မင်္ဂလာဆောင်ပြီး ဟန်းနီးမွန်း ထွက်လို့ကောင်းမယ့် ကမ်းခြေခရီးစဉ်များ

မင်္ဂလာဆောင်ပြီး ဟန်းနီးမွန်း ထွက်လို့ကောင်းမယ့် ကမ်းခြေခရီးစဉ်များ google

ၾကင္စဦး ဇနီးေမာင္ႏွံေတြအေနနဲ႔ မဂၤလာေဆာင္ၿပီး ဘဝမွာ အၿမဲ အမွတ္တရျဖစ္ေနမယ့္

 

ၾကည္ႏူးစရာ ပ်ားရည္စမ္းခရီး “Honey Trip” သြားေလ့ရွိၾကပါတယ္။ ဟန္းနီးမြန္းခရီးသြားတဲ့အခါ ႏွစ္ဦးသား ေအးေအးေဆးေဆး အနားယူၿပီး

 

အပန္းေျဖႏိုင္မယ့္ ကမ္းေျခခရီးစဥ္မ်ိဳးကို အသြားမ်ားၾကပါတယ္။

 

ယခုအခ်ိန္က မိုးေလကင္းလြတ္ခ်ိန္ ပြင့္လင္းရာသီ သီတင္းကၽြတ္လလည္းျဖစ္တာေၾကာင့္ပင္လယ္ ကမ္းေျခဘက္ေတြကို

 

ဟန္းနီးမြန္းစုံတြဲေတြ ခရီးသြားမယ္ဆို အဆင္ေျပမွာပါေနာ္။ဒါေၾကာင့္ ဒီေန႔မွာေတာ့ မၾကာခင္မဂၤလာေဆာင္ေတာ့မယ့္ ဇနီးေမာင္ႏွံေတြအတြက္

 

သြားေရာက္လည္ပတ္လို႔ေကာင္းၿပီးဟန္းနီးမြန္းခရီးအတြက္ အမွတ္တရ ျဖစ္ေစမယ့္ ကမ္းေျခခရီးစဥ္ေတြကို Myanmar Wedding Guide ကၫႊန္းေပးခ်င္ပါတယ္။

 

bai

 

(၁) ဘာလီ ကမ္းေျခ

 

အင္ဒိုနီးရွား ပိုလာဘာလီ ကြၽန္းေလးရယ္…” ဆိုတဲ့ သီခ်င္းစာသားအတိုင္း သိပ္လွတဲ့ ဘာလီကြၽန္းက

 

အာရွမွာ နာမည္ႀကီး အမိုက္စား ကမ္းေျခေလးတခုပါ။ ရန္ကုန္ကေန ဘာလီကို သြားမယ္ဆိုရင္ ဗီဇာလည္း မလိုသလို

 

စရိတ္လည္း အရမ္းမမ်ားတာေၾကာင့္ အခုေနာက္ပိုင္း ဟန္းနီးမြန္း စုံတြဲေတြ ဘာလီကြၽန္းကို ခရီးသြားေနၾကပါၿပီေနာ္။

 

ဘာလီဆိုတာ ပုဂံနဲ႔ ကေလာကို ငပလီမွာေ႐ႊ႕ထားသလိုမ်ိဳး။ ကမ္းေျခဆိုေပမယ့္ ကမ္းေျခတခုတည္း လည္ရတာမ်ိဳး မဟုတ္ဘဲ

 

ပုဂံလိုမ်ိဳး Temple ေတြရွိၿပီးကေလာလိုမ်ိဳး စပါးခင္းေတြ ေတာင္တန္းေတြပါရွိတာေၾကာင့္ Pre Wedding Photo

 

ေတြရိုက္ကူးမယ္ဆိုလည္းအဆင္ေျပမွာပါ။

 

beach m

 

(၂) ေမာ္လ္ဒိုက္ ကမ္းေျခ

 

မဂၤလာစုံတြဲေတြ ဒုတိယ အသြားမ်ားတာေတာ့ ကမာၻမွာ “Paradise” လို႔ တင္စားထားတဲ့ “Maldives” (ေမာ္လ္ဒိုက္) ကြၽန္းပါ။ ေ

 

မာ္လ္ဒိုက္ကြၽန္းကေတာ့ ဘာလီလိုမ်ိဳး လည္စရာေနရာမ်ားမ်ားစားစား မရွိေပမယ့္ လွပတဲ့ ေရျပင္ျပာျပာနဲ႔အတူ ပင္လယ္ထဲမွာ

