ဟန်းနီးမွန်းအတွက် သွားရောက်လည်ပတ်စရာ ဘာလီတစ်ခွင်

ဟန်းနီးမွန်းအတွက် သွားရောက်လည်ပတ်စရာ ဘာလီတစ်ခွင် google

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ ဟန်းနီးမွန်းအတွက် သွားရောက်လည်ပတ်စရာ ဘာလီတစ်ခွင်ကနေရာလေးတွေနဲ့ Myanmar Wedding Guide ပရိတ်သတ်တွေကို မိတ်ဆက်ဖော်ပြပေးချင်ပါတယ်။

သဘာဝရဲ့ ရတနာလို့ တင်စားခေါ်ဝေါ်ကြရတဲ့ဘာလီရဲ့ အထင်ကရ ပင်လယ်ထဲက Temple တစ်ခုဖြစ်တဲ့ Tanah Lot ကျောင်းတော်နဲ့

ဘာလီ ရဲ့ အထင်ကရ ရှုခင်းတွေနဲ့ မှင်သက် လှပလွန်းတဲ့ Uluwatu Temple ကိုအရင်ဆုံးသွားသင့်ပါတယ်။

ပြီးရင်တော့ ဘာလီ ရောက်ရင် မဖြစ်မနေInstagram ဓါတ်ပုံတွေ တင်ဖို့ Handara Gate,Bali Nestနဲ့ Bali Swing ကိုသွားရောက်ကြည့်ပါ။

Water Sport မျိုးစုံဆောင် ဆော့ကစား ရင်း စိတ်ကြိုက် အပန်းဖြေ အနားယူကြဖို့ Tanjung Benoa Beach ၊ရေလှိုင်းတွေနဲ့ ကျောက်ဆောင် အလှတွေ ဓါတ်ပုံရိုက်ဖို့ Water Blow ၊

Beach မှာ ဘာလီ အကတွေ ကြည့်ရှုခံစားရင်း ကျောက်ပုဇွန်တွေ ပါတဲ့ SeafoodDinner မြည်းစမ်းကြည့်ခဲ့ဖို့လည်းမှာချင်ပါတယ်နော်။

Instagram မှာ အရမ်း Hot နေတဲ့ နေရာဖြစ်တဲ့ Nusa Penida ကျွန်း၊သဲဖြူဖြူ လေးတွေနဲ့ ကြည်လင်လှပလွန်းတဲ့ Broken Beach နဲ့

အမိုက်စား View နဲ့ ဓါတ်ပုံ လှလှတွေ ရှယ်ရိုက်ကြဖို့ Klingking Beach တို့ဆီလည်းသွားရောက်လည်ပတ်နိုင်သလို

ရိုးရာပစ္စည်း လက်မှုပစ္စည်းမျိုးစုံကိုဝယ်ယူနိုင်ဖို့ Ubad Art Market ဆီအရောက်သွားဖို့လည်းလိုအပ်ပါတယ်။

ဒါ့အပြင် Angel Bilabong မှာ အမိုက်စား ဓါတ်ပုံတွေ ရိုက်ရင်းKuta မှာလဲ စိတ်ကြိုက် Shopping ထွက်နိုင်မှာဖြစ်လို့ ဟန်းနီးမွန်းအတွက် ဘာလီခရီးစဉ်လေးကပြည့်စုံမယ်လို့မျှော်လင့်ပါတယ်။

Halls for Hire ခန်းမ(215)

 

Zawgyi ဖြင့်ဖတ်ရန်....











Halls for Hire ခန်းမ(215)

 

Myanmar Wedding Guide

 

1we

Read times
Rate this item
(0 votes)
Tagged under