ဂေါ်မုတ်(ခေါ်)ဂေါ်မိတ်ကျောက် အကြောင်းသိကောင်းစရာ...

ဂေါ်မုတ်(ခေါ်)ဂေါ်မိတ်ကျောက် အကြောင်းသိကောင်းစရာ... google


 


 


 


 


 


 


 


 

၎. ဝတ်ဆင်ထားသူအား အန္တရာယ်တစ်ခုခု ကျရောက်ခါနီးတွင် သတိပေးတတ်ခြင်း ( ဥပမာ- ကျောက်အရောင် ရုတ်တရက် ပြောင်းလဲသွားခြင်း )

 


 


 


 


 


 

 

 

(Unicode ဖြင့်ဖတ်ရန်)

 

ဂေါ်မုတ်ကျောက်ဟာ မာခြင်းအဆင့် ၆ မှ ၇.၅ အထိရှိပြီး အလင်းပြန်မှုအားကောင်းတဲ့ကျောက်တစ်မျိုးဖြစ်ပါတယ်။အပြာရောင်ရှိတဲ့ ဂေါ်မုတ်ကျောက်ကိုတော့ အလွန်ရှားပါးစွာ တွေ့ရတတ်ပါတယ်။

 

အနီရောင် ဂေါ်မုတ်ကျောက်ဟာ ပတ္တမြားနဲ့ ဆင်ဆင်တူတဲ့အတွက် ကျွမ်းကျင်သူများပင် ပတ္တမြားနဲ့ မှားယွင်းတတ်ကြသော်လည်း တကယ်တမ်းမှာပတ္တမြားနဲ့မတူတဲ့ ကွဲပြားချက်များစွာ ရှိပါတယ်လို့ သိရပါတယ်။

 

ဂေါ်မုတ်ကျောက်ကို အနီရောင်၊ ခရမ်းရောင်၊ အညိုရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ အရောင်မဲ့၊ အနက်ရောင်စတဲ့ အရောင်များအထိ တွေ့ရတတ်ပြီး

 

စကော့တလန်၊ ဆွဇ်ဇာလန်၊ တန်ဇန်နီးယား၊ အယ်လ်ဂျီးယား၊ သြစတြေးလျား၊ ဘရာဇီလ်း၊ တောင် အာဖရိက၊ မြန်မာ၊ အမေရိက( အရီဇိုးနားပြည်နယ်) တို့မှာ ရှာဖွေတွေ့ရှိရပါတယ်။

 

ဂေါ်မုတ်ကျောက်ရဲ့ အစွမ်းသတ္တိများမှာ

 

၁. စိတ်ကိုအေးချမ်းစေခြင်း

 

၂. ဖန်တီးနိုင်စွမ်းအားကို မြင့်မားစေခြင်း

 

၃. ဂုဏ်ကျက်သရေကို တိုးပွားစေခြင်း

 

၄. ဝတ်ဆင်ထားသူအား အန္တရာယ်တစ်ခုခု ကျရောက်ခါနီးတွင် သတိပေးတတ်ခြင်း ( ဥပမာ- ကျောက်အရောင် ရုတ်တရက် ပြောင်းလဲသွားခြင်း )

 

၅. ဘေးအန္တရာယ်တို့မှ ကာကွယ်ပေးနိုင်ခြင်း

 

၆. တရားမျှတမှုရှိခြင်း၊ ကိုယ်ချင်းစာစိတ်ရှိခြင်း၊ ရိုးသားခြင်းတို့ကို တွန်းအားပေးခြင်း

 

၇. အခြားသူများထံမှ ကိုယ်ချင်းစာနာစိတ်တို့ကို အလွယ်တကူရရှိစေနိုင်ခြင်း

 

၈. ဆင်းရဲဒုက္ခ အခက်အခဲများကို ကြံ့ကြံ့ခံနိုင်ရန် ခွန်အားပေးခြင်း

 

၉. မကောင်းသော အောက်လမ်းနည်းများဖြင့် ပြုစားခြင်းမှ ကာကွယ်ပေးခြင်း စသည့် အစွမ်းသတ္တိတို့ရှိကြောင်း သိရပါတယ်။

 

Myanmar Wedding Guide

 

jjjj

Read times
Rate this item
(0 votes)
Tagged under