 

လွပစြာတည္ရွိေနတဲ့ ကြၽန္းငယ္ေလးေတြမွာ သာသာယာယာနဲ႔ ေအးေအးေဆးေဆး အပန္းေျဖ အနားယူႏိုင္ပါတယ္ေနာ္။

beach phu

 

(၃) ဖူးခတ္ ကမ္းေျခ

 

ျမန္မာႏိုင္ငံနဲ႔ မနီးမေဝး သြားရလြယ္ကူၿပီး ႏိုင္ငံျခားသားေတြလည္း အသြားမ်ား၊ စရိတ္လည္း အရမ္းမမ်ားတဲ့ ကမ္းေျခကေတာ့ ထိုင္းႏိုင္ငံက ဖူးခတ္ကမ္းေျခပါ။

 

သိပ္လွတဲ့ သဘာဝေက်ာက္ေတာင္ ေက်ာက္ေဆာင္ရႈခင္းေတြနဲ႔ လည္ပတ္စရာ ေပါမ်ားတဲ့ ထိုင္းႏိုင္ငံ ဖူးခတ္ကြၽန္းကိုလည္း

 

ဟန္းနီးမြန္း စုံတြဲေတြ အသြားမ်ားၾကပါတယ္

 

beach hua

 

(၄) ဟြာဟင္း ကမ္းေျခ

 

ထိုင္းႏိုင္ငံမွာပဲ ေနာက္ထပ္ လည္စရာကမ္းေျခတခုက ဘန္ေကာက္ကေန ေန႔ခ်င္းျပန္သြားလို႔ရတဲ့ “Hua Hin” ဟြာဟင္းကမ္းေျခခရီးစဥ္ပါ။

 

ဘန္ေကာက္မွာ အလည္အပတ္ Shopping ထြက္ရင္းနဲ႔ ဟြာဟင္းကို သြားေရာက္ လည္ပတ္ႏိုင္မယ့္ ခရီးကို အခုေနာက္ပိုင္း ဟန္းနီးမြန္းစုံတြဲေတြ

 

အသြားမ်ားၾကသလို မဂၤလာေဆာင္မယ့္ ေမာင္ႏွံ ေတြလည္း Pre Wedding ဓာတ္ပုံမ်ား သြား႐ိုက္ၾကတယ္လို႔ သိရပါတယ္။

 

ဟြာဟင္းမွာဆိုရင္ ကမ္းေျခ Beach Activities ေတြအျပင္ ဥေရာပႏိုင္ငံေတြထဲက Venice ၿမိဳ႕ေလးကို ေရာက္သြားသလို ခံစားရမယ့္

 

The Venezia Theme Park ကိုသြားေရာက္လည္ပတ္ႏိုင္ပါတယ္ေနာ္။

 

hay

 

(၄)ဟေလာင္း ပင္လယ္ေအာ္

 

အာရွထဲမွာပဲ ေနာက္ထပ္ လည္စရာေကာင္းတဲ့ ကမာၻ႔အလွဆုံး ေနရာေတြထဲမွာ တခု အပါအဝင္ ျဖစ္တဲ့

 

ဗီယက္နမ္ႏိုင္ငံက Halong Bay (ဟေလာင္း ပင္လယ္ေအာ္) ခရီးစဥ္ကလည္း ဟန္းနီးမြန္း စုံတြဲေတြအတြက္ သြားလည္သင့္တဲ့ ေနရာတခုလို႔ ၫႊန္းခ်င္ပါတယ္။

 

ရန္ကုန္ – ဟႏြိဳင္း – ဟေလာင္း ခရီးစဥ္အတိုင္း သြားေရာက္ႏိုင္ၿပီး ဟေလာင္းေရာက္ၿပီဆိုရင္ ဟေလာင္းရဲ႕

 

သိပ္လွတဲ့ ပင္လယ္ေအာ္ အလွအပရႈခင္းေတြကို ၾကည့္ရႈခံစားရင္း ကမ္းေျခမွာလည္း အပန္းေျဖ ေရေဆာ့ကစားႏိုင္ပါတယ္။

 

ပင္လယ္ထဲ ထိုးထြက္ေနတဲ့ ေက်ာက္ေဆာင္ေက်ာက္ေတာင္ ရႈခင္းေတြကလည္း အံ့မခန္းပါပဲ။

 

