ကမ္ဘာကျော် ဗင်းနစ်မျက်နှာဖုံးပွဲတော် ကျင်းပရာနိုင်ငံလေးကိုပျားရာ်ဆမ်းခရီးသွားရောက်မယ်ဆို...

ကမ္ဘာကျော် ဗင်းနစ်မျက်နှာဖုံးပွဲတော် ကျင်းပရာနိုင်ငံလေးကိုပျားရာ်ဆမ်းခရီးသွားရောက်မယ်ဆို... google

အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ Honeymoon သွားရောက်ဖို့နေရာရွေးချယ်နေတဲ့ Myanmar Wedding Guide ပရိတ်သတ်တွေအတွက် ကမ္ဘာကျော် ဗင်းနစ်မျက်နှာဖုံးပွဲတော် ကျင်းပရာနိုင်ငံလေးအကြောင်းပြောပြပေးချင်ပါတယ်။

 

Venice Carnival (မျက်နှာဖုံးပွဲတော်) ဆိုပြီး ကမ္ဘာပေါ်မှာ တစ်ခုတည်းသောမျက်နှာဖုံးပွဲတော်ကျင်းပတဲ့ နေရာလေးကတော့ ဥရောပနိုင်ငံလေးတစ်ခုဖြစ်တဲ့ ဗင်းနစ်မြို့ဖြစ်ပြီးနှစ်စဉ် ဖေဖော်ဝါရီလမှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပလေ့ရှိပါတယ်။

 

အနုစိတ်အလှဆင်ထားတဲ့ ရိုးရာဝတ်စုံများကို ထူးခြားခမ်းနားစွာ ဝတ်ဆင်ကြပြီး မျက်နှာဖုံးများတပ်ကာ Venice Carnival(မျက်နှာဖုံးပွဲတော်) ကို တစ်ကမ္ဘာလုံးက လူတွေအားလုံး လာရောက်ကြပြီး ပျော်ရွှင်စွာပါဝင်ဆင်နွှဲ လေ့ရှိကြပါတယ်။

 

can

 

 

ရှေးယခင်ကတည်းက လူတန်းစားခွဲခြားမှုများ မရှိဘဲအလွှာပေါင်းစုံက လူများအားလုံးကို တပြေးညီတည်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်အောင် ရည်ရွယ်ပြီး မျက်နှာဖုံးပွဲတော်ကို ကျင်းပလေ့ရှိတယ်လို့လည်း သိရပါတယ်။

 

can1

 

ဒါ့အပြင် နိုင်ငံအရပ်ရပ်မှ ခရီးသွားဧည့်သည်များကလည်း Venice မြို့ရဲ့ တူးမြောင်းငယ်လေးထဲမှာ Gondola လို့ခေါ်တဲ့ သစ်သားလှေငယ်လေးကို စီးပြီး မျက်နှာဖုံးပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလေ့ရှိကြပါတယ်။

 

can2

 

အခုလာမယ့် ၂၀၂၀ မှာလည်း ဖေဖော်ဝါရီလ (၈) ရက်နေ့မှစတင်ပြီး (၂၅) ရက်နေ့အထိ မျက်နှာဖုံးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမှာဖြစ်လို့

 

တစ်နှစ်မှာ တစ်ခါသာပြုလုပ်တဲ့ ဒီပွဲလေးကို သွားရောက်လည်ပတ်ရင်း ပျားရည်ဆမ်းဖို့အတွက် အကြံပြုဖော်ပြပေးလိုက်ပါတယ်။

 

 

Zawgyi ဖြင့်ဖတ်ရန်

 


 


 


 


 


 


 


 

Myanmar Wedding Guide

 

jjjj

 

Read times Last modified on Wednesday, 29 January 2020 15:53
Rate this item
(0 votes)
Tagged under