ဟန်းနီးမွန်းမသွားခင် အသားအရေလေးကိုဘယ်လိုထိန်းသိမ်းသင့်သလဲ...

ဟန်းနီးမွန်းမသွားခင် အသားအရေလေးကိုဘယ်လိုထိန်းသိမ်းသင့်သလဲ... google

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ရဲ့ သတို့သမီးလေးတွေကို ဟန်းနီးမွန်းမသွားခင် အသားအရေလေးကိုဘယ်လိုထိန်းသိမ်းသင့်သလဲဆိုတာဝေမျှဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

(1) ရေများများသောက်ပါ။

ဒါကတော့ အကြိမ်ပေါင်များစွာကြားဖူးပြီးသားဖြစ်မှာပါနော်။ခန္ဓာကိုယ်ကရေဓာတ်ပြည့်ဝနေမှသာလျှင် အသားအရေထိန်းသိမ်းမှုတွေပြုလုပ်တဲ့အခါမှာ

အကျိုးသက်ရောက်မှုအားကောင်းမှာဖြစ်တာကြောင့် တစ်နေ့ကို ရေဖန်ခွက်၈ခွက်လောက်ကိုပုံမှန်သောက်သုံးပေးသင့်ပါတယ်။

(2) ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံကို စားသောက်ပါ။

စားသောက်မှုပုံစံကိုမှန်ကန်စွာရွေးချယ်စားသောက်ခြင်းကလည်း အခြေခံအလှအပရေးရာထိန်းသိမ်းမှုတစ်ရပ်ပါပဲ။

အသားအရေအတွက်အာဟာရဓာတ်တွေကိုပေးစွမ်းပေးနိုင်မယ့်ဥအမျိုးမျိုး၊သစ်သီး၊ငါးနဲ့အစိမ်းရောင်အရွက်တွေစတဲ့အစားအသောက်တွေကိုရွေးချယ်စားသုံးပေးသင့်ပါတယ်။

(3) Skincare Products တွေကို မှန်ကန်စွာရွေးချယ်သုံးစွဲပါ။

ဈေးကွက်ထဲမှာ Skincare Product တွေများစွာရှိနေပေမယ့်လည်း ကိုယ်နဲ့တကယ်အသုံးတည့်မယ့်ပစ္စည်းကိုဝယ်ယူသုံးစွဲနိုင်ဖို့တော့ အချိန်တစ်ခုပေးပြီးရွေးချယ်သင့်ပါတယ်နော်။

ကိုယ့်အသားအရေအမျိုးအစားနဲ့လိုအပ်ချက်ကို သိထားသင့်သလို Skincare Product တွေဝယ်ယူတိုင်း အညွှန်း၊ပါဝင်

ပစ္စည်းနဲ့အသုံးပြုပုံတွေကိုသေချာစွာဖတ်ကြည့်ပြီးမှယ်ယူစေချင်ပါတယ်။

(4) နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့မှုမှကာကွယ်နေထိုင်ပါ။

ကိုယ်သွားမယ့် ဟန်းနီးမွန်းခရီးစဉ်လေးအတွက်သာမက ကိုယ့်ရဲ့နေ့စဉ်သွားလာမှုတွေအတွက်မဖြစ်မနေသုံးစွဲပေးသင့်တဲ့ အရာကတော့ Suncream ပဲဖြစ်ပါတယ်။အနည်းဆုံး SPF 30 ပါဝင်တဲ့ Suncream ကိုသုံးစွဲပေးပါ။

(5) မိတ်ကပ်တွေကိုတတ်နိုင်သလောက်လျှော့လိမ်းပါ။

မိန်းကလေးဖြစ်တာကြောင့် မိတ်ကပ်လုံးဝမလိမ်းဘဲတော့ နေနိုင်မှာမဟုတ်ပါဘူး။ဒါပေမယ့် မိတ်ကပ်ထက် Skincare ကိုပိုအချိန်ပေးပြီးပြုလုပ်ပေးပါနော်။

Reference: thepinkbride.com

Car,Truck Rental (669) ခုကို သိရှိလိုပါက နှိပ်ပါ

 

Zawgyi ဖြင့်ဖတ်ရန်...


(1) ရေများများသောက်ပါ။













 

Myanmar Wedding Guide

 

jjjj

 

Read times Last modified on Tuesday, 18 February 2020 10:50
Rate this item
(0 votes)
Tagged under