ယူနက္စကို စာရင္းဝင္ေနရာတခုျဖစ္တဲ့ “Halong Bay” မွာ ကမ္းေျခအျပင္ သဘာဝထုံးေက်ာက္ လႈိဏ္ဂူေတြကိုလည္းသြားေရာက္ေလ့လာႏိုင္ပါတယ္။

 

beach ny

 

(၆) ေညာင္ဦးဖီးကြၽန္း

 

ျပည္ပက ကမ္းေျခခရီးစဥ္ေတြကို ၫႊန္းၿပီးသြားၿပီဆိုေတာ့ ျမန္မာျပည္တြင္းထဲက သိပ္လွတဲ့ ေညာင္ဦးဖီးကြၽန္း ခရီးစဥ္ကို ၫႊန္းေပးခ်င္ပါတယ္။

 

ေညာင္ဦးဖီးကြၽန္းက ျမန္မာျပည္ေတာင္ဘက္ အစြန္းေကာ့ေသာင္းၿမိဳ႕မွာ တည္ရွိၿပီး ေကာ့ေသာင္းကေနသူေဌးကြၽန္း၊ေညာင္ဦးဖီးကြၽန္း၊ရဲမက္ကြၽန္းစတဲ့

 

ဘဂၤလားပင္လယ္ေအာ္ထဲမွာရွိတဲ့ ကြၽန္းခရီးစဥ္ေတြသြားေရာက္လည္ပတ္ႏိုင္ပါတယ္။ျဖဴလႊလႊသဲေသာင္ေတြနဲ႔Crystalလိုၾကည္လင္သန႔္ရွင္းေနတဲ့

 

ပင္လယ္ေရတည္ရွိရာ ျမန္မာျပည္အတြင္းက အလွဆုံး ကြၽန္းေတြကို သြားေရာက္လည္ပတ္ၾကည့္ပါေနာ္။

 

beach nga

 

(၇) ငပလီ ကမ္းေျခ

 

ကမာၻေပၚက အလွပဆုံး ကမ္းေျခေတြထဲမွာ တခုအပါအဝင္ျဖစ္တဲ့ ငပလီကမ္းေျခကို

 

ႏိုင္ငံျခားသား ခရီးသြားဧည့္သည္ေတြ သေဘာက် လာေရာက္လည္ပတ္ေလ့ရွိၾကပါတယ္။

 

ကမ္းစပ္အထိ ျပာလဲ့ေနတဲ့ ေရျပာျပာေတြနဲ႔ သိပ္လွတဲ့ ငပလီ ကမ္းေျခက အခုဆိုရင္ ျပည္တြင္း ခရီးသြား

 

ဧည့္သည္ေတြပါ သြားေရာက္လည္ပတ္မႈ မ်ားပါတယ္ေနာ္။ငပလီမွာ ကမ္းေျခအျပင္ လည္ပတ္စရာ

 

ပုလဲကြၽန္း၊ သဲျဖဴကြၽန္း စတဲ့ ကြၽန္းခရီးစဥ္ေတြကို သြားေရာက္ လည္ပတ္ ႏိုင္ပါေသးတယ္ေနာ္။

 

beach saun

 

(၈) ေငြေဆာင္ ကမ္းေျခ

 

ရန္ကုန္နဲ႔လည္း မနီးမေဝး သြားရတာလည္း လြယ္ကူၿပီး ျမန္မာႏိုင္ငံရဲ႕ အလွဆုံးကမ္းေျခေတြထဲကတခုျဖစ္တဲ့ ေငြေဆာင္ ကမ္းေျခခရီးစဥ္ကလည္း

 

ပည္တြင္းခရီးသြားဧည့္သည္ေတြ ဟန္းနီးမြန္းခရီး ထြက္ၾကတဲ့ ကမ္းေျခေတြထဲမွာ တခု အပါအဝင္ပါ။ ေငြေဆာင္ကမ္းေျခက ၉ မိုင္ေက်ာ္

 

ရွည္လ်ားၿပီး ေငြေဆာင္မွာဆို ေရကူး၊ အပန္းေျဖၿပီး ေအးေအးေဆးေဆး အနားယူေလ့ရွိၾကပါတယ္။

 

