ကရကဋ်ရာသီဖွားတို့ ၂၀၂၁ မှာ ဝတ်ဆင်သင့်သော ကျောက်မျက်

ကရကဋ်ရာသီဖွားတို့ ၂၀၂၁ မှာ ဝတ်ဆင်သင့်သော ကျောက်မျက်

၂၀၂၀ သည် ကျွန်ုပ်တို့ အားလုံးအတွက် အကောင်းဆုံးသောနှစ် မဖြစ်ခဲ့ပါ။

 

ကိုဗစ်ကပ်ရောဂါ လှိုင်းလေထန်တဲ့ နှစ်ဖြစ်ခဲ့ပါတယ်။ ဘ၀နေထိုင်မှုပုံစံတွေ ပြောင်းလဲကုန်တဲ့နှစ် တစ်နှစ်အဖြစ် အမှတ်ရနေမှာ ဖြစ်ပါတယ်။

 

ကျွန်ုပ်တို့သည် ၂၀၂၁ ခုနှစ်တွင် လူနေမှု ပုံစံအသစ် ရှုထောင့်အသစ်ဖြင့် အသစ်အစပြုပြီး ဖြတ်သန်းသည့်အခါ သင် မွေးဖွားခဲ့သည့် ရာသီခွင်အရ ၂၀၂၁ ခုနှစ်တွင် အားကိုးအားထား ပြုနိုင်သည့် ကျောက်မျက်ရတနာကို အကြံပြုလိုသည်။

 

ထို့အတွက် ထင်ရှားသောနက္ခတ်ဗေဒင်ပညာရှင်နှင့်ကျောက်ကပ်ပညာရှင် Pankaj Khanna၊ ၏ အကြံပြုချက်ကို တင်ပြထားပါသည်။

 

80084017.jpg

 

Pankaj Khanna သည် ဗေဒင်တတ်ကျွမ်းသော ကျောက်မျက်ပညာရှင်တစ်ဦး ဖြစ်သည့်အပြင် ကျောက်မျက်ရတနာလုပ်ငန်း Gem Selections, Khanna Gems. Pvt. Ltd ကို တည်ထောင်သူ ဖြစ်ပြီး ယခုအခါ ယင်းကျောက်မျက်ရတနာလုပ်ငန်းတွင် ဦးဆောင်ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။

 

သူက မွေးဖွားသည့် ရာသီခွင်အရ ၂၀၂၁ ခုနှစ်တွင် ကောင်းကျိုးပြုမည့် ကျောက်မျက်ရတနာကို ဖော်ထုတ်တင်ပြသည်။

 

ဆယ့်နှစ်ရာသီခွင်တွင် စတုတ္ထ ဖြစ်သော ပုစွန်လုံးပုံ ကရကဋ်ရာသီဖြစ်သော ဇွန်လ ၂၀ ရက်မှ ဇူလိုင်လ ၁၉ ရက်အထိ အတွင်း မွေးဖွားသူများသည် အလိုလို သိသည့်နှယ် ဖြစ်နေတတ်ပြီး လ၏ ဩဇာသက်ရောက်မှုအောက်တွင် ရှိကြသည်။

 

၂၀၂၁ ခုနှစ်တွင် မျောကျောက်သည် သူတို့အတွက် အသင့်တော်ဆုံး ကျောက်မျက် ဖြစ်သည်။ အလုပ်တွင် အောင်မြင်ခြင်း၊ မျက်နှာပန်းလှခြင်းတို့ ရရှိစေမည်။

 

ချစ်ရေးချစ်ရာနှင့် မေတ္တာရေးရာတို့တွင် အဆင်ပြေသော ဘဝအခြေအနေများ ရရှိမည်။ ပင်ကို ရှိထားသည့် အလိုလို သိခြင်းကို ကြံဆဖန်တီးခြင်းများအဖြစ် ပြောင်းလဲစေနိုင်မည်။ စိတ်လှုပ်ခတ် ခံစားမှုများ တည်ငြိမ်စေမည် ဖြစ်သည့်အပြင် နှလုံးခုန်ခြင်းထက် ဦးနှောက်ဖြင့် စဉ်းစားဆုံးဖြတ်ခြင်းများ ဖြစ်ပေါ်စေမည် ဖြစ်သည်။

Read times
Rate this item
(0 votes)