ချစ်သူနဲ့အတူ သွားသင့်တဲ့ ကမ္ဘာပေါ်က စိတ်ကူးယဉ်ဆန်တဲ့ နေရာ ၅ ခု

ချစ်သူနဲ့အတူ သွားသင့်တဲ့ ကမ္ဘာပေါ်က စိတ်ကူးယဉ်ဆန်တဲ့ နေရာ ၅ ခု google

ကိုယ်ချစ်ရသူနဲ့အတူ Romantic (စိတ်ကူးယဉ်ဆန်) တဲ့ နေရာတွေမှာ ဒိတ်လုပ်ဖို့ လူတိုင်း ဘဝမှာတခါတော့စိတ်ကူးယဉ်မိကြမှာပါ။

 အချစ်က လူတိုင်းနဲ့ မကင်းတာကြောင့် ကမ္ဘာတဝန်းမှာရိုမန့်တစ်ဆန်တဲ့ နေရာလေးတွေ ဖန်တီးထားလေ့ ရှိပါတယ်။အခုဖော်ပြပေးမယ့် နေရာ ၅ ခုကတော့ ကမ္ဘာပေါ်မှာ စိတ်ကူးယဉ်ဆန်ဆန် လှတဲ့ နေရာတွေပဲ ဖြစ်ပါတယ်။

 

Paris (ပဲရစ်)

couple in paris min

 

ပဲရစ်ဆိုတာနဲ့ ရိုမန့်တစ်ဆန်ပြီး ချစ်သူနဲ့ သွားဖို့ကို စိတ်ကူးပြီးသားဖြစ်မှာပါ။ မီးမှိန်မှိန်၊ ကော်ဖီဆိုင်လှလှလေးတွေ၊ဝိုင်နဲ့ အခြားသော အနုပညာတွေက ပဲရစ်ကို စိတ်ကူးယဉ်ဆန်စရာ အချစ်မြို့တော်အဖြစ် ပုံဖော်ထားတာကြောင့် ပိုက်ဆံရှိတယ်ဆိုရင်တော့ အီဖယ်တာဝါအောက်မှာ အနမ်းတွေဖလှယ်ရင်း အမှတ်တရတွေ ဖန်တီးသင့်ပါတယ်။ 

 

Santorini (ဆန်တိုရီနီ)

santorini min

 

ဂရိက ဆန်တိုရီနီဟာလည်း အရမ်းကို လှတဲ့နေရာတခုပါ။ဆန်တိုရီနီကျွန်းပေါ်ကနေ နေဝင်ချိန်ကြည့်တာကို ချစ်ရတဲ့သူနဲ့အတူ လုပ်ဆောင်ခြင်းအားဖြင့် မေ့မရတဲ့နေ့ရက်တွေ ဖန်တီးနိုင်ပါတယ်။

 

Venice (ဗင်းနစ်)

venice min

 

အီတလီက ဗင်းနစ်ဟာလည်း ရေပေါ်အိမ်နဲ့ လမ်းတွေကလည်း ခရီးသွားတွေကို ဆွဲဆောင်သလို လှပတာကြောင့် စုံတွဲတွေ သွားလေ့ရှိပါတယ်။

 

Maldives (မော်လ်ဒိုက်)

maldives min

 

ကဲ နောက်ထပ် ရိုမန့်တစ်ဆန်တဲ့ အချိန်တွေကို ဖန်တီးဖို့အတွက် ဆိုရင် မော်လ်ဒိုက်ကမ်းခြေကိုလည်း မေ့ထားလို့ မရပါဘူး။ကြည်ပြာပြာ ရေပြင်၊ အဆုံး မရှိတဲ့ ဖြူလွှလွှ သဲသောင်ပြင်မှာ ချစ်သူလက်ကိုတွဲကာ လမ်းလျှောက်လို့ ရတာကြောင့် အဲဒီနေရာဟာလည်း ကမ္ဘာပေါ်က စိတ်ကူးယဉ်ဆန်တဲ့ နေရာတွေထဲက တခုပေါ့။

 

Casablanca (ကာဆာဘလန်ကာ)

casablanca min

 

မော်ရိုကိုက ကာဆာဘလန်ကာဟာလည်း ရုပ်ရှင်တွေထဲမှာ အချစ်မြို့တော်အဖြစ် ဖန်တီးထားတာ တွေ့ရမှာပါ။သူ့ရဲ့ ကမ်းခြေ၊ ချစ်စဖွယ် ကျေးလက်နဲ့ အခြားသော အရာတွေဟာလည်း စုံတွဲတွေအတွက် ခံစားချက်တစ်ခုကို ပေးစွမ်းနိုင်ပါတယ်။

 

ကမ္ဘာပေါ်မှာ စိတ်ကူးယဉ်ဆန်ပြီး လှတဲ့နေရာတွေ နောက်ထပ်အများကြီးရှိသေးပေမယ့် အခုဖော်ပြထားတဲ့ နေရာတွေက စာဖတ်သူပရိသတ်တွေ ရင်းနှီးပြီးသား ဖြစ်မယ်ထင်ပါတယ်။

 

Source : Irrawaddy

Read times Last modified on Friday, 08 February 2019 13:44
Rate this item
(1 Vote)
Tagged under