ဟိုတယ္ကေန ကြၽန္းခရီးစဥ္ေတြ သြားခ်င္တယ္ဆိုရင္ ငွက္ကြၽန္း၊ ေတာင္လ်ားရွည္ကြၽန္း၊ လိပ္ကြၽန္း စတဲ့

 

ကြၽန္းေတြဆီ Speed Boat နဲ႔ သြားေရာက္လည္ပတ္ႏိုင္ပါတယ္။

 

ဒီလိုဆိုရင္ ျပည္တြင္းျပည္ပက အလွဆုံး ကမ္းေျခခရီးစဥ္ေတြကို သိထားၿပီး ဘဝမွာ အမွတ္တရ ျဖစ္ေနမယ့္

 

ဟန္းနီးမြန္းခရီးစဥ္ေလးကို ခ်စ္သူနဲ႔ သာသာယာယာ ခရီးထြက္ႏိုင္ၾကပါေစေနာ္။

 

Unicode

ကင်စဦး ဇနီးမောင်နှံတွေအနေနဲ့ မင်္ဂလာဆောင်ပြီး ဘဝမှာ အမြဲ အမှတ်တရဖြစ်နေမယ့်

ကြည်နူးစရာ ပျားရည်စမ်းခရီး “Honey Trip” သွားလေ့ရှိကြပါတယ်။ ဟန်းနီးမွန်းခရီးသွားတဲ့အခါ နှစ်ဦးသား အေးအေးဆေးဆေး အနားယူပြီး

အပန်းဖြေနိုင်မယ့် ကမ်းခြေခရီးစဉ်မျိုးကို အသွားများကြပါတယ်။

ယခုအချိန်က မိုးလေကင်းလွတ်ချိန် ပွင့်လင်းရာသီ သီတင်းကျွတ်လလည်းဖြစ်တာကြောင့်ပင်လယ် ကမ်းခြေဘက်တွေကို

ဟန်းနီးမွန်းစုံတွဲတွေ ခရီးသွားမယ်ဆို အဆင်ပြေမှာပါနော်။ဒါကြောင့် ဒီနေ့မှာတော့ မကြာခင်မင်္ဂလာဆောင်တော့မယ့် ဇနီးမောင်နှံတွေအတွက်

သွားရောက်လည်ပတ်လို့ကောင်းပြီးဟန်းနီးမွန်းခရီးအတွက် အမှတ်တရ ဖြစ်စေမယ့် ကမ်းခြေခရီးစဉ်တွေကို Myanmar Wedding Guide ကညွှန်းပေးချင်ပါတယ်။

(၁) ဘာလီ ကမ်းခြေ

“အင်ဒိုနီးရှား ပိုလာဘာလီ ကျွန်းလေးရယ်…” ဆိုတဲ့ သီချင်းစာသားအတိုင်း သိပ်လှတဲ့ ဘာလီကျွန်းက

အာရှမှာ နာမည်ကြီး အမိုက်စား ကမ်းခြေလေးတခုပါ။ ရန်ကုန်ကနေ ဘာလီကို သွားမယ်ဆိုရင် ဗီဇာလည်း မလိုသလို

စရိတ်လည်း အရမ်းမများတာကြောင့် အခုနောက်ပိုင်း ဟန်းနီးမွန်း စုံတွဲတွေ ဘာလီကျွန်းကို ခရီးသွားနေကြပါပြီနော်။

ဘာလီဆိုတာ ပုဂံနဲ့ ကလောကို ငပလီမှာရွှေ့ထားသလိုမျိုး။ ကမ်းခြေဆိုပေမယ့် ကမ်းခြေတခုတည်း လည်ရတာမျိုး မဟုတ်ဘဲ

ပုဂံလိုမျိုး Temple တွေရှိပြီးကလောလိုမျိုး စပါးခင်းတွေ တောင်တန်းတွေပါရှိတာကြောင့် Pre Wedding Photo

တွေရိုက်ကူးမယ်ဆိုလည်းအဆင်ပြေမှာပါ။

(၂) မော်လ်ဒိုက် ကမ်းခြေ

မင်္ဂလာစုံတွဲတွေ ဒုတိယ အသွားများတာတော့ ကမ္ဘာမှာ “Paradise” လို့ တင်စားထားတဲ့ “Maldives” (မော်လ်ဒိုက်) ကျွန်းပါ။ ေ

