ဟန်းနီးမွန်းအတွက် အကောင်းဆုံးအကြံပြုချက်

ဟန်းနီးမွန်းအတွက် အကောင်းဆုံးအကြံပြုချက်

အောက်ဖော်ပြပါ အချက်အပေါ် သုံးသပ်လေ့လာကြည့်ခြင်းဖြင့် သင်တို့ မင်္ဂလာဦးဇနီးမောင်နှံအတွက်

ပြီးပြည့်စုံသော ပျားရည်ဆမ်းခရီးတစ်ခုကို ဖန်းတီးနိုင်မှာဖြစ်ပါတယ်။

ဘယ်လောက်သုံးမယ်ဆိုတာကို သတ်မှတ်ထားသင့်ပါတယ်။

ခရီးသွားရင်လိုအပ်မည့် အသုံးအဆောင်များ၊ အစားအသောက်များနှင့် သွားရောက်လည်ပတ်မည့် နေရာများတွင် ဘယ်ဟိုတယ်၊ ဘယ်လေယာဉ်လိုင်းနဲ့ ဘယ်လိုကားမျိုးကိုငှားမယ်ဆိုတာတွေကို ကြိုတင်စဉ်းစားထားသင့်ပါတယ်။

၎င်းအပြင် အခြားလိုအပ်မယ့် အသေးအဖွဲကိစ္စများအတွက် ကုန်ကျနိုင်မည့်စရိတ်စကများအတွက်ပါ ထည့်သွင်းစဉ်းစားသင့်ပါတယ်။

မျှော်မှန်းမထားသော အသေးသုံးများဖြစ်သည့် ဝင်ကြေးများ၊ တက္ကစီခများအတွက် ကြိုတင်စဉ်းစား ထည့်သွင်းမထားသဖြင့် သတ်မှတ်ကုန်ကျစရိတ်ထက် ပိုမိုသွားသဖြင့် ပျော်ရွှင်စရာအိပ်မက်ခရီးလေး ဖြစ်မလာဘဲ ငွေကြေးမလောက်မငဖြင့် စိတ်ထင့်နေရသောခရီးတစ်ခုဖြစ်သွားနိုင်ပါတယ်။

ထို့အတူအိမ်အပြန်လက်ဆောင်တွေဝယ်ဖို့၊ လမ်းမှာတွေ့တဲ့ စားချင်စဖွယ် အစားအသောက်တွေတွေ့ရင် ဝယ်စားဖို့အတွက်ပါ ထည့်သွင်းတွက်ချက်ထားသင့်ပါတယ်။

သင်တို့ဇနီးမောင်နှံသွားမယ့်ခရီးဟာ နိုင်ငံရပ်ခြားဆိုရင် ကွန်ပျူတာအသစ်တစ်လုံးကဲ့သို့ ပိုက်ဆံများများနဲ့ပေးပြီး ဝယ်ရတဲ့ပစ္စည်းများအတွက်ပါ ထည့်သွင်းထားပါ။

ထို့အတူလေယာဉ်ခရီးစဉ်တွင် သယ်ဆောင်ခွင့်ရှိသည့် သတ်မှတ်ခရီးဆောင်အိတ် အလေးချိန်တွေကအစ ကြိုတင်စုံစမ်းထားသင့်ပါတယ်။ အလေးချိန်ပိုနိုင်ပါကအပိုကြေးမည်မျှ ပေးရမည်ဆိုသည်ကိုပါ စုံစမ်းထားသင့်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 17:47
Rate this item
(1 Vote)