ပြည်ပကိုဟန်းနီးမွန်းထွက်မယ့်သူတွေအတွက်သွားသင့်တဲ့နိုင်ငံ(၄)နိုင်ငံ

ပြည်ပကိုဟန်းနီးမွန်းထွက်မယ့်သူတွေအတွက်သွားသင့်တဲ့နိုင်ငံ(၄)နိုင်ငံ google.com

ဟန်းနီးမွန်းအတွက်ဘယ်နိုင်ငံကိုသွားမလဲဆိုတာ ရွေးချယ်စရာတွေ အများကြီးပါ။ ရွေးချယ်စရာ ပြည်ပနိုင်ငံတွေထဲကမှ ပြည်ပနိုင်ငံ () နိုင်ငံကိုမျှဝေပေးလိုက်ပါတယ်။

 

 

မင်္ဂလာဆောင်ကိစ္စတွေစီစဉ်တဲ့အခါမှာ မင်္ဂလာပွဲအပြီး ဟန်းနီးမွန်းထွက်မယ် စိတ်ကူးထားရင် ဟန်းနီးမွန်းအတွက်ပါ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ ဒီလိုကြိုတင်ပြင်ဆင်ထားမှသာ မင်္ဂလာပွဲအပြီးမှာ အဆင်ပြေမှာပါ။ ဟန်းနီးမွန်းထွက်တဲ့အခါ ပြည်တွင်းပဲလား၊ ပြည်ပနိုင်ငံခြားကို သွားမလားဆိုတာ အရင်ဆုံး ရွေးချယ်ရမှာပါ။ ပြည်ပကိုပဲ သွားမယ်စိတ်ကူးရင်လည်း ဘယ်နိုင်ငံကို သွားမလဲ ရွေးချယ်စရာတွေ အများကြီးပါ။ ရွေးချယ်စရာ ပြည်ပနိုင်ငံတွေထဲကမှ ပျော်ရွှင်စိတ်လှုပ်ရှားစရာ ကောင်းစေမယ့် ပြည်ပနိုင်ငံ() နိုင်ငံကို မျှဝေပေးလိုက်ပါတယ်။

 

 

() ဂျပန်

 

Japan

 

ဥရောပဘက် မဟုတ်ဘဲ အာရှထဲမှာပဲ ခရီးထွက်မယ်ဆိုရင်တော့ ထိုင်း၊ ဗီယက်နမ်အပြင် တော်တော်များများ သွားကြတာကတော့ ဂျပန်ပါ။ ဂျပန်နိုင်ငံမှာ ဆာကူရာပန်းလေးတွေ လွှမ်းနေပြီး အေးချမ်းသာယာတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တာကြောင့် ကြင်စဦးဇနီးမောင်နှံလေးတွေ စိတ်ချမ်းမြေ့စေမှာပါ။ နောက်တစ်ခုကတော့ ဂျပန်နိုင်ငံရဲ့ အစားအစာ၊ ရိုးရာယဉ်ကျေးမှုတွေကလည်း မြတ်နိုးစရာမို့ ဗဟုသုတ ရစေမယ့်အပြင် ဓါတ်ပုံလှလှလေးတွေ အများကြီးရိုက်လို့ရမယ့် နိုင်ငံပါ။

 

 

() ဘော်နီယိုကျွန်း

 

borneo

 

မလေးရှားဘက်ကို သွားမယ်ဆိုရင်တော့ ဘော်နီယိုကျွန်းလေးကို ညွှန်းချင်ပါတယ်။ ဘော်နီယိုကျွန်းလေးက ကြင်စဦးဇနီးမောင်နှံတွေအတွက် ဟန်းနီးမွန်းထွက်ဖို့ အကောင်းဆုံး နေရာတစ်ခုပါပဲ ။ သဘာဝအလှတရားတွေ ပြည့်နှက်နေပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ကောင်းတဲ့ နေရာတစ်ခု ဖြစ်တာကြောင့် ဇနီးမောင်နှံတို့ ရင်ခုန်သံမြန်မြန်ဖြစ်စေမယ့် ဟန်းနီးမွန်းလေး ဖြစ်မှာပါ။

 

 

() ဒိန်းမတ်

 

Demark

 

ဒိန်းမတ်နိုင်ငံဟာလည်း အေးချမ်းသာယာတဲ့ နိုင်ငံတစ်ခုပါပဲ။ အနုပညာလက်ရာတွေ၊ ယဉ်ကျေးမှုတွေနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံဖြစ်ပြီး အဆောက်အဦးဟောင်းတွေလည်း ရှိပါတယ်။ နေရာတိုင်းလိုလိုမှာ အနုပညာလက်ရာတွေ ရှိပြီး သူတို့တွေရဲ့ အနုပညာလက်ရာဖန်တီးမှု၊ အလှအပတွေက ဇနီးမောင်နှံလေးတို့ကို အိမ်မပြန်ချင်လောက်အောင် ဆွဲဆောင်ထားမှာပါ။

 

 

() အီတလီ

 

Italy

 

ပျားရည်ဆမ်းခရီးလေးကို အီတလီကို ရွေးချယ်မယ်ဆိုရင်လည်း ပျော်စရာကောင်းမှာပါ။ အီတလီနိုင်ငံသူ နိုင်ငံသားတွေရဲ့ ဖော်ရွှေမှုတွေ၊ အနုပညာတွေနဲ့ ဗိသုကာလက်ရာတွေက စိတ်ပျော်ရွှင်မှု အပြည့်အဝ ရရှိစေမှာပါ။ ရေပေါ်မြို့လေးဆီလည်း သွားလည်လို့ ရပြီး လမ်းမထက်မှာ ပျော်ပျော်ရွှင်ရွှင် လမ်းလျှောက်တာကလည်း ရင်ခုန်စရာ အတိ ဖြစ်နေမှာပါ။ အရာရာတိုင်းက ခမ်းနားပြီး လှပနေမှာမို့ ပျားရည်ဆမ်းခရီးစဉ်လေးက အမှတ်တရ များစွာ ကျန်နေမှာ သေချာပါတယ်။ ဓါတ်ပုံလှလှလေးတွေ ရိုက်ဖို့ မမေ့နဲ့နော်။

 

ဇနီးမောင်နှံလေးတို့ ပြည်ပခရီးစဉ်ဘယ်သွားမလဲဆိုတာ စဉ်းစားပြီးပြီဆိုရင်တော့ Passport သက်တမ်းတိုးတာတွေ၊ ဗီဇာကြိုလျှောက်တာတွေ လုပ်ထားပါနော်။ ပြည်ပခရီးထွက်လို့ကောင်းမယ့် နိုင်ငံ () နိုင်ငံကို ဖော်ပြခဲ့ပြီးပြီဆိုတော့ ခရီးထွက်နိုင်ဖို့ အသေးစိတ်ပြင်ဆင်ရမှာတွေကို သေချာလေး ပြင်ဆင်သွားဖို့ အကြံပြုလိုက်ပါတယ်နော်။

 

 

Credit;Marry

Read times Last modified on Tuesday, 18 September 2018 16:02
Rate this item
(1 Vote)