ဟန်းနီးမွန်းထွက်မယ့် ခရီးဆောင်အိတ်ထဲ ဘာတွေထည့်သွားမလဲ

ဟန်းနီးမွန်းထွက်မယ့် ခရီးဆောင်အိတ်ထဲ ဘာတွေထည့်သွားမလဲ google.com

ဟန်းနီးမွန်းထွက်မယ့်စုံတွဲလေးတို့ရေ ခရီးထွက်ပြီဆိုကတည်းက အရေးကြီးတာကခရီးဆောင်အိတ်ပဲလေနော်။

ပျားရည်ဆမ်းကာလတစ်လျှောက်လုံး ကိုယ်လိုချင်တာတွေရနိုင်တဲ့ လိုတရအိတ်ဖြစ်အောင်လည်း ပြင်ဆင်ဖို့ လိုပါတယ်နော်။ ဒီတော့ ဘာတွေထည့်သွားမလဲဆိုတာ သေချာသိထားဖို့လိုပါတယ်။ ကဲ ဘာတွေသယ်သွားမလဲပြောပြမယ်နော်။

 

အဝတ်အစားရွေးချယ်ရင်

အဝတ်အစားရွေးချယ်တဲ့အခါမှာ လှလှပပဖြစ်ဖို့အရေးကြီးတယ်နော်။ ကိုယ့်အိမ်ထောင်ဘက်ရဲ့မျက်စိထဲမှာ ကိုယ်ဟာအလှဆုံး ဖြစ်နေဖို့လိုတယ်မလား။ အင်္ကျီက သစ်သစ်လွင်လွင်လေးလည်းဖြစ်ရမယ်၊ ကိုယ်နဲ့လိုက်ဖက်တဲ့ ဝတ်စုံလည်း ဖြစ်ရမယ်လေ။ စုံတွဲလေးတို့ဟန်းနီးမွန်းအတွက် အဝတ်အစားရွေးပြီဆိုရင် အရင်ဆုံးနေ့လည်ခင်းဘက်မှာဝတ်မယ့် အဝတ်အစားတွေကိုစတင်ပြီးစဉ်းစားပါ။ စကတ်အရမ်းတိုတာလေးတွေတော့မရွေးချယ်သင့်ပါဘူး။ ဇနီးချောလေးတို့ အရမ်းနေရထိုင်ရခက်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဘောင်းဘီနဲ့ ဂါဝန်တွေ များများထည့်ပါ။ တီရှပ်လေးတွေ မဖြစ်မနေသယ်သွားပါ။ နေ့လည်ခင်းမှာဝတ်တဲ့ အဝတ်အစားလေးတွေက ခန္ဓာကိုယ်ဆီ နေရောင်ထိတွေ့မှုကနေ ကာကွယ်ပေးနိုင်တာမျိုးဆိုရင် ပိုကောင်းပါတယ်။ အင်္ကျီလက်ရှည်လေးတွေမမေ့ပါနဲ့။ ပူတဲ့နေရာကိုသွားမယ်ဆိုရင်တော့ အမည်းရောင်အင်္ကျီတွေ အများကြီးမသယ်သွားပါနဲ့နော်။ ပိုပြီးပူစေတာကြောင့်ပါ။ ယောကျာ်းလေးတွေကတော့ ပေါ့ပေါ့ပါးပါးစတိုင်လေးတွေပဲ သယ်သွားလို့ရပါတယ်နော်။

 

သယ်ရမှာလေးတွေ

စုံတွဲလေးတို့ရေ ပစ္စည်းသယ်ရတာပေါ့ပါးဖို့အတွက် တစ်ခါသုံးပစ္စည်းလေးတွေပဲသယ်သွားပါ။ Skin care ဆိုရင်လည်း Travel set လေးတွေထွက်တယ်မလား၊ နောက်ပြီးတော့ ဗူးသေးသေးလေးနဲ့ပဲ ခွဲသယ်တာမျိုးလုပ်ပါ။ ခရီးဆောင်အိတ်ထဲမှာ Skin care,Sunscreen သယ်သွားပါ။ ကိုယ်ဝန် ချက်ချင်းမလိုချင်သေးဘူးဆိုရင်တော့ နေ့စဉ်သောက်ဆေးကတ်လိုမျိုး ဆေးကတ်လေးတွေသယ်သွားပေးနော်။ ဦးထုပ်ထည့်ဖို့လည်းမမေ့နဲ့နော်။ ပို့စ်ပေးတဲ့အခါ လိုအပ်တယ်။ ပြီးတော့ Selfie Stick လေးလည်း မမေ့ပါနဲ့ဦးနော်။

 

ခရီးဆောင်အိတ်ပြင်တဲ့အခါ

စုံတွဲလေးတို့ရေ ခရီးဆောင်အိတ်ပြင်တဲ့အခါမှာ အိတ်တွေမများဖို့လိုပါတယ်။ အိတ်သေးသေးလေးတွေနဲ့ထည့်နေတာမျိုးကသယ်ရတာ အရမ်းပင်ပန်းစေပါတယ်။ ဒါကြောင့် အိတ်ပြင်တဲ့အခါ တစ်စုတည်းပြင်ပါ။ ပစ္စည်းတွေကို ကျစ်ကျစ်လစ်လစ် ထည့်ပေးနော်။

 

စုံတွဲလေးတို့ ဟန်းနီးမွန်းထွက်တဲ့အခါ ပြင်ဆင်မယ့် ခရီးဆောင်အိတ်နဲ့ ပတ်သက်ပြီး ဘာတွေ ထည့်ရမလဲဆိုတာသိပြီဆိုတော့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်တော့နော်။

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Friday, 05 April 2019 18:14
Rate this item
(0 votes)
Tagged under