ကျောက်စိမ်း အသွေး အရောင်များ (၃)

ကျောက်စိမ်း အသွေး အရောင်များ (၃) Kyauk Sein

ကျောက်စိမ်းဟာ မြမျိုးနွယ်ဝင်ဖြစ်ပြီး ကျောက်၏ အရည်အသွေး အရောင်အဆင်း (၃၄)မျိုးရှိသည်။

 

အမျိုးအစားအများကြီးထဲမှ အရောင်ပျော့လွန်းသော ဖြူရော်ရော် ခြောက်တောက်အစိမ်းရောင်မျိုးရှိသည့် တတိယတန်းစား ကျောက်စိမ်းအမျိုးအစားမျာကို Gold & Jewellery ပရိတ်သတ်ကြီးကို မျှဝေပေးလိုက်ပါတယ်။

 

 

(က) အစိမ်းပုပ်ရောင်

ကျောက်စိမ်းကျောက်ရည်မမှန်ဘဲ မှိုင်းမှိုင်းညို့နေသော အရောင်မျိုးဖြစ်သည်။

 

(ခ) သစ်ရွက်စိမ်းရောင်

ကျောက်စိမ်း၏အရောင်သည် မတောက်မပသော သစ်ရွက်စိမ်းကဲ့သို့ အရောင်မျိုးဖြစ်သည်။

 

(ဂ) ပဲစိမ်းရောင်

ပဲစိမ်းရောင်ကို တရုတ်လူမျိုးတို့က “တိုလုရွှေ” ဟု ခေါ်ကြ၏ အစိမ်းရောင်ရှိသော ပဲသီး၏ အရောင်မျိုးဖြစ်သည်။

 

(ဃ) သခွားရောင်

ကျောက်စိမ်း၏အရောင်သည် သခွားအခွံ၏ အရောင်မျိုးဖြစ်သည်။

 

(င) သစ်သော့ရောင်

ကျောက်စိမ်းကျောက်သား၏ အရောင်သည် မွဲခြောက်ခြောက် သစ်သော့သီးအခွံ၏ အရောင်မျိုးဖြစ်သည်။

 

 

Ref: Kyayk Sein

Read times Last modified on Tuesday, 03 November 2020 16:30
Rate this item
(1 Vote)
Tagged under