စွန့်စားရတာကြိုက်တဲ့ မောင်နှံတွေ အတူတူသွားသင့်တဲ့ မြန်မာပြည်တွင်းခရီးတွေ

စွန့်စားရတာကြိုက်တဲ့ မောင်နှံတွေ အတူတူသွားသင့်တဲ့ မြန်မာပြည်တွင်းခရီးတွေ google

လူတွေ၊ ကားတွေ ကြပ်ညပ်နေပြီး ငြီးငွေ့စရာကောင်းတဲ့ Social Life ကနေ ကိုယ်ချစ်ရတဲ့သူနဲ့အတူ ခနတာ အတူအနားယူကြည့်လိုက်ပါ။

 

ချစ်သူစုံတွဲတွေကြားမှာ၊ လင်မယားကြားမှာ အချစ်တွေပိုမြဲချင်ရင်တော့ အတူတူခရီးသွားပါ။ ခရီးတူတူသွားခြင်းကြောင့်ရရှိလာတဲ့ အကျိုးကျေးဇူးတွေက များမှများနော်။ လူတွေ၊ ကားတွေ ကြပ်ညပ်နေပြီး ငြီးငွေ့စရာကောင်းတဲ့ Social Life ကနေ ကိုယ်ချစ်ရတဲ့သူနဲ့အတူ ခနတာ အတူအနားယူကြည့်လိုက်ပါ။ ခရီးသွားတဲ့အခါ ဓါတ်ပုံတွေလည်းရိုက်ပြီး Social Media မှာတင်ကြဦးမှာဆိုတော့ အဝတ်အစားတွေ တိုင်ပင်ပြီးတူတူထည့်ရမယ်။ ပြီးရင် ခရီးသွားတဲ့ Plan က အစ ကုန်ကျစရိတ်တွေ အတူတူတွက်ရမှာ တိုင်ပင်ရမှာမို့ အရင်တုန်းကထက်ပိုပြီး ရင်းနှီးလာမယ့်အပြင် ဆန်းသစ်တဲ့ ပျော်ရွှင်မှုတွေကို နှစ်ယောက်ကြားထဲမှာ ခံစားရမှာဖြစ်ပါတယ်။ အခုဖော်ပြပေးချင်တာကတော့ ခရီးသွားရတာလည်း အရမ်းကြိုက်နှစ်သက်ပြီး Adventure ဆန်ဆန် ခရီးတွေသွားချင်တဲ့ စုံတွဲလေးတွေအတွက် ပြည်တွင်းက နေရာတွေကိုဖော်ပြပေးလိုက်ပါတယ်။

 

 

ကယော (ဟိုယာဒေသ)

 

ပထမဆုံး သွားစေချင်တဲ့ ခရီးက ကယောဒေသဖြစ်ပါတယ်။ ကယားပြည်နယ်ထဲမှာရှိပါတယ်နော်။ ကယောလူမျိုးတွေနေထိုင်တဲ့ ဟိုယာဒေသဟာဆိုရင် အရမ်းကိုလှပပါတယ်။ ဘယ်လောက်တောင် လှလဲဆိုရင်တော့ ရူးခါနေအောင်လှပါတယ်လို့တင်စားထားတဲ့အတွက် ကိုယ်ချစ်ရတဲ့ ချစ်သူလေးနဲ့အတူတူ သွားကြည့်လိုက်ပါနော်။ တောင်တက်တောင်ဆင်းခရီးကြမ်းမို့ ကိုယ်ချစ်တဲ့ ချစ်သူလေးနဲ့အတူ ခဏအနားယူ လိုက်ဆက်သွားလိုက် အဲ့ဒီ့ဒေသရဲ့လူမျိုးတွေကိုလည်းလေ့လာရင်း လမ်းခရီးကြမ်းမှာ သူ့လက်ကလေးကို ကိုင်ပြီး သွားရတဲ့ အမှတ်တရအရသာဟာ ဘာနဲ့မှတူမှာမဟုတ်ဘူး။

 

 

 

နတ်မတောင် (ဝိတိုရိယတောင် ခေါ် ခေါ်နူးစုမ်)

 

