ဟန်းနီးမွန်း ခရီးထွက်ဖို့ဒါတွေပြင်ဆင်ပြီးသွားပြီလား

ဟန်းနီးမွန်း ခရီးထွက်ဖို့ဒါတွေပြင်ဆင်ပြီးသွားပြီလား google.com

မင်္ဂလာပွဲ အတွင်း ကြုံခဲ့ရတဲ့ စိတ်ပင်ပန်းမှုတွေ လူပင်ပန်းမှုတွေကို သက်သာသွားဖို့ အေးအေးဆေးဆေး အပန်းဖြေဖို့ အချိန်လည်း လိုအပ်ပါတယ်။မင်္ဂလာပွဲက အရေးတကြီး စီစဉ်စရာ ကိစ္စတစ်ခု ဖြစ်သလိုပဲ မင်္ဂလာပွဲ အတွင်း ကြုံခဲ့ရတဲ့ စိတ်ပင်ပန်းမှုတွေ လူပင်ပန်းမှုတွေကို သက်သာသွားဖို့ အေးအေးဆေးဆေး အပန်းဖြေဖို့ အချိန်လည်း လိုအပ်ပါတယ်။

 

အဲ့လိုအချိန်လေးကို ရရှိနိုင်ဖို့အတွက် ဟန်းနီးမွန်းခရီး ထွက်ကြတာဖြစ်ပါတယ်။ စိတ်အေးလက်အေး နားနေ အပန်းဖြေနိုင်ဖို့ ရည်ရွယ်ပြီး သွားတဲ့ ခရီးမှာ လိုအပ်တာတွေ ရှိနေမယ်ဆိုရင် အပန်းပြေသင့်သလောက် အပန်းမပြေဘဲ စိတ်အလိုမကျမှုတွေ ခံစားရနိုင်လို့ ဟန်းနီးမွန်း ခရီးထွက်ဖို့ ဒါတွေပြင်ဆင်ပြီးသွားပြီလားလို့ မေးချင်ပါတယ်။

 

စိတ်ကူးယဉ်ထားတဲ့ ဟန်းနီးမွန်းနေရာကို စတင်ဆွေးနွေးပါ။ ကိုယ်တစ်ခါမှ မရောက်ဖူးပေမဲ့ ရောက်ဖူးတဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကို မေးမြန်းခြင်းအားဖြင့် အထောက်အကူကောင်းကောင်း ရနိုင်ပါတယ်။ ဒါ့အပြင် လိုအပ်ပါက အင်တာနက်မှာ ရှာဖွေကြည့်ပြီး ခရီးသွားအေဂျင်စီတွေနဲ့ ဆွေးနွေးနိုင်ပါတယ်။

 

ကိုယ့်ရဲ့ခရီးစဉ်အတွက် ခရီးသွားအေဂျင်စီကို အပ်မယ်ဆိုရင် ကိုယ်သွားချင်တဲ့ နေရာကို အထူးပို့ဆောင် ပေးတဲ့ အေဂျင်စီမျိုး ရအောင်ရှာပါ (စွန့်စားသွားလာတဲ့ ခရီးစဉ် ဒါမှမဟုတ် ရေငုပ်ခရီးစဉ် စသဖြင့်)။ သယ်ယူပို့ဆောင်ရေး စနစ်ကိုလည်း စစ်ဆေးဖို့ မမေ့ပါနဲ့။ (ဘယ်လို ကားအမျိုးအစားတွေကို သုံးမယ်၊ ဘယ်လေကြောင်းလိုင်းကို သုံးမယ် စသဖြင့်)ကိုယ်သွားချင်တဲ့နေရာအတွက် ကုန်ကျစရိတ်က သတ်မှတ်ထားတဲ့ငွေထက် ကျော်နေရင် ငွေစုဖို့ နည်းလမ်း တွေကို စဉ်းစားပါ။

 

လေယာဉ်/ကား လက်မှတ်တွေ ဘွတ်ကင်လုပ်ပါ။ ဘွတ်ကင်စောစောလုပ်လေ ကိုယ့်အတွက် နေရာရဖို့ ပိုသေချာလေပါပဲ။ လေယာဉ်နဲ့ ခရီးသွားမယ်ဆိုရင် အလေးချိန် ဘယ်လောက်သယ်လို့ရသလဲ အရင်စုံစမ်းပါ။ သယ်ယူခွင့်ရတဲ့ ကီလိုပေါ် မူတည်ပြီး ခရီးဆောင်အိတ် ပြင်ဆင်ရမှာပဲ ဖြစ်ပါတယ်။ဟိုတယ်တွေကို ရှာဖွေပြီး အခန်းရမရ စုံစမ်းပါ။ ကြိုတင်ပြီး ဘွတ်ကင်လုပ်ပါ။

 

ပြည်ပခရီးစဉ်သွားချင်တာဆိုရင် အွန်လိုင်းကနေ ဘာသာစကားလေ့လာပြီး အခြေခံတတ်ထားသင့်တာတွေကို သင်ယူထားပါ။ ကိုယ်သွားမယ့် နိုင်ငံရဲ့ အခြေခံဥပဒေ အချို့ကို သိအောင်လုပ်ထားပါ။ (အထူးသဖြင့် နိုင်ငံခြား ခရီးသွားတွေ အတွက် သတ်မှတ်ထားတဲ့ ဥပဒေတွေနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေတွေ ဖြစ်ပါတယ်။)သွားမယ့်နေရာကို ရွေးချယ်ပြီးတာနဲ့ အန္တရာယ်ရှိနိုင်တဲ့ ကူးစက်ရောဂါပိုး၊ စစ်ပွဲ ဒါမှမဟုတ် အကြမ်းဖက်မှုတွေ ရှိမရှိ သတိပြုပါ။

အခုပြောပြထားတဲ့ ကိစ္စတွေ လုပ်ပြီးသွားပြီဆိုရင်တော့ ဟန်းနီးမွန်း ခရီးစဉ်အတွက် အတော်အသင့် စီစဉ်ပြီးသွားပြီလို့ ပြောလို့ရပါတယ်။ အသေးစိတ် စီစဉ်စရာတွေကိုတော့ ကိုယ်သွားမယ့် ဒေသနဲ့ ခရီးစဉ် အနေအထားပေါ် မူတည်ပြီး တဖြည်းဖြည်း စီစဉ်သွားဖို့လိုပါတယ်။

 

 

Credit;Marry

Read times Last modified on Wednesday, 19 September 2018 09:52
Rate this item
(1 Vote)