ပျားရည်ဆမ်းခရီးလေးအတွက် အရေးကြီးတဲ့အချက်လေးတွေ

ပျားရည်ဆမ်းခရီးလေးအတွက် အရေးကြီးတဲ့အချက်လေးတွေ google.com

ပျားရည်ဆမ်းခရီးမှာ အများကြီး မမျှော်လင့်ပါနဲ့။ ဘဝမှာ အကောင်းဆုံးခရီး ဖြစ်နေရမယ်တို့ ဘာတို့ကို အများကြီး မမျှော်လင့်ထားပါနဲ့။

  • မင်္ဂလာပွဲပြီးတာနဲ့ဟန်းနီးမွန်းလေးကတော့လာပါပြီနော်။ဒီလိုကြည်နူးစရာကောင်းလှတဲ့အချိန် အခိုက်အမတန့်လေးအတွက် ဘယ်လိုအချက်တွေက အရေးကြီးဆုံးဖြစ်မလဲဆိုတာကို ပြောပြပေးပါမယ်။
  • ပျားရည်ဆမ်းခရီးအတွက် ကုန်ကျစရိတ်ကို မင်္ဂလာပွဲ မတိုင်ခင်ကတည်းက ကြိုတင် စုဆောင်းထားပါနော်။
  • နှစ်ယောက်လုံး သဘောကျတဲ့နေရာကိုပဲ ရွေးချယ်ပါ။ တစ်ယောက် သဘောကျတဲ့နေရာကို ကျန်တစ်ယောက်က သဘောမကျဘဲ လိုက်လျောပြီး ပျားရည်ဆမ်းခရီးသွားဖို့ မရွေးလိုက်ပါနဲ့နော်။ကြိုတင် မှန်းထားတာထက် ပိုပြီး မသုံးမိပါစေနဲ့။ 
  • မင်္ဂလာပွဲမှာ ရခဲ့တဲ့လက်ဖွဲ့ငွေတွေကို ပျားရည်ဆမ်းခရီးအတွက် မသုံးလိုက်မိပါစေနဲ့နော်။ လက်ဖွဲ့ငွေ ဆိုတာကတော့ မင်္ဂလာပွဲအတွက် ကုန်ကျစရိတ်တွေကို ပြန်ကာမိဖို့နဲ့ မိသားစု နောင်ရေးအတွက် လိုအပ်တဲ့အရာတွေမှာ အသုံးပြုရမှာဖြစ်လို့ ပျားရည်ဆမ်းခရီးလေးမှာ မသုံးလိုက်မိပါစေနဲ့။
  • သွားမယ့်နေရာကို ရွေးချယ်တဲ့အချိန်မှာလည်း သွားဖူးတဲ့သူတွေကို အရင်ကြိုမေးမြန်းပါ။
  • ပျားရည်ဆမ်းခရီးမှာ အများကြီး မမျှော်လင့်ပါနဲ့။ ဘဝမှာ အကောင်းဆုံးခရီး ဖြစ်နေရမယ်တို့ ဘာတို့ကိုအများကြီးမမျှော်လင့်ထားပါနဲ့။တကယ်တန်း တွေ့ကြုံရတဲ့အချိန်မှာ မျှော်လင့်ထားသလို မဖြစ်လာရင် ခံနိုင်ရည်မရှိမှာ စိုးရလို့ပါ။
  • အိမ်မှာ နားဖို့ အချိန် အတွက် တစ်ရက်ထားပေးပါ။ ဒီအချက်ကတော့ အရေးကြီးတဲ့အချက် တစ်ချက်ပဲ ဖြစ်ပါတယ်။ဟန်းနီးမွန်းအတွက်ရတဲ့အချိန်တွေထဲကတစ်ရက်ကိုအိမ်မှာနားဖို့ထားထားပါ။ဥပမာအလုပ်ကခွင့်(၅)ရက်ရတယ်ဆိုရင်(၅)ရက်လုံးခရီးသွားတာမျိုးမလုပ်ပါနဲ့။လေးရက်သွားပြီး ကျန်တစ်ရက်ကို အိမ်မှာ ပြန်နားပါ။ ဒါမှ အလုပ်ပြန်ဝင်တဲ့အချိန်မှာ အဆင်ပြေမှာပါ။ ရတဲ့နေ့တွေ အကုန်လုံးကို ခရီးသွားလိုက်မယ်ဆိုရင် ခရီးပန်းပြီး အဆင်မပြေနိုင်ပါဘူးနော်။
  • ခရီးအတွက် လိုအပ်တဲ့အရာတွေကို သေချာပြင်ဆင်ပါ။ သေချာ မပြင်ဆင်သွားရင်တော့ ဟိုကျမှ ဟိုဟာလိုတယ်။ ဒီဟာလိုတယ်ဆိုရင်ဘယ်လိုမှအဆင်မပြေနိုင်လို့ပါ။
  • ပြောပြပေးတဲ့အချက်လေးတွေကိုပျားရည်ဆမ်းခရီးမသွားခင်လေးမှာသိထားပေးပြီးဇနီးမောင်နှံလေးတိုင်းအကောင်းဆုံးပျားရည်ဆမ်းခရီးလေးကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်နော်။

Credit;Marry

 

Readmore;ယောင်္ကျားယူပါ…

 

 

Read times Last modified on Wednesday, 19 September 2018 10:39
Rate this item
(1 Vote)