ကျောက်စိမ်း အသွေး အရောင်များ (၂)

ကျောက်စိမ်း အသွေး အရောင်များ (၂) Kyauk Sein

ကျောက်စိမ်းဟာ မြမျိုးနွယ်ဝင်ဖြစ်ပြီး ကျောက်၏ အရည်အသွေး အရောင်အဆင်း (၃၄)မျိုးရှိသည်။

 

အမျိုးအစားအများကြီးထဲမှ ဒုတိယတန်းစား ကျောက်စိမ်းအမျိုးအစားမျာကို Gold & Jewellery ပရိတ်သတ်ကြီးကို မျှဝေပေးလိုက်ပါတယ်။

 

 

(က) ကျေးငှက်တောင်၏အရောင်

အစိမ်းရောင်ရှိသော ကျေးငှက် (ကြက်တူရွေး)၏ အတောင်မှ အရောင်ကဲ့သို့ အစိမ်းရှိသည့် ကျောက်စိမ်းကိုဆိုလိုပါသည်။

 

(ခ)မုန်ညင်းရောင်

မုန်ညင်းရောင် ကျောက်စိမ်းကို တရုတ်လူမျိုးတို့က “ကတန်လု”ဟု ခေါ်ကြ၏။ အစိမ်းရောင်ထဲတွင် အပြာ၊အဝါ၊ အနီရောင်များ ရောဝင်နေသည်။

 

(ဂ) ကြက်သွန်မြိတ်ရောင်

ကျောက်စိမ်း၏ အရောင်သည် ကြက်သွန်မြိတ်၏ အစိမ်းရောင်ပျော့ပျော့မျိုးကို ဆိုပါသည်။

 

(ဃ) ဖတ်ဖူးရောင်

ကျောက်စိမ်း၏အရောင်သည် ငှက်ပျောညွန့်၏ အစိမ်းရောင်မျိုးဖြစ်သည်။

 

(င) ဝါးကြောအရောင်

ကျောက်စိမ်း၏ အရောင်သည် ဝါးကြောကဲ့သို့ စိမ်းနေခြင်းကို ဆိုပါသည်။

 

 

 

Ref: Kyayk Sein

 

 

 

Read times Last modified on Thursday, 29 October 2020 15:03
Rate this item
(0 votes)
Tagged under