ပြည်ပကိုဟန်းနီးမွန်းထွက်မယ်ဆိုရင် ဘယ်နိုင်ငံတွေကိုသွားမလဲ

ပြည်ပကိုဟန်းနီးမွန