"ကျောက်မျက်ရတနာတို့၏ အစွမ်းသတ္တိများ အပိုင်း-၁"

"ကျောက်မျက်ရတနာတို့၏ အစွမ်းသတ္တိများ အပိုင်း-၁"

ကျောက်မျက်ရတနာဟုဆိုပြောလိုက်သည်နှင့် အဖိုးတန်ပစ္စည်းဖြစ်ကြောင်း လူတိုင်းသိကြပါသည်။ ကျောက်မျက်ရတနာတို့မည်သည် သူ့သဘာဝနှင့်သူ၊ သူ့ဓာတ်နှင့်သူ ထူးကဲသော အစွမ်းသတ္တိမျာ းရှိကြသည်။ ထို့ကြောင့်လူတို့အား အကျိုးပြုသော ကျောက်မျက်ရတနာများ၏ အစွမ်းသတ္တိတို့ကို လေ့လာမိသလောက် မျှဝေလိုက်ပါသည်။

 

Amethyts.jpg၁။ခရမ်းစွဲကျောက်(Amethyts)

ခရမ်းရောင်သန်းနေသော ကျောက်ဖြစ်၏။သစ္စာခိုင်မြဲခြင်း၊မူးယစ်ခြင်းဝေဒနာတို့ကို ကာကွယ်ပေးနိုင်သော အစွမ်းသတ္တိရှိသည်။

 

 

ပယင်း အလှကုန်၊ ဆေးဝါး အွန်လိုင်း ...၂။ပယင်းကျောက်(Amber)

မျှော်လင့်ထားသည့်အရာမှန်သမျှ ပြီးမြောက်ပြည့်စုံအောင်မြင်နိုင်စွမ်းရှိ၏၊ကြိုးစားမှုရှိလျှင်ရှိသလောက် အောင်မြင်စေသောအစွမ်းသတ္တိရှိသည်။

 

Men's Bloodstone Cuban Leaf Stone Ring | England Made Me၃။နဂါးသွဲ့ကျောက်(Blood Stone)

သတ္တိရှိစေ၏။တိုက်ပွဲထွက်သည့်အခါ ဆောင်ထားပါက အောင်မြင်နိုင်၏။ ဒဏ်ရာရပါလျှင်လည်း သွေးအမြန်တိတ်စေ၏။ မမျှော်လင့်သော ဘေးအန္တရယ်၊ ရောဂါကပ်ဆိုးတို့မှ ကင်းလွတ်စေနိုင်သော အစွမ်းသတ္တိရှိ၏။

 

 

Le Béryl

 

၄။မျက်ရွဲ(Beryl)

အဝါရောင် သလင်းကျောက်အမျိုးအစားဖြစ်၏။မကောင်းသောသတင်းဆိုး၊ကောလဟာလသတင်းများ မကြားရအောင် ကာကွယ်ပေးနိုင်စွမ်းရှိ၏။

 

Facts About Polychrome Jasper: Meanings, Properties, and Benefits ...၅။ဂျက်စပါကျောက်(Jaspen)

မိမိပရောဂကြောင့်တစ်ပါးသူအန္တရာယ်မကျရောက်စေရန်အကာအကွယ်ပေး၏။ကုသိုလ်ပြုရာ၌ ထူးခြားထက်မြက်သော ကျောက်အမျိုးအစားဖြစ်၏။

 

 

Black Agate Tumbled - 1.99 – Crystal Medicine

၆။မဟူရာကျောက်(Omyx)

မြွေနှင့်အဆိပ်ရှိသတ္တဝါတို့ဘေးမှ ကာကွယ်ပေးနိုင်စွမ်းရှိ၏။အိမ်ထောင်ရေးသုခကို အပြည့်အဝရရှိစေနိုင်သော ကျောက်အမျိုးအစားဖြစ်၏။

 

 

How to Bend A Diamond | Discover Magazine

၇။စိန်ကျောက်(Diamond)

မာကြောသောအစွမ်းသတ္တိရှိ၏။အင်အားကိုတောင့်တင်းစေ၏။ရိုးသားဖြူစင်စိတ်ကို ဖြစ်ပေါ်စေနိုင်၏။

 

စိတ်ဝင်စားစရာကောင်းတဲ့ ကျောက်မျက်ရတနာလေးတွေရဲ့ အကြောင်းကို နောက်ထပ် စုံလင်စွာ‌ ဖော်ပြပေးသွားမှာ ဖြစ်လို့ Gold & Jelly page လေးမှာ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။

 

 

Source: wikipedia

Read times Last modified on Sunday, 02 August 2020 00:06
Rate this item
(1 Vote)