ဘယ်တော့မှမရိုးနိုင်တဲ့ ပြည်တွင်းက ဟန်းနီးမွန်းထွက်ဖို့ နေရာ(၃)ခု

ဘယ်တော့မှမရိုးနိုင်တဲ့ ပြည်တွင်းက ဟန်းနီးမွန်းထွက်ဖို့ နေရာ(၃)ခု google.com

သတို့သား၊ သတို့သမီးလေးတို့ရေ မင်္ဂလာဆောင်ကိစ္စတွေ ပြီးစီးသွားပြီဆိုရင်တော့ မင်္ဂလာဦးအမှတ်တရအနေနဲ့ ပျားရည်ဆမ်းခရီးလေး သွားသင့်ပါတယ်နော်။

 

ဟန်းနီးမွန်းထွက်တဲ့အခါမှာ တချို့တွေက ပြည်ပခရီးစဉ်ကို ရွေးချယ်ကြပြီး တချို့တွေက ပြည်တွင်းခရီးစဉ်ကို ရွေးချယ်ကြပါတယ်။ ပြည်တွင်းမှာလည်း လှပပြီး ဟန်းနီးမွန်းထွက်လို့ကောင်းတဲ့ နေရာလေးတွေ အများကြီးရှိပါတယ်နော်။ ဘယ်နေရာလေးတွေ ပါဝင်မလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

 

 

ကမ်းခြေ

 

ကြင်စဦး ဇနီးမောင်နှံလေးတို့ တော်တော်များများ ဟန်းနီးမွန်းအတွက် ရွေးချယ်ဖြစ်ကြတာကတော့ ကမ်းခြေ ဖြစ်မှာပါ။ ကမ်းခြေဆိုရင် ချောင်းသာ၊ ငွေဆောင်နဲ့ ငပလီဆိုပြီး ရွေးချယ်စရာ ()ခုတောင် ရှိပါတယ်။ ရေတံခွန်တွေလည်း ရွေးလို့ရပါသေးတယ်နော်။ ကမ်းခြေမှာဆိုရင်တော့ ပင်လယ်ကိုဖြတ်ပြီး တိုက်ခတ်တဲ့လေပြည်ကြောင့် အမောပြေစေမှာ သေချာပါတယ်။ အုန်းစိမ်းရည်လေး သောက်ပြီး အပန်းဖြေနိုင်ပါသေးတယ်။ နှစ်ဦးသား ရေဆော့ကစားနိုင်တဲ့အပြင် ဟိုတယ်မှာလည်း အေးအေးဆေးဆေး အနားယူအပန်းဖြေနိုင်မှာပါ။ ကမ်းခြေတွေမှာက ဓါတ်ပုံရိုက်လို့ရမယ့် ရှူခင်းတွေလည်း ပိုများတာကြောင့် အလှဓါတ်ပုံတွေအတွက်လည်း စိတ်ပူစရာ မလိုတော့ဘူးပေါ့။

 

 

ပုဂံ

 

ရှေးဟောင်းအမွေအနှစ်တွေကို လေ့လာပြီး အေးအေးဆေးဆေး အပန်းဖြေချင်တဲ့ စုံတွဲလေးတော်တော်များများကတော့ ပုဂံကို ရွေးချယ်ကြပါတယ်။ ရှေးဟောင်းအမွေအနှစ်တွေနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေရှိတာကြောင့် ကိုယ့်နိုင်ငံရဲ့သမိုင်းကြောင်းတွေ၊ ခေတ်အဆက်ဆက် မင်းတွေအကြောင်းလည်း သိခွင့်ရှိရမှာပါ။ ပုဂံတန်ခိုးကြီး ဘုရားတွေလည်း ဖူးမျှော်နိုင်ပြီး အလှူအတန်းတွေလည်း လုပ်နိုင်မှာဖြစ်လို့ မင်္ဂလာဦးကုသိုလ်လည်း ဆောင်ရွက်ခွင့် ရမှာပါနော်။ ပုဂံရှူခင်းတွေနဲ့ နေဝင်ချိန် နေထွက်ချိန် အလှတရားတွေကိုလည်း ခံစားနိုင်မှာ ဖြစ်ပါတယ်။ ကြင်စဦးဇနီးမောင်နှံလေးတို့ လည်ပတ်စရာတွေများလွန်းတဲ့ နေရာလေးဖြစ်တာမို့ ရွေးချယ်သင့်ပါတယ်နော်။

 

 

အင်းလေး

 

တောင်တွေကာရံထားတဲ့အလယ်မှာ အင်းလေးရေပြင်ပြာဆိုတဲ့ သီချင်းစာသားလေးအတိုင်း ရေပြင်ကြီးထဲမှာ လှေလေးစီးရင်း ပျားရည်ဆမ်းကာလလေးကို ဖြတ်သန်းလို့ရပါတယ်။ အင်းလေးမှာ ဝယ်စရာတွေကလည်း ပေါတာမို့ မင်္ဂလာဦးအမှတ်တရတွေ ဖန်တီးလို့ ရပါတယ်။ အင်းလေးမှာ ဓါတ်ပုံရိုက်ဖို့အတွက်လည်း ရှူခင်း၊ ရိုးရာရက်ကန်းတွေလည်း ရှိပါသေးတယ်။ စုံတွဲလေးတွေ အေးအေးဆေးဆေ အနားယူလို့ရမယ့် နေရာတစ်နေရာပါပဲ။

 

ကြင်စဦးဇနီးမောင်နှံလေးတို့ရေ ပြည်တွင်းခရီးစဉ်ကို ဟန်းနီးမွန်းအဖြစ် ရွေးချယ်ထားတယ်ဆိုရင် စီစဉ်ရတာ ပိုပြီးတော့လွယ်ကူမှာပါ။ ရာသီဥတုအနေအထားကိုလည်း ပိုပြီးတော့ ခန့်မှန်းရလွယ်ကူမှာမို့ ရာသီဥတု၊ လမ်းကြမ်းခြင်း စတာတွေကြောင့် ဟန်းနီးမွန်းမှာ အနှောက်အယှက်ဖြစ်ရတာမျိုးတွေ မရှိနိုင်တော့ပါဘူး။

 

 

Credit;Marry

Read times Last modified on Monday, 24 September 2018 15:19
Rate this item
(1 Vote)