မာ်လ်ဒိုက်ကျွန်းကတော့ ဘာလီလိုမျိုး လည်စရာနေရာများများစားစား မရှိပေမယ့် လှပတဲ့ ရေပြင်ပြာပြာနဲ့အတူ ပင်လယ်ထဲမှာ

လှပစွာတည်ရှိနေတဲ့ ကျွန်းငယ်လေးတွေမှာ သာသာယာယာနဲ့ အေးအေးဆေးဆေး အပန်းဖြေ အနားယူနိုင်ပါတယ်နော်။

(၃) ဖူးခတ် ကမ်းခြေ

မြန်မာနိုင်ငံနဲ့ မနီးမဝေး သွားရလွယ်ကူပြီး နိုင်ငံခြားသားတွေလည်း အသွားများ၊ စရိတ်လည်း အရမ်းမများတဲ့ ကမ်းခြေကတော့ ထိုင်းနိုင်ငံက ဖူးခတ်ကမ်းခြေပါ။

သိပ်လှတဲ့ သဘာဝကျောက်တောင် ကျောက်ဆောင်ရှုခင်းတွေနဲ့ လည်ပတ်စရာ ပေါများတဲ့ ထိုင်းနိုင်ငံ ဖူးခတ်ကျွန်းကိုလည်း

ဟန်းနီးမွန်း စုံတွဲတွေ အသွားများကြပါတယ်။

(၄) ဟွာဟင်း ကမ်းခြေ

ထိုင်းနိုင်ငံမှာပဲ နောက်ထပ် လည်စရာကမ်းခြေတခုက ဘန်ကောက်ကနေ နေ့ချင်းပြန်သွားလို့ရတဲ့ “Hua Hin” ဟွာဟင်းကမ်းခြေခရီးစဉ်ပါ။

ဘန်ကောက်မှာ အလည်အပတ် Shopping ထွက်ရင်းနဲ့ ဟွာဟင်းကို သွားရောက် လည်ပတ်နိုင်မယ့် ခရီးကို အခုနောက်ပိုင်း ဟန်းနီးမွန်းစုံတွဲတွေ

အသွားများကြသလို မင်္ဂလာဆောင်မယ့် မောင်နှံ တွေလည်း Pre Wedding ဓာတ်ပုံများ သွားရိုက်ကြတယ်လို့ သိရပါတယ်။

ဟွာဟင်းမှာဆိုရင် ကမ်းခြေ Beach Activities တွေအပြင် ဥရောပနိုင်ငံတွေထဲက Venice မြို့လေးကို ရောက်သွားသလို ခံစားရမယ့်

The Venezia Theme Park ကိုသွားရောက်လည်ပတ်နိုင်ပါတယ်နော်။

(၄)ဟလောင်း ပင်လယ်အော်

အာရှထဲမှာပဲ နောက်ထပ် လည်စရာကောင်းတဲ့ ကမ္ဘာ့အလှဆုံး နေရာတွေထဲမှာ တခု အပါအဝင် ဖြစ်တဲ့

ဗီယက်နမ်နိုင်ငံက Halong Bay (ဟလောင်း ပင်လယ်အော်) ခရီးစဉ်ကလည်း ဟန်းနီးမွန်း စုံတွဲတွေအတွက် သွားလည်သင့်တဲ့ နေရာတခုလို့ ညွှန်းချင်ပါတယ်။

ရန်ကုန် – ဟနွိုင်း – ဟလောင်း ခရီးစဉ်အတိုင်း သွားရောက်နိုင်ပြီး ဟလောင်းရောက်ပြီဆိုရင် ဟလောင်းရဲ့

သိပ်လှတဲ့ ပင်လယ်အော် အလှအပရှုခင်းတွေကို ကြည့်ရှုခံစားရင်း ကမ်းခြေမှာလည်း အပန်းဖြေ ရေဆော့ကစားနိုင်ပါတယ်။

ပင်လယ်ထဲ ထိုးထွက်နေတဲ့ ကျောက်ဆောင်ကျောက်တောင် ရှုခင်းတွေကလည်း အံ့မခန်းပါပဲ။

ယူနက်စကို စာရင်းဝင်နေရာတခုဖြစ်တဲ့ “Halong Bay” မှာ ကမ်းခြေအပြင် သဘာဝထုံးကျောက် လှိုဏ်ဂူတွေကိုလည်းသွားရောက်လေ့လာနိုင်ပါတယ်။

