ဗီယက်နမ်နိုင်ငံရဲ့အလယ်ပိုင်းနဲ့မြောက်ပိုင်းကို ဟန်းနီးမွန်းအလည်သွားရင်း ကျူးလစ်ပန်းပွဲတော်ကိုဆင်နွှဲမယ်…

ဗီယက်နမ်နိုင်ငံရဲ့အလယ်ပိုင်းနဲ့မြောက်ပိုင်းကို ဟန်းနီးမွန်းအလည်သွားရင်း ကျူးလစ်ပန်းပွဲတော်ကိုဆင်နွှဲမယ်… google

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့လေးမှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကို ဗီယက်နမ်နိုင်ငံရဲ့အလယ်ပိုင်းနဲ့မြောက်ပိုင်းကို

ဟန်းနီးမွန်းအလည်သွားရင်း ကျူးလစ်ပန်းပွဲတော်ကိုဆင်နွှဲနိုင်မယ့် ခရီးစဉ်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။

ပရိတ်သတ်တွေအနေနဲ့ဘယ်လိုနေရာတွေကို သွားရောက်လည်ပတ်နိုင်မလဲဆိုတော့ အရင်ဆုံးဗီယက်နမ်နိုင်ငံ ဒါနမ်းမြို့ပေါ်က Bana Hill တောင်ပေါ်ကို

အာရှရဲ့ အရှည်လျားဆုံး Cable ကားစီးရင်း မျက်စိတစ်ဆုံး အစိမ်းရောင်တောင်တန်းတွေ တိမ်တွေဖုံးနေတဲ့ ရှုခင်းတွေမြင်တွေ့ခံစားပါ။

Bana Hill ပေါ်မှာ စိတ်လှုပ်ရှားစရာလဲကောင်း ပျော်စရာလဲအရမ်းကောင်းတဲ့ လေထဲမှာ ပျံနေသလို ခံစားကြရမယ့် Alpine Coaster ကိုလည်းစီးလို့ရနိုင်ပါတယ်။

Bana Hill ရဲ့ GoldenBridge ပေါ်မှာ တောင်တန်းတွေ နောက်ခံထားပြီး အမှတ်တရဓာတ်ပုံတွေရိုက်ဖို့လည်းမမေ့ပါနဲ့။

လာဗန်ဒါ ပန်းခင်းတွေနဲ့ ဓာတ်ပုံရိုက်ကူးရင်းပြင်သစ်ရောက်သွားသလို ဥရောပမှာလိုခံစားရမယ့်ရဲတိုက်ကြီးတွေအဆောက်အဦးတွေနဲ့ပုံဖော်ထားတဲ့ French Village နဲ့

သဲဖြူဖြူ ရေကြည်ကြည်နဲ့ရှုခင်းလှပတဲ့ Son Tra ကျွန်းဆွယ်နဲ့ My Khe ကမ်းခြေတွေကိုလဲ သွားရောက်လည်ပတ်နိုင်ပါတယ်။

ပြီးရင်တော့ ဟိုးယခင်က အရှေ့တောင်အာရှရဲ့ အရေးပါတဲ့ကုန်သွယ် ရေလက်ကြားတစ်ခုဖြစ်ခဲ့တဲ့ရှေးဟောင်း မြို့တော် Hoi An ကိုသွားရောက်လေ့လာကြမယ်။

Hoi An မြို့ရဲ့ ရှေးမူမပျက် အဆောက်အဦးတွေကိုလေ့လာပြီး Hoi An ဈေးထဲမှာ အမှတ်တရ ပစ္စည်းတွေ အိမ်ပြန်လက်ဆောင် ဝယ်လို့ရဦးမှာဖြစ်သလို

စိမ်းစိုလှပနေတဲ့ ဟလောင်ပင်လယ်အော်ကြီး တစ်လျှောက် Cruise စီးပြီး သဘာဝအလှတရားတွေခံစားနိုင်ပါသေးတယ်နော်။

Gems and Jewelleries (1712) ဆိုင်များကိုရှာရန်။

 

 

Zawgyi ဖြင့်ဖတ်ရန်...













 

Myanmar Wedding Guide

 

1we

Read times
Rate this item
(0 votes)
Tagged under