အသစ်စက်စက်ဇနီးလေးတို့ ဟန်းနီးမွန်းထွက်ရင် ဘာတွေသယ်သွားမလဲ

အသစ်စက်စက်ဇနီးလေးတို့ ဟန်းနီးမွန်းထွက်ရင် ဘာတွေသယ်သွားမလဲ google.com

ဟန်းနီးမွန်းခရီးစဉ်ဆိုတာက ကြိုတင်ပြင်ဆင်ပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် ဟန်းနီးမွန်းထွက်ရင် ဘာတွေသယ်သွားရမလဲဆိုတာ သိထားသင့်ပါတယ်နော်။

 

စုံတွဲလေးတို့အနေနဲ့ မင်္ဂလာဆောင်ပွဲပြီးရင် ဟန်းနီးမွန်းထွက်ကြတယ်မလား၊ ခုလိုမျိုး သီတင်းကျွတ်ရာသီမှာ မင်္ဂလာပွဲလေးကျင်းပပြီးပြီဆိုရင်တော့ စုံတွဲလေးတို့ ဟန်းနီးမွန်းထွက်ဖို့ ပြင်ဆင်ရမှာပါ။ ဟန်းနီးမွန်းခရီးစဉ်ဆိုတာက ကြိုတင်ပြင်ဆင်ပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် ဟန်းနီးမွန်းထွက်ရင် ဘာတွေသယ်သွားရမလဲဆိုတာ သိထားသင့်ပါတယ်နော်။

 

 

အထုပ်အပိုး

 

အသစ်စက်စက် ဇနီးတို့ရေ ဟန်းနီးမွန်းထွက်တယ်ဆိုတာ ခရီးထွက်တာဆိုပေမယ့် အမှတ်တရတွေ ဖန်တီးရမှာတွေတော့ များပါတယ်။ ကိုယ်ချစ်တဲ့သူကို စတင်ပိုင်ဆိုင်ရတဲ့ အချိန်ကာလတွေမှာ သွားရတာဆိုတော့ ပိုပြီး ရင်ခုန်စရာ ကောင်းပါတယ်။ အဝတ်အစားတွေ လုံလုံလောက်လောက် သယ်သွားပါ။ အကယ်လို့များ ရက်ပိုပြီး နေရတာ၊ အကြောင်းတစ်စုံတစ်ရာကြောင့် အဝတ်အစား ပိုပြီးလဲရတဲ့အခါ မလောက်ငှတာမျိုး ဖြစ်နိုင်ပါတယ်။ သွားမယ့် ခရီးစဉ်ပေါ်မူတည်ပြီး လိုက်ဖက်တဲ့ အဝတ်အစားပဲ သယ်ပါ။ ဟန်းနီးမွန်းမှာ ပျော်ရွှင်ရဖို့ဆိုရင် အထုပ်အပိုးတွေ အများကြီး မသယ်ပါနဲ့။ အထုပ်အပိုးတွေကို ဂရုစိုက် အာရုံစိုက်နေရရင် မပျော်ရွှင်နိုင်ပါဘူး။

 

 

အလှပြင်ပစ္စည်း

 

ဇနီးလေးတို့ရေ ဒီအချိန်က အလှဆုံးအချိန်နဲ့ အပျော်ဆုံးအချိန်ဖြစ်ရမှာ ဖြစ်တာကြောင့် အလှပြင်ဖို့ လိုပါတယ်နော်။ အလှပြင်ပစ္စည်းလေးတွေ သယ်သွားပါ။ အများကြီးတော့ မဟုတ်ဘူးပေါ့နော်။ နှုတ်ခမ်းနီဆိုရင်လည်း အများဆုံး() ချောင်းလောက်ပဲ သယ်ပါနော်။ Skin care လေးတွေလည်း သယ်သွားပါ။ ဘယ်လိုခရီးစဉ်ပဲ ဖြစ်ဖြစ် နေပူထိတာမျိုး ဖြစ်နိုင်တာကြောင့် Sunscreen ယူသွားဖို့ မမေ့ပါနဲ့။

 

 

အမျိုးသမီးလစဉ်သုံးပစ္စည်း

 

ဇနီးလေးတို့ရေ မိန်းကလေးတွေမှာ တစ်လတစ်ခါ ရာသီလာခြင်းကိစ္စက ရှိနေတာပဲ မဟုတ်လားနော်။ အကယ်လို့ ဟန်းနီးမွန်းသွားမယ့်ရက်က ရာသီလာခါနီးရက်နဲ့ တိုက်တယ်ဆိုရင်တော့ အမျိုးသမီးလစဉ်သုံးပစ္စည်းလေးတွေ သယ်သွားပါနော်။ ဟိုမှာ ရှာဝယ်ရခက်မှာစိုးတာကြောင့်ပါ။

 

 

ဆေးဝါးများ

 

ဟန်းနီးမွန်းထွက်တာက လမ်းခရီးသွားတာပဲ ဖြစ်တာကြောင့် ဆေးဝါးလေးတွေ သယ်သွားပါ။ သောက်နေကျဆေးတွေအပြင် လိမ်းဆေးလိုမျိုးတွေရောပေါ့။ နောက်တစ်ခုကတော့ ကိုယ်ဝန်ချက်ချင်း မယူသေးဘူးဆိုရင်လည်း စုံတွဲလေးတို့တိုင်ပင်ပြီး ကိုယ်ဝန်တားဆေးနဲ့ပတ်သက်ပြီး ဘယ်လိုဆေးဝါးသုံးမယ်ဆိုတာ ကြိုတင်ပြင်ဆင် ယူဆောင်သွားရမှာပါနော်။

 

 

Accessories

 

အသစ်စက်စက် အိမ်ထောင်ရှင်မလေးတို့ရေ Accessories လေးတွေသယ်သွားဖို့ မမေ့ပါနဲ့နော်။ ခြေအိတ်၊ ဆံပင်ညှပ်တဲ့ ကလစ်စတာလေးတွေအပြင် ပေါ့ပေါ့ပါးပါးရှိတဲ့ ဖိနပ်ပဲ သယ်ပါနော်။ ညအိပ်ဝတ်စုံ လှလှလေး သယ်ဖို့ လုံးဝမမေ့ပါနဲ့နော်။ ဟန်းနီးမွန်း ကာလလေးမှာ Romantic လေးဖြစ်ဖို့ လိုတာကြောင့်ပါ။

 

ဟန်းနီးမွန်းထွက်မယ့် အသစ်စက်စက် ဇနီးလောင်းလေးတို့ သယ်သွားမယ့်ပစ္စည်းတွေကို သေချာလေး စာရင်းလုပ်ပါ။ ဒါမှ မကျန်ခဲ့မှာပါ။ ခရီးရောက်မှ ဟိုဟာ မပါလာလို့၊ ဒီဟာ မယူလာမိလို့ဆိုပြီး ပူပင်ရတာမျိုး ဖြစ်တတ်တာကြောင့်ပါ။ ဟန်းနီးမွန်း ကာလလေး ပျားရည်ပမာ ချိုမြိန်သာယာစေဖို့ စုံတွဲလေးလို့ သွားမယ့်ခရီးစဉ်ရဲ့ Review လေးတွေ များများဖတ်ပါလို့ အကြံပေးလိုက်ပါတယ်နော်။

 

 

Credit;Marry

Read times Last modified on Monday, 29 October 2018 16:14
Rate this item
(1 Vote)