ဟန်းနီးမွန်းကာလမှ စိတ်မကောက်ရလေအောင်

ဟန်းနီးမွန်းကာလမှ စိတ်မကောက်ရလေအောင် google

စိတ်ကောက်တာက မိန်းကလေးသဘာဝ ဆိုပေမယ့် ချစ်စခင်စ ကြင်နာစဆိုတဲ့ ဟန်းနီးမွန်း ကာလလေးမှာတော့စိတ်မကောက်ရဘူးနော်။


မိန်းကလေးတွေ စိတ်မကောက်ရဖို့ အဓိက တာဝန်ရှိတဲ့သူတွေကချစ်သူယောကျာ်းလေးတွေပါ ဒီတော့ဟန်းနီးမွန်းမှာကိုယ့်ရဲ့

 

ပူပူနွေးနွေးဇနီးလေးစိတ်မဆိုးစိတ်မကောက်ရအောင်အမျိုးသားလေး တို့အနေနဲ့ဘာတွေရှောင်ရှားရမလဲ ဆိုတာ ပြောပြပေးမယ်နော်...

 

(၁)ရည်းစားဟောင်းအကြောင်းမပြောပါနဲ့

 

1


ဘယ်မိန်းကလေးမှ ကိုယ့်ရဲ့ ချစ်သူပါးစပ်က တခြား မိန်းကလေး အကြောင်းပြောတာမကြားချင်ပါဘူး။


ရည်းစား ဟောင်းအကြောင်းဆိုပိုပြီး နားခါးတာပေါ့။


အကြောင်းတိုက်ဆိုက်သွားလို့ ဖြစ်ဖြစ်စချင်နောက်ချင်လို့ ဖြစ်ဖြစ် ရည်းစားဟောင်း အကြောင်း အစ မဖော်ပါနဲ့နော်..


ပျားရည်မဆမ်းဘဲ ပျားတုတ်သွားပါလိမ့်မယ်။

 

(၂)စိတ်လေလွင့်မနေပါနဲ့

 

2

 

 


မပြီးပြတ်သေးတဲ့ အလုပ်ကိစ္စတွေတွေးလိုက်မိရင်းသူမပြောလိုက်တဲ့စကားတွေ မကြားလိုက်မိတာမျိုး ဆိုရင်လည်းစိတ်ကောက်မှာ အသေအချာပါဘဲ။


သူမရဲ့ အာရုံတွေက ကိုယ့်အပေါ်မှာဘဲရှိနေမှာဖြစ်သလို ကိုယ့်ရဲ့ အာရုံတွေကိုလည်း သူမ အပေါ်မှာ ရှိနေစေချင်မှာပါ။

 

(၃)ဖုန်းကိုပဲ အာရုံစိုက်ပြမနေပါနဲ့

 

3


ဟန်းနီးမွန်းဆိုတာတသက်မှာတခါဘဲ ကြည်နူးရတဲ့ ခရီးစဉ်လေးလေနော်


ဒီတော့ ဒီလိုအချိန်မှာ ချစ်သူနဲ့ဘဲ အချိန်ကုန်ဆုံးသင့်ပါတယ်။


ဖုန်းကိုဘဲ အာရုံစိုက်ပြီး game ဆော့နေတာ မျိုးတွေကိုရှောင်သင့်ပါတယ်။


မိန်းကလေးတွေက ယောကျာ်းလေးတွေနဲ့ယှဉ်ရင် စိတ်ခံစားချက်ပြင်းထန်ပါတယ်။ ကိစ္စသေးသေးလေးတွေကအစ

 

အလေးထားခံစားတတ်သလိုကိုယ့်ချစ်သူလင်ယောကျာ်းရဲ့အချစ်တွေကိုအမြဲသံသယ ရှိနေတတ်ကြပါတယ်။

 

ဒီတော့ သူတို့စိတ်ထဲအခန့်မသင့်တာလေး တွေ့ ရုံနဲ့ ပိုပြီး ဝမ်းနည်းခံစားကြပါတယ်။


သူမအနေနဲ့ လက်ထပ်ဖို့ ဆုံးဖြတ်တာမှန်တဲ့အကြောင်းသေချာစေဖို့ သင့်ဆီက အချစ်နဲ့ ဂရုစိုက်မှူတွေကိုလည်း ပိုလိုချင်ကြပါတယ်။


ဒီတော့သတို့သမီးလေးတို့ရဲ့ စိတ်သဘောကို သေချာနားလည်ထားပြီး ကြင်နာပေးမယ်ဆိုရင်

 

သူမကစိတ်ကောက်ပါဆိုရင်တောင် ကောက်မှာ မဟုတ်တော့ပါဘူးနော်……..

 

Honeymoon

 KZJ

Myanmar Wedding Guide

Read times Last modified on Tuesday, 02 July 2019 16:12
Rate this item
(1 Vote)
Tagged under