ဟန်းနီးမွန်းအတွက်Nara မြို့ရဲ့သွားရောက်လည်ပတ်စရာနေရာများ….

ဟန်းနီးမွန်းအတွက်Nara မြို့ရဲ့သွားရောက်လည်ပတ်စရာနေရာများ…. google

အားလုံးပဲ မင်္ဂလာပါရှင်။ ယခုလိုအချိန် ဂျပန်ကိုသွားရောက်လည်ပတ်မယ်ဆိုရင် Yakakusa တောင်ခြေမှာ မြက်ခင်းစိမ်းတွေဖုံးလွှမ်းနေပြီးတောင်စောင်းတလျှောက်မှာလည်း

ချယ်ရီတွေအပြိူင်အဆိုင်ပွင့်လန်းနေပြီးလှပနေတဲ့အချိန်အခါဖြစ်တာကြောင့် ဂျပန်နိုင်ငံရဲ့ရှေးကျတဲ့မြို့တော်တစ်ခုဖြစ်တဲ့ Nara မြို့ရဲ့သွားရောက်လည်ပတ်စရာနေရာတွေကို

ဟန်းနီးမွန်းအတွက်နေရာရွေးချယ်နေကြတဲ့ Myanmar Wedding Guide ပရိတ်သတ်တွေအတွက်ဖော်ပြပေးချင်ပါတယ်။

ဗုဒ္ဓဘာသာ အတ္ထုပ္ပတ္တိများ၊ရှေးမူမပျက်ထိန်းသိမ်းထားရှိသော ရှေးဟောင်းပစ္စည်းများ၊ရိုးရာလက်မှုပညာများ၊ ဂျပန်၏ အနုပညာသမိုင်းများ၊သင်္ချိုင်းဂူများ၏ နံရံဆေးရေးပန်းချီများသည်

ထင်ရှားကျော်ကြားလှသော သွားရောက်လေ့လာစရာ နေရာများတည်ရှိရာ Nara မြို့ဟာဆိုရင် ဒေသအစားသောက်များနှင့် ရိုးရာပစ္စည်းအရောင်းဆိုင်လေးများ ပြည့်နှက်နေပြီး

Nara တစ်ဝိုက်သည်စက်ဘီးစီးပြီး လည်ပတ်ဖို့ အကောင်းဆုံး နေရာအဖြစ်လည်း ကျော်ကြားပါတယ်။

Nara သမင်ပန်းခြံဟာ1880 ခုနှစ်တွင် တည်ဆောက်ခဲ့တဲ့ ဂျပန်တို့ရဲ့ရှေးအကျဆုံးသော ပန်းခြံများအနက် တစ်ခုဖြစ်ပါတယ်။

Todaiji Temple 752 ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကာ ဂျပန်သမိုင်းတွင် အထင်ရှားဆုံးသော ဗုဒ္ဓဘာသာ ဘုရားကျောင်းတစ်ခုဖြစ်ပါတယ်။

Horyuji ဘုရားကျောင်းဟာဂျပန်နိုင်ငံ၏ သက်တမ်းအရင့်ဆုံးဘုရားကျောင်းများထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး ကမ္ဘာ့သက်တမ်းအရှည်ဆုံး သစ်သားကျောင်းဆောင်ကြီးအဖြစ် ထင်ရှားကျော်ကြားသည်။

Nara သည် ရှေးဟောင်းအဆောက်အအုံများနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို လေ့လာနိုင်သည့် အကောင်းဆုံးနေရာဖြစ်ပြီး ခရီးသွားများ အပန်းဖြေ အနားယူရန် အကောင်းဆုံးဒေသအဖြစ်လည်း ကျော်ကြားပါတယ်။

Ice cream ရေခဲမုန့်ဆိုင် ၃၆၂ ဆိုင်ကိုရှာရန်နှိပ်ပါ။

 

Zawgyi ဖြင့်ဖတ်ရန်...


ချယ်ရီတွေအပြိုင်အဆိုင်ပွင့်လန်းနေပြီးလှပနေတဲ့အချိန်အခါဖြစ်တာကြောင့် ဂျပန်နိုင်ငံရဲ့ရှေးကျတဲ့မြို့တော်တစ်ခုဖြစ်တဲ့ Nara မြို့ရဲ့သွားရောက်လည်ပတ်စရာနေရာတွေကို










 

Myanmar Wedding Guide

 

1we

 

Read times
Rate this item
(0 votes)
Tagged under