တိုင်ပေရဲ့ဟန်းနီးမွန်းသွားရောက်လည်ပတ်လို့ရမယ့်နေရာများ

တိုင်ပေရဲ့ဟန်းနီးမွန်းသွားရောက်လည်ပတ်လို့ရမယ့်နေရာများ google

အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေအတွက်တရုတ်နိုင်ငံတိုင်ပေကိုဟန်းနီးမွန်းသွားရောက်လည်ပတ်လို့ရမယ့်နေရာလေးတွေကိုဖော်ပြပေးချင်ပါတယ်။

ထိုင်ချုန်း Rainbow Village (ခေါ်) သက်တန့်ရောင် အနုပညာရွာလေး၊ နန်ထိုမြို့ရှိ လူသိများနာမည်ကျော်တဲ့ နေလကန်(ခေါ်) Sun-Moon Lake

ဖူးစာရေးနတ်ရှိရာနေရာလို့ လူသိများတဲ့ Wenwu ဘုရားကျောင်း

ထိုင်ဝမ်မြို့အစားအသောက်များနှင့် ပစ္စည်းမျိုးစုံဝယ်ယူရရှိနိုင်မယ့် ဖုန်ကျားFengjia Night market

ပေပေါင်း ၆၀၀၀ ကျော်အမြင့်ရှိ Alishan National Scenic Area တောင်ပေါ်အမျိုးသားဥယျာဉ်

အနီရောင် ဆိုက်ပရက်(စ်) သစ်ပင်ကြီးများ ပေါက်ရောက်ရာ ပေပေါင်း (6000) ကျော်အမြင့်ရှိ (Alishan National Scenic Area) တောင်ပေါ် အမျိုးသားဥယျာဉ်

နှစ်ပေါင်း (2000) ကျော်သက်တမ်းရှိ သစ်ပင်ကြီးဖြစ်တဲ့ Scared Tree နှင့် Sister Pond

ထိုင်ဝမ်နိုင်ငံရဲ့ အကြီးဆုံးယဉ်ကျေးမှု စင်တာဖြစ်တဲ့ Fo Guang Shan Buddha Museum နှင့် Fo Guang Shan ဗုဒ္ဓရုပ်ပွားတော်ကြီး

ကြာကန်အတွင်း နဂါးရုပ်ထု၊ ကျားရုပ်ထု အစောင့်နှင့် ဘုံ ခုနှစ်ဆင့်ရှိ နာမည်ကျော်ကျောင်းဆောင်ဖြစ်တဲ့ Dragons and Tiger Pagodas

ထိုင်ဝမ်နိုင်ငံရဲ့ ရေပူစမ်း နာမည်ကြီးရှိတဲ့ Taitung Zhiben Area

Little Yehliou လို့တင်စားခေါ်ဝေါ်တဲ့ Xiao Yehliu Natural Stone Sculpture park ကို

လှိုင်းပုံစံအခုံး (၈) ခုဖြင့်ထူးခြားစွာဆောက်လုပ်ထားတဲ့ Sanxiantai Arch Bridge

ထိုင်ဝမ်နိုင်ငံ အမျိုးသားဥယျာဉ် (၉) ခုရှိမှ တစ်ခုအပါအဝင်ဖြစ်တဲ့ Taroko Park

ထိုင်ဝမ်နိုင်ငံရဲ့ အမြင့်ဆုံး ပင်လယ်ကမ်းရိုးတန်း ချောက်ကမ်းပါးတစ်ခုဖြစ်တဲ့ Qingshui Cliff

ဘုရင်မဦးခေါင်းပုံကျောက်ဆောင်နှင့် ပင်လယ်ကမ်းခြေအလှများကို ကြည့်ရှုခံစားနိုင်မယ့် Yeliu Geo Park

ထိုင်ဝမ်နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ဖြစ်တဲ့ ချန်ကေရှိတ်ရဲ့ အောက်မေ့ဖွယ်ရာ ဂူဗိမ္မာန်ဖြစ်တဲ့ Chaing Kai-Shek Memorial Hall

တိုင်ပေမြို့ရဲ့ နာမည်ကျော်မိုးမျှော်အဆောက်အဦးဖြစ်တဲ့ Taipei 101 Tower

ထိုင်ဝမ်ရိုးရာ အစားအသောက်နှင့် အဝတ်အထည်များကို စိတ်တိုင်းကျဝယ်ယူရရှိနိုင်မယ့် Ximending Shopping District စတဲ့နေရာတွေကို သွားရောက်လည်ပတ်နိုင်မှာပဲဖြစ်ပါတယ်။

Wedding Planner (65) ဦးကိုသိရှိလိုပါကနှိပ်ပါ။

 

Zawgyi ဖြင့်ဖတ်ရန်....




















 

Myanmar Wedding Guide

 

jjjj

Read times
Rate this item
(0 votes)
Tagged under