(၆) ညောင်ဦးဖီးကျွန်း

ပြည်ပက ကမ်းခြေခရီးစဉ်တွေကို ညွှန်းပြီးသွားပြီဆိုတော့ မြန်မာပြည်တွင်းထဲက သိပ်လှတဲ့ ညောင်ဦးဖီးကျွန်း ခရီးစဉ်ကို ညွှန်းပေးချင်ပါတယ်။

ညောင်ဦးဖီးကျွန်းက မြန်မာပြည်တောင်ဘက် အစွန်းကော့သောင်းမြို့မှာ တည်ရှိပြီး ကော့သောင်းကနေသူဌေးကျွန်း၊ညောင်ဦးဖီးကျွန်း၊ရဲမက်ကျွန်းစတဲ့

ဘင်္ဂလားပင်လယ်အော်ထဲမှာရှိတဲ့ ကျွန်းခရီးစဉ်တွေသွားရောက်လည်ပတ်နိုင်ပါတယ်။ဖြူလွှလွှသဲသောင်တွေနဲ့Crystalလိုကြည်လင်သန့်ရှင်းနေတဲ့

ပင်လယ်ရေတည်ရှိရာ မြန်မာပြည်အတွင်းက အလှဆုံး ကျွန်းတွေကို သွားရောက်လည်ပတ်ကြည့်ပါနော်။

(၇) ငပလီ ကမ်းခြေ

ကမ္ဘာပေါ်က အလှပဆုံး ကမ်းခြေတွေထဲမှာ တခုအပါအဝင်ဖြစ်တဲ့ ငပလီကမ်းခြေကို

နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေ သဘောကျ လာရောက်လည်ပတ်လေ့ရှိကြပါတယ်။

ကမ်းစပ်အထိ ပြာလဲ့နေတဲ့ ရေပြာပြာတွေနဲ့ သိပ်လှတဲ့ ငပလီ ကမ်းခြေက အခုဆိုရင် ပြည်တွင်း ခရီးသွား

ဧည့်သည်တွေပါ သွားရောက်လည်ပတ်မှု များပါတယ်နော်။ငပလီမှာ ကမ်းခြေအပြင် လည်ပတ်စရာ

ပုလဲကျွန်း၊ သဲဖြူကျွန်း စတဲ့ ကျွန်းခရီးစဉ်တွေကို သွားရောက် လည်ပတ် နိုင်ပါသေးတယ်နော်။

(၈) ငွေဆောင် ကမ်းခြေ

ရန်ကုန်နဲ့လည်း မနီးမဝေး သွားရတာလည်း လွယ်ကူပြီး မြန်မာနိုင်ငံရဲ့ အလှဆုံးကမ်းခြေတွေထဲကတခုဖြစ်တဲ့ ငွေဆောင် ကမ်းခြေခရီးစဉ်ကလည်

း ပြည်တွင်းခရီးသွားဧည့်သည်တွေ ဟန်းနီးမွန်းခရီး ထွက်ကြတဲ့ ကမ်းခြေတွေထဲမှာ တခု အပါအဝင်ပါ။ ငွေဆောင်ကမ်းခြေက ၉ မိုင်ကျော်

ရှည်လျားပြီး ငွေဆောင်မှာဆို ရေကူး၊ အပန်းဖြေပြီး အေးအေးဆေးဆေး အနားယူလေ့ရှိကြပါတယ်။

ဟိုတယ်ကနေ ကျွန်းခရီးစဉ်တွေ သွားချင်တယ်ဆိုရင် ငှက်ကျွန်း၊ တောင်လျားရှည်ကျွန်း၊ လိပ်ကျွန်း စတဲ့

ကျွန်းတွေဆီ Speed Boat နဲ့ သွားရောက်လည်ပတ်နိုင်ပါတယ်။

ဒီလိုဆိုရင် ပြည်တွင်းပြည်ပက အလှဆုံး ကမ်းခြေခရီးစဉ်တွေကို သိထားပြီး ဘဝမှာ အမှတ်တရ ဖြစ်နေမယ့်

ဟန်းနီးမွန်းခရီးစဉ်လေးကို ချစ်သူနဲ့ သာသာယာယာ ခရီးထွက်နိုင်ကြပါစေနော်။

Myanmar Wedding Guide

3

Read times Last modified on Tuesday, 08 October 2019 10:26
Rate this item
(0 votes)
Tagged under