အင်္ဂလန်နိုင်ငံက ဟန်းနီးမွန်းအတွက်လည်ပတ်စရာနေရာများ…
အင်္ဂလန်နိုင်ငံက ဟန်းနီးမွန်းအတွက်လည်ပတ်စရာနေရာများ… google
အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကို အင်္ဂလန်နိုင်ငံက ဟန်းနီးမွန်းအတွက်လည်ပတ်စရာနေရာတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်။
အင်္ဂလိပ်လူမျိုးတွေရဲ့ စည်းစနစ်ကျမှုတွေ၊ နိုင်ငံကြီးသား ပီသမှုတွေ၊ အရှိန်အဝါပြင်းကျော်ကြားလှတဲ့ တော်ဝင်မိသားစု၊
မြန်မာဘောလုံး ပရိသတ်တွေရဲ့ အသင်းတွေ တည်ရှိရာမြို့တွေ၊ပညာရေးမှာလည်း ကမ္ဘာကို စိုးမိုးထားတဲ့ အင်္ဂလန်က တက္ကသိုလ် ကျောင်းတော်ကြီးတွေ၊
သမိုင်းရာဇဝင်တွေ၊ ဖွံ့ဖြိုးတိုးတက်လွန်းတဲ့ မြို့ပြစနစ်တွေဒစတဲ့အကြောင်းအရာတွေကြောင့် အင်္ဂလန်နိုင်ငံကို မြန်မာလူမျိုးတွေအနေနဲ့ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်နော်။
ဥရောပ မြောက်ပိုင်းတွင် အကြီးဆုံး Gothic ဘုရားကျောင်းကြီး York Minster ၊ရောမခေတ်၏ နန်းမြို့ရိုး City Wall (ခေါ် ) Roman Wall၊
Urban park အဖြစ် လူသိများထင်ရှားတဲ့ York Central Park၊Manchester United ဘောလုံး Fan တွေရဲ့ အိမ်မက်ဖြစ်တဲ့ OldTrafford Stadium၊Manchester Cathedral ၊
Anfield (Liverpool Stadium) နဲ့နာမည်ကျော် Cardiff Castle သို့သွားရောက်လည်ပတ်ပြီး Harry Potter ရုပ်ရှင်ရိုက်ကူးရာ ကျောင်းတော်ကြီးနဲ့
Oxford University Campus အား လှည့်လည်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။နာမည်ကျော် Bicester Village
Outlet တွင် ဈေးဝယ်ထွက်လို့လည်းရပါသေးတယ်နော်။Cambridge University Campus အား လှည့်လည်ကြည့်ရှုခြင်း။
Cambridge University အတွင်း သာယာလှပသောရှုခင်းများအားကြည့်ရှုရင်း၊ချစ်စရာလှေငယ်လေးများစီးခြင်းတွေကိုပြုလုပ်နိုင်မှာဖြစ်သလို
သိမ်းစ်မြစ်တစ်လျောက် အပျော်စီးသဘောၤ စီးနင်းနိုင်ပါတယ်။ဒါ့အပြင် လန်ဒန်မြို့ရဲ့ အလှကိုခံစားနိုင်မယ့် London Eye Wheel ကိုစီးနင်းနိုင်မှာဖြစ်သလို
အင်္ဂလိပ်တွေရဲ့ နန်းအဆက်ဆက်ထိန်းသိမ်းလာတဲ့ ရတနာတွေနဲ့ သမိုင်းကြောင်းတွေကို ဖော်ပြထားတဲ့ နန်းတော်ဟောင်း Tower of London (Museum)၊
လန်ဒန်မြို့၏ သင်္ကေတ တစ်ခုဖြစ်တဲ့ Tower Bridge တံတားကြီး၊ဘုရင်မကြီးစံမြန်းရာ တော်ဝင်မိသားစု၏ Buckingham Palace၊ဘုရင်မကြီး၏နွေရာသီနန်းတော် Winsor Garden၊
လန်ဒန်၏ နာမည်ကျော် နာရီစင်ကြီး Big Ben၊အင်္ဂလန် နန်းဆက်များ၏ နန်းတော်ဟောင်း နှင့်
ပါလီမန်အဆောက်အအုံစောင်း Houses of Parliament and Palace of Westminster၊၊William မင်းသား နှင့် Kate တို့လက်ထပ်သည့် ဘုရားကျောင်းကြီးWestminster Abbey၊
မင်းသမီး ဒိုင်ယာနာ လက်ထပ်ခဲ့သည့် ဘုရားကျောင်းကြီး St. Paul’s Cathedral စတဲ့ နေရာတွေကို ဟန်းနီးမွန်းစုံတွဲလေးတွေအနေနဲ့ သွားရောက်လည်ပတ်နိုင်မှာပဲဖြစ်ပါတယ်။
Tourism Services ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ၁၃၆၂ ခုကိုရှာရန်နှိပ်ပါ။
Zawgyi ဖြင့်ဖတ်ရန်...
Myanmar Wedding Guide
1we
Read times
Rate this item
(0 votes)
Tagged under