အခုဖော်ပြပေးမှာကတော့ နတ်မတောင် ခေါ် ခေါ်နူးစုမ် ဖြစ်ပါတယ်။ ဒါကတော့ ချင်းပြည်နယ်ထဲမှာ တည်ရှိနေပါတယ်။ ပင်လယ်ရေမျက်နှာပင်အထက် ပေ တစ်ထောင်ကျော်မြင့်တဲ့အတွက် “တိမ်တွေနေတဲ့အရပ်ဆီကို နင်နဲ့ငါ … လေတွေတိုက်တုန်းသွားမယ်ကွာ ဖက်ထားပါ” ချစ်သုဝေဆိုထားတဲ့ သီချင်းထဲက အတိုင်း တကယ့်တိမ်တွေကြားထဲကိုရောက်သွားသလိုမျိုး ခံစားရစေမှာပါ။ တောင်တက်တဲ့လမ်းတစ်လျှောက်မှာလည်း သစ်ခွပန်း၊ချယ်ရီပန်းတွေ တောပန်းလေးတွေများစွာပွင့်နေပါသေးတယ်။ ကိုယ့်ချစ်သူနဲ့တောင်တက်ရင်း ခေါ်နူးစုမ်ရဲ့ အလှတွေကို ခံစားကြည့်စေချင်ပါတယ်နော်။ တောင်တက်ရင်းမောလာရင် ချွေးလေးတွေအပြန်အလှန်သုတ် တစ်ယောက်နဲ့တစ်ယောက်အားပေးရင်း တောင်တက်ရတဲ့ အမှတ်တရက ပြန်တွေးကြည့်လိုက်တိုင်း ရင်ခုန်စရာကောင်းနေမှာပါ။

 

 

 

ပန်းဝါ ခေါ် နှင်းတွေနဲ့တိုင်းပြည်

 

ပန်းဝါလို့ခေါ်တဲ့ ဒေသလေးက ဟိုးမြောက်ဖျားပိုင်း ကချင်ပြည်နယ်မှာ တည်ရှိတာပါ။ တရုတ်နိုင်ငံနဲ့လည်း နယ်နမိတ်ထိစပ်နေပါသေးတယ်။ ထူးခြားတာကတော့ ပြည်ပခရီးတွေ တကူးတကသွားစရာမလိုဘဲ ပန်းဝါဒေသလေးမှာတင် နှင်းတွေနဲ့အတူ ပျော်နိုင်မှာပါနော်။ မြစ်ကြီးနားကို လေယာဉ်နဲ့သွားပြီးတော့မှ ကားနဲ့ဆက်သွားရတဲ့ ခရီးရက်ရှည်လေးတစ်ခုပါ။ ရောက်ခါနီးကျရင်လည်း နှင်းတွေကိုနင်းပြီး ကိုယ့်ချစ်သူလက်လေးကိုကိုင်ပြီး တောင်တွေတက်ရဦးမှာနော်။

 

 

ဒီးဒုတ်ရေပြာအိုင်

 

ဒီးဒုတ်ကတော့ ပြင်ဦးလွင်မှာပါနော်။ ဒီရေပြာအိုင်ကိုရောက်ပြီဆိုရင် အထပ် ၁၀ ထပ်တောင် ရှိပါတယ်တဲ့။ အပေါ်ဆုံးထပ်က ရေပြာအိုင်ဆိုတဲ့အတိုင်းပြာပြီး ကြည်နေတာပေါ့။ တစ်ထပ်နဲ့တစ်ထပ် အပေါ်ကိုဆက်ဆက် တက်ရတဲ့ ခရီးက ကျောက်တုံးကျောက်ဆောင်တွေကို ကျော်ဖြတ်ပြီးသွားရတာပါ။ ချစ်သူလေးနဲ့အတူတူ တစ်ယောက်ကိုတစ်ယောက် တွဲကူရင်း ဟိုးအပေါ်ဆုံးထပ်ကိုရောက်အောင်တက်သွားပြီး ရေပြာအိုင်မှာ ရေကူးပါ။ ရေပြာအိုင်ရဲ့အလှနဲ့ ကိုယ့်ချစ်သူလေးနဲ့အတူတူမို့ မောလို့မောမှန်းတောင်သိမှာမဟုတ်ဘူးနော်။

 

 

ကလော

 

မြန်မာပြည်ရဲ့အလှဆုံးမြို့တွေထဲက မြို့တစ်မြို့ကိုပြပါဆိုရင် ကလောပါပဲ။ ကလောကို ကိုယ့်ချစ်သူနဲ့အတူတူ Trekking သွားပါ။ ကိုယ့်ရဲ့ ချစ်သူကို View ကောင်းကောင်းတွေရောက်ရင် ဓါတ်ပုံရိုက်ပေးပါ။ သူနဲ့အတူတူ Selfie ရိုက်ပြီး ဘယ်လောက်ပျော်ရွှင်ရကြောင်း ပြောပြပါ။

 

အခုဆိုရင် မြန်မာပြည်တွင်းမှာရှိတဲ့ adventure trip သွားလို့ကောင်းတဲ့နေရာလေးတွေကို ဖော်ပြပေးပြီဖြစ်တဲ့အတွက် အတူတူ ပျော်ရွှင်စရာ အချိန်တွေကိုဖန်တီးလိုက်ပါနော်။ ခရီးသွားခြင်းဖြင့် အချစ်တွေ ပိုတိုးပွားလာမှာတော့ အမှန်ပါဘဲ။

 

 

Credit;Marry

Read times Last modified on Wednesday, 09 January 2019 13:40
Rate this item
(1 Vote)