အီဂျစ်မှာ ပျားရည်ဆမ်းမယ်ဆို...

အီဂျစ်မှာ ပျားရည်ဆမ်းမယ်ဆို... google

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကို ဟန်းနီးမွန်းအတွက်ရွေးချယ်စရာ အီဂျစ်ခရီးစဉ်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။

 

ဒီခရီးစဉ်လေးကတော့ Tour De Myanmar Travels & Tours ရဲ့ အီဂျစ်ခရီးစဉ်လေးပဲဖြစ်ပါတယ်။USD 2190 ကျသင့်မယ့်ခရီးစဉ်လေးဖြစ်ပါတယ်။

 

ခရီးစဉ်တလျှောက် သွားရောက်လည်ပတ်နိုင်မယ့်နေရာတွေကတော့

 

အီဂျစ်မြို့တော်ရဲ့ ရှေးအကျဆုံး ခရစ်ယာန်ဘုရားရှိခိုးကျောင်းဖြစ်တဲ့ (Hanging Church)၊

 

ရှေးဟောင်းကမ္ဘာ့အံ့ဖွယ်တွေထဲကတစ်ခုအပါအဝင်ဖြစ်တဲ့ Giza ပိရမစ်များ၊

 

လူမျက်နှာနှင့် ခြင်္သေ့ကိုယ်ရှိသည့် Sphinx ရုပ်ထု၊

 

Khan El Khalili ဈေးအတွင်း ဈေးဝယ်ခြင်း အစရှိတဲ့နေရာများကို သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။

 

အီဂျစ်ရိုးရာ အမွေအနှစ်ပစ္စည်းပေါင်း ၁၂၀,၀၀၀ ကျော်ခန့်ကို ပြသထားတဲ့ Egyptian Museum၊

 

နိုင်းမြစ်အတွင်း အပျော်စီးသင်္ဘောစီးခြင်း၊

 

လွမ်းမောဖွယ် ဒဏ္ဍာရီတွေနဲ့ Philae Temple၊

 

UNESCO ၏ ကမ္ဘာ့သမိုင်းဝင် အမွေအနှစ်တစ်ခုအဖြစ်သတ်မှတ်ခြင်းခံရသည့် အဘူဆင်ဘယ်လ် Temple၊

 

ကမ္ဘာ့အကြီးဆုံး ရေကာတာများထဲမှတစ်ခုဖြစ်တဲ့ Aswan High Dam၊

 

အစ္စနာမြို့ရဲ့ အဓိကဆွဲဆောင်မှုတစ်ခုဖြစ်တဲ့ အက်ဒ်ဖူး (Edfu) ကျောင်းတော်၊

 

ဘုရင်နဲ့ တော်ဝင်မျိုးနွယ်တွေရဲ့ သင်္ချီုင်းဂူတွေများစွာရှိတဲ့ ဘုရင်များတောင်ကြား (Valley of the Kings)၊

 

အီဂျစ်သမိုင်းတွင် ထင်ရှားသော ဟာရှစ်ဆုဘုရင်မရဲ့ အဆင့်သုံးဆင့်ရှိသော Hatshepsut Temple၊

 

အီဂျစ်တွင် အခန့်ငြားဆုံးနှင့်အကြီးမားဆုံးသော Master Piece လို့တင်စားခေါ်ဝေါ်တဲ့ Kanak Temple and Luxor Temple၊

 

ပင်လယ်နီထဲက လှပတဲ့ကျွန်းလေး Paradise Island မှာရေကူးရင်း ပင်လယ်နီထဲက သန္တာကျောက်တန်းတွေကြည့်ဖို့ Snorkeling လုပ်ကြမယ်။

 

Address: အမှတ်(၁၀၉)၊ ပထမထပ်၊ စဉ့်အိုးတန်းလမ်း၊လသာမြို့နယ်၊ ရန်ကုန်မြို့။

 

Phone: 01-378503, 378127, 250734

 

Zawgyi ဖြင့်ဖတ်ရန်...

 


 


 


 

sr4

 


 


 


 

sr5

 


 


 

sr1

 


 


 


 


 

sr6

 


 


 


 


 


 


 


 

Myanmar Wedding Guide

 

jjjj

Read times Last modified on Friday, 31 January 2020 17:14
Rate this item
(0 votes)
Tagged under