ဟန်းနီးမွန်းအတွက် ရွေးချယ်သင့်တဲ့ အဝတ်အစားများ

ဟန်းနီးမွန်းအတွက် ရွေးချယ်သင့်တဲ့ အဝတ်အစားများ google

ချိုမြိန်လှတဲ့ ပျားရည်ဆမ်း ကာလလေးမှာ ခင်ပွန်းကလည်း စမတ်ကျပြီး ပေါ့ပေါ့ပါးပါး ဖြစ်ဖို့လိုသလို ဇနီးချောလေးကလည်း လှပြီး သက်တောင့်သက်သာ ဖြစ်ဖို့လိုပါတယ်နော်။

 

စုံတွဲလေးတို့ရေ ဟန်းနီးမွန်းထွက်တယ်ဆိုတာ မင်္ဂလာဦးအစ ခရီးစဉ်လေးပါပဲနော်။ ချိုမြိန်လှတဲ့ ပျားရည်ဆမ်း ကာလလေးမှာ ခင်ပွန်းကလည်း စမတ်ကျပြီး ပေါ့ပေါ့ပါးပါး ဖြစ်ဖို့လိုသလို ဇနီးချောလေးကလည်း လှပြီး သက်တောင့်သက်သာ ဖြစ်ဖို့လိုပါတယ်နော်။ ဒါမှလည်း စုံတွဲလေးတို့ ဟန်းနီးမွန်းမှာ လွတ်လွတ်လပ်လပ် ပျော်ရမှာပါနော်။ ဒီတော့ လှပပြီး သက်တောင့်သက်သာ ဖြစ်ချင်တယ်ဆိုရင် အဝတ်အစားရွေးချယ်တတ်ဖို့ လိုပါတယ်နော်။

 

စုံတွဲလေးတို့ရေ ဟန်းနီးမွန်းထွက်တဲ့အခါ အဝတ်အစား လုံလုံလောက်လောက် သယ်သွားဖို့ လိုပါတယ်။ ရိုမန်တစ် အဆန်ဆုံးကာလတွေမှာ အင်္ကျီမထပ်သင့်ဘူးမလားနော်။ ဟန်းနီးမွန်းထွက်မယ့် နေရာရဲ့ ရာသီဥတုကိုတော့ သိထားသင့်ပါတယ်။ ပူတဲ့နေရာလား၊ အေးတဲ့နေရာလားပေါ့။ ရာသီဥတုပေါ် မူတည်ပြီး အဝတ်အစားရွေးချယ်ရမှာ ဖြစ်ပါတယ်။

 

စုံတွဲလေးတို့ ဟန်းနီးမွန်းအတွက် အဝတ်အစား ရွေးပြီဆိုရင် အရင်ဆုံး နေ့လည်ခင်းဘက်မှာ ဝတ်မယ့် အဝတ်အစားတွေကို စတင်ပြီး စဉ်းစားပါ။ စကတ်အရမ်းတိုတာလေးတွေတော့ မရွေးချယ်သင့်ပါဘူး။ ဇနီးချောလေးတို့ အရမ်းနေရထိုင်ရ ခက်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဘောင်းဘီနဲ့ ဂါဝန်တွေ များများ ထည့်ပါ။ တီရှပ်လေးတွေ မဖြစ်မနေ သယ်သွားပါ။ နေ့လည်ခင်းမှာ ဝတ်တဲ့ အဝတ်အစားလေးတွေက ခန္ဓာကိုယ်ဆီ နေရောင်ထိတွေ့မှုကနေ ကာကွယ်ပေးနိုင်တာမျိုးဆိုရင် ပိုကောင်းပတယ်။ အင်္ကျီလက်ရှည်လေးတွေ မမေ့ပါနဲ့။ ပူတဲ့ နေရာကို သွားမယ်ဆိုရင်တော့ အမည်းရောင်အင်္ကျီတွေ အများကြီး မသယ်သွားပါနဲ့နော်။ ပိုပြီး ပူစေတာကြောင့်ပါ။

 

စုံတွဲလေးတို့ ပေါ့ပေါ့ပါးပါး အဝတ်အစားတွေအပြင် ညအိပ်ဝတ်စုံတွေ သယ်ဖို့ မမေ့ပါနဲ့နော်။ ပျားရည်ဆမ်းကာလဆိုတာ (၂၄) နာရီလုံး လှနေဖို့နဲ့ ဆွဲဆောင်မှု ရှိဖို့ လိုတယ်မလား။ ဒီတော့ ညအိပ်ဝတ်စုံလေးတွေ သယ်သွားဖို့ မမေ့ပါနဲ့။ ညအိပ်ဝတ်စုံကိုလည်း လှတာလေးတွေ ရွေးချယ်ပါ။

 

အေးတဲ့နေရာကို သွားမယ်ဆိုရင်တော့ အနွေးထည်လေးတွေ သယ်ဖို့ လိုပါတယ်။ စုံတွဲလေးတို့ရေ အေးတဲ့နေရာ သွားတဲ့အခါမှာ အနွေးထည် အထူကြီးတွေ မသယ်ရင်တောင် အပေါ်ထပ်လို့ရတဲ့ အင်္ကျီလေးတွေ သယ်သွားပါနော်။ ဒါမှ အအေးဒဏ်ခံနိုင်မှာပါ။

 

စုံတွဲလေးတို့ အရောင်လွင်တဲ့ အဝတ်အစားနဲ့ နှစ်ယောက်သား အမှတ်တရ ရှိတဲ့ အဝတ်အစားတွေ ရွေးချယ်ပါ။ အရောင်လွင်တာက နှစ်ယောက်စလုံးကို လတ်ဆတ်မှုတွေ ပေးနိုင်ပြီး အမှတ်တရ ရှိခဲ့တဲ့ အဝတ်အစားလေးတွေကတော့ ပျော်စရာကြည်နူးစရာတွေကို ထပ်ဆင့် ဖန်တီးပေးစွမ်းနိုင်မှာမလို့ပါ။

ဟန်းနီးမွန်းထွက်မယ့် စုံတွဲလေးတို့အနေနဲ့ အဝတ်အစား ရွေးချယ်တဲ့အခါမှာ သက်တောင့်သက်တာဖြစ်ပြီး လှပမယ့် အထည်တွေကိုပဲ ရွေးချယ်ပါ။ ရာသီဥတုနဲ့ ကိုက်ညီအောင် စဉ်းစားပါနော်။

 

 

Credit;Marry

Read times Last modified on Friday, 28 December 2018 11:08
Rate this item
(0 votes)