်။ မော့စ်အင်စနိုး ကျောက်စိမ်း သည် အရည်လည်သော ကျောက်စိမ်းဖြစ်သည်။ စိမ်းပြာရောင်နှင့် အဖြူရောင်တို့ ရောစပ်ထားသည်။ အစက်အပြောက်လေးများနှင့် အကွက်တို့ ပါသည်။ အရောင်သိပ်သည်းလေ တန်ဖိုးရှိလေဖြစ်သည်။

မျက်နှာပြင်ချောမွေ့မှု Texture

ဂျေဒိုက်ကျောက်စိမ်း၏ မျက်နှာပြင်သည် ကိုင်ကြည့်ချင်စရာကောင်းလောက်အောင် ကြည်လင်ချောမွေ့ သည်။ ဂျေဒီတိုက်၏ မျက်နှာပြင်သည် အကောင်းစား၊ အလတ်စားနှင့် အကြမ်းစားဟူ၍ ၃ မျိုးရှိသည်။ ယင်းတို့မှာ ကျောက်၏ အရွယ်အစားနှင့် မာခြင်းအဆင့်ပေါ်တွင် မူတည်သည်။ ဂျေဒိုက်ကျောက် မျက်နှာပြင်အမျိုးအစားသည် တွင်းဟောင်းနှင့် တွင်းသစ်ဟူ၍ ၂ မျိုးရှိသည်။

ကြည်လင်မှု Transparency

ဂျေဒိုက်ကျောက်စိမ်း၏ ကြည်လင်မှုသည် လုံးဝအပိတ်မှ တစ်ဝက်တစ်ပျက်ဖောက်ထွင်းမြင်ရသည်အထိ ရှိသည်။ အကောင်းဆုံး ဂျေဒိုက်ကျောက်စိမ်းသည် တစ်ဝက်တစ်ပျက် ဖောက်ထွင်းမြင်နေရသော ကျောက်စိမ်း ဖြစ်သည်။ ဆိုလိုသည်မှာ စာပေါ်တွင် ကျောက်စိမ်းတုံးတင်၍ ဖတ်ပါက မှုန်ဝါးဝါးမြင်ရသည်။ တန်ဖိုးအနည်းဆုံး ဂျေဒိုက် ကျောက်စိမ်းများသည် လုံးဝ အလင်းပိတ်ဖြစ်ပြီး တိမ်ရောင်ခွက်များရှိသည်။ အကောင်းဆုံး ဖောက်ထွင်းမြင်ရမှုသည် တစ်ခါတစ်ရံ အရောင်တူညီမှုကို လျော့ပါးစေသည်။

အလေးချိန် Weight

ဂျေဒိုက်၏အရွယ်အစားကို များသောအားဖြင့် မီလီမီတာဖြင့် ဖော်ပြလေ့ရှိသည်။  ကျောက်စိမ်းလုံးချောများ၊  ကျောက်စိမ်းပုတီးများနှင့်  ကျောက်စိမ်းလည်ဆွဲများ၊ ကျောက်စိမ်းလက်ကောက်၊ ကျောက်စိမ်းခြေကျင်းစသည်တို့၏ တန်ဖိုးသည် အခြားအရည်အသွေးများ တူညီပါက အရွယ်အစားပေါ်တွင်မူတည်သည်။

ဖြတ်တောက်ပုံ Cut

အပြစ်အကင်းစင်ဆုံး အရည်အသွေးမြင့် ဂျေဒိုက်ကျောက်စိမ်းများကို များသောအားဖြင့် လုံးချောပုံဖြတ်တောက် လေ့ရှိပြီး လက်စွပ်နှင့် အခြားလက်ဝတ်ရတနာများတွင် အသုံးပြုသည်။

အရောင်တင်ခြင်း Polish

ကျောက်စိမ်း ကွမ် (ဖြတ်တောက်) သူများသည် ဂျေဒိုက်ကျောက်စိမ်းကို သမရိုးကျနည်းအတိုင်း သဲနှင့်ရေ အသုံးပြုကာ ၀ါးလုံးခေါင်းပွဖြင့်ပွတ်၍ အရောင်တင်လေ့ရှိသည်။ အရောင်တင်ခြင်းသည် ဂျေဒိုက်ကျောက်စိမ်းအတွက် အဓိကအရေးပါသည်။ အရောင်တင်မှုကောင်းလေ ကျောက်စိမ်းအရောင်ထွက်လေဖြစ်သည်။ ကြည်လင်သော ကျောက်စိမ်းတွင်းသို့ အလင်းရောင် ဖြတ်သန်းမှုအားကောင်းခြင်းကြောင့်ဖြစ်သည်။ အရောင်တင်ခြင်း၏ အကောင်းဆုံး နည်းမှာ ဂျေဒိုက်ကျောက်စိမ်းပေါ်သို့ အလင်းတန်းဖြတ်သန်းစေပြီး စမ်းသပ်စစ်ဆေးခြင်းတို့ဖြစ်သည်။ သို့ဖြစ်၍ ကျောက်စိမ်းဝယ်ယူသူများသည် ကျောက်စိမ်းတုံးအား လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်ကြခြင်းဖြစ်သည်။  ကောင်းစွာအရောင်တင်ထားသော ကျောက်စိမ်းသည် လိမ္မော်ခွံကဲ့သို့ ဗြုတ်များ အချိုင့်များ မရှိပေ။

Read times Last modified on Tuesday, 18 September 2018 11:19
Rate this item
(2 votes)