ပျားရည်ဆမ်းခရီးဆိုတာ ပြည့် စုံတဲ့  ဘဝ ကနေစတင်ပြီး ဘယ်တော့ မှ အဆုံးမသတ်နိုင်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ဖွဲ့ စည်းထားတာပါ။
ဒီတော့  ပျားရည်ဆမ်းခရီးကို ဘယ်လိုနေရာလေးတွေ သွားသင့် ကြောင်း ကို ကမ္ဘာပေါ်ရှိ အကောင်းဆုံး ပျားရည်ဆမ်းခရီးစဉ်များ အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။
Singapore

စင်ကာပူနိုင်ငံက ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အစားစား၊ ယဉ်ကျေးမှု၊ ပွဲတော်များ၊ ရောင်စုံ မြို့ တော်များနဲ့ ဆွဲဆောင်မှုရှိတဲ့  နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဒါအပြင် စင်ကာပူနိုင်ငံက တိုးတက်စည်ကားတဲ့ နိုင်ငံဖြစ်တဲ့ အတွက် စုံတွဲတွေ ပျားရည်ဆမ်းခရီးထွက်ဖို့  နေရာထဲက အကောင်းဆုံးနေရာ တစ်ခု ဖြစ်ပါတယ်။ ခြင်္သေခေါင်းနဲ့ ငါးကိုယ်ထည်ရှိတဲ့  Merlion , Clarke စီးတံတား, တရုတ်တန်း, Singapore Flyer, Universal Studios စတဲ့ နေရာလေးတွေက စုံတွဲတို့ အတွက် မမေ့နိုင်တဲ့ Romantics ဆန်ဆန်နေရာလေးတွေဖြစ်ပါတယ်။
Maldives

Maldives ကျွန်း က ကမ္ဘာပေါ်မှာ အလှအပဆုံးသော ကျွန်းဖြစ်တဲ့ အတွက်ကြောင့် ပျားရည်ဆမ်းခရီးထွက်ဖို့ အကောင်းဆုံး ကျွန်းဖြစ်ပါတယ်။ ရေပတ်ပတ်လည်နဲ့ ဝန်းရံထားတာကြောင့်  Romantics ဆန်ဆန် အလှအပတွေကိုခံစားရမှာပါ။ ရောင်စုံ ကျောက်တန်း၊ ကြည်လင်လှပသောရေပြာ၊ ရေအောက်အလှအပ၊ ကောင်းကင်ပေါ်က မိုးတိမ်တိုက်တွေက Maldives ကျွန်းရဲ့ အလှအပကိုဖော်ပြပေးနေတာပါ။ Maldive Victory, Veligandu သဲသောင်ပြင်၊ Alimatha ကျွန်း၊ Banana Reef, Alimatha ကျွန်း စတဲ့ နေရာလေးတွေက စုံတွဲတို့ အတွက် မမေ့နိုင်တဲ့ Romantics ဆန်ဆန်နေရာလေးတွေဖြစ်ပါတယ်။
Hawaii

Hawaii ကျွန်းဟာဆိုရင် အပူပိုင်းဒေသမှာရှိပြီး ကမ္ဘာတဝှမ်း လူကြိုက်အများဆုံး ကျွန်းတစ်ကျွန်းဖြစ်တဲ့ အတွက်ကြောင့်  ပျားရည်ဆမ်းခရီးသွားလာဖို့ သင့်လျော်ပါတယ်။ ဟာဝိုင်ယီ ကတော့  ခေတ်မီ ဆန်းပြားတဲ့  ကမ်းခြေ၊ အပန်းဖြေစခန်း၊ အံ့သြဖွယ်ရာအများအပြား ရှိတဲ့ ကျွန်းဖြစ်တာကြောင့် စုံတွဲတွေ ပျားရည်ဆမ်းခရီးထွက်ဖို့  နေရာထဲက အကောင်းဆုံးနေရာ တစ်ခု ဖြစ်ပါတယ်။ Waikiki၊ မီးတောင်အမျိုးသား ဥယျာဉ်၊ ပုလဲဆိပ်ကမ်း၊ Waipio ချိုင့် ဝှမ်း၊ Mauna Kea၊ Maui သမုဒ္ဒရာစင်တာ၊့ Hana လမ်း တဲ့ နေရာလေးတွေက စုံတွဲတို့ အတွက် မမေ့နိုင်တဲ့ Romantic ဆန်ဆန်နေရာလေးတွေဖြစ်ပါတယ်။
Author: NLP




