အောက်တိုဘာလအတွင်း ဟန်းနီးမွန်း သွားသင့်တဲ့ နေရာ(၄)ခု

အောက်တိုဘာလအတွင်း ဟန်းနီးမွန်း သွားသင့်တဲ့ နေရာ(၄)ခု google.com

အောက်တိုဘာလက မိုးရွာမှာ စိတ်ပူစရာမလိုဘဲ မနက်ခင်းဆို ရာသီဥတုအေးအေးလေး ဖြစ်နေတာမို့ ဟန်းနီးမွန်းထွက်လို့ အကောင်းဆုံး အချိန်ကာလလေးဖြစ်နေမှာ သေချာပါတယ်။

 

သတို့သား၊ သတို့သမီးလေးတို့ရေ မင်္ဂလာပွဲလေး ကျင်းပပြီးပြီဆိုရင်တော့ အပန်းပြေအောင် အပန်းဖြေတဲ့အနေနဲ့ ဟန်းနီးမွန်းလေး သွားသင့်ပါတယ်နော်။ ဟန်းနီးမွန်းဆိုတာက အမှတ်တရဖြစ်ပြီး အပန်းလည်းပြေဖို့ လိုတာမို့ နေရာနဲ့အချိန် အရွေးမှန်ဖို့ လိုပါတယ်။ စုံတွဲလေးတို့ရေ အောက်တိုဘာလဆိုတာက မိုးအကုန် ဆောင်းအဝင် ဖြစ်တာကြောင့် မိုးရွာမှာစိတ်ပူစရာမလိုဘဲ မနက်ခင်းဆို ရာသီဥတုအေးအေးလေး ဖြစ်နေတာမို့ ဟန်းနီးမွန်းထွက်လို့ အကောင်းဆုံး အချိန်ကာလလေးဖြစ်နေမှာ သေချာပါတယ်။ ဒီလိုမျိုး ရာသီဥတုသာယာတဲ့ အောက်တိုဘာလလေးမှာ ဘယ်နေရာတွေကို ဟန်းနီးမွန်းသွားရင် အကောင်းဆုံး ဖြစ်မလဲဆိုတာပြောပြပေးပါမယ်။

 

 

ပုဂံ

 

စုံတွဲလေးတို့ရေ ပြည်တွင်းမှာဆိုရင်တော့ ပုဂံကို မေ့ထားလို့ မရဘူးနော်။ ပုဂံမှာဆိုရင် အောက်တိုဘာလမှာ နေထွက်ချိန်ရော နေဝင်ချိန်ပါ ကြည့်ဖို့ အဆင်ပြေပါပြီ။ မနက်ခင်းဆို နေပူတာ သိပ်မပြင်းဘူးဆိုတော့ နေထွက်ချိန်ကြည့်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ ဘုရားတွေ အတူတူဖူးရင်း ကုသိုလ်ပြုနိုင်သလို ခုနောက်ပိုင်းမှာ လက်ပန်းချီလည်း ဆင်တူလေးတွေဆွဲပြီး အမှတ်တရတွေဖန်တီးနိုင်ပါသေးတယ်။ ရှေးခတ်က လက်ရာလေးတွေလည်း လေ့လာနိုင်ပါတယ်။ E-bike လေးနဲ့လည်း လည်ပတ်နိုင်ပါသေးတယ်နော်။

 

 

ပြင်ဦးလွင်

 

ပြင်ဦးလွင်ကတော့ အေးချမ်းတဲ့ပန်းမြို့တော်လေးဖြစ်တဲ့အတွက် စုံတွဲလေးတိုင်း နှစ်ခြိုက်ကြမှာ သေချာပါတယ်။ အောက်တိုဘာလမှာဆိုရင် ပြင်ဦးလွင်ဘက်မှာ ပိုပြီးချမ်းအေးမှာဖြစ်တဲ့အတွက် စုံတွဲလေးတို့ နွေးထွေးတဲ့ အချစ်တွေနဲ့ လွှမ်းခြုံပြီး ဟန်းနီးမွန်းခရီးစဉ်လေး ဖန်တီးလို့ ရနိုင်မှာပါနော်။ ကန်တော်ကြီးပန်းခြံထဲမှာလည်း အမှတ်တရဓါတ်ပုံလေးတွေ ရရှိနိုင်မှာမို့ ပျော်စရာအကောင်းဆုံး ပျားရည်ဆမ်း ဖြစ်မှာပါ။

 

 

ကလော

 

ကလောမှာဆိုရင်တော့ လက်ဖက်ခင်းစိမ်းစိမ်းလေးတွေ၊ ထင်းရှူးပင်တွေရဲ့ စိမ်းလန်းအေးမြခြင်းတွေကို ခံစားရနိုင်မှာဖြစ်ပြီး သဘာဝအငွေ့အသက်တွေ အပြည့်အဝ ရရှိမှာပါနော်။ ကြင်ခါစ ဇနီးမောင်နှံတို့အတွက် တကယ့်ကို romantic ဖြစ်စေမယ့် နေရာပါပဲ။ ချမ်းအေးတဲ့ မြို့လေးမှာ မနက်ခင်းနှစ်ယောက်အတူတူ လမ်းလျှောက်ထွက်တာ၊ စက်ဘီးပတ်စီးတာမျိုး လုပ်နိုင်သလို ဒေသထွက် အစားအစားလေးတွေလည်း မြည်းစမ်းလို့ ရပါသေးတယ်။ ကလောနေရာလေးက ဇနီးမောင်နှံတို့အတွက် အကောင်းဆုံး ဟန်းနီးမွန်း နေရာလေးပဲ ဖြစ်မှာ သေချာပါတယ်။

 

 

ကမ်းခြေ

 

ပြည်တွင်းမှာဆိုရင်တော့ ကမ်းခြေက ချောင်းသား၊ ငွေဆောင်၊ ငပလီ၊ ကဗျာဝ၊ ထားဝယ်ဘက်က ကမ်းခြေတွေ ရှိပြီး ရွေးချယ်စရာတွေက အများကြီးမှ အများကြီးပါပဲ။ အောက်တိုဘာလမှာဆိုရင် မိုးကုန်ပြီမို့ ကမ်းခြေရေတက်တာတွေ၊ မုန်တိုင်းရှိတာတွေ မရှိတော့ဘူးဆိုတော့ ပျားရည်ဆမ်းအတွက် ကမ်းခြေက အကောင်းဆုံး နေရာလေးပါပဲ။ မင်္ဂလာပွဲမှာ ပင်ပန်းခဲ့သမျှ အေးအေးဆေးဆေးလေး နားလို့ရမယ့် နေရာပါ။

 

စုံတွဲလေးတို့ရေ အောက်တိုဘာလအတွင်း ဟန်းနီးမွန်းအတွက် နေရာ() ခုကို သိထားပြီးပြီဆိုတော့ ရွေးချယ်လို့ ရလောက်ပါပြီ။ ဟန်းနီးမွန်းမှာ အပျော်ရွှင်ရဆုံး ဖြစ်ဖို့အတွက် သေချာလေးတော့ စီစဉ်သွားပါနော်။

 

 

Credit.Marry

Read times Last modified on Tuesday, 16 October 2018 16:28
Rate this item
(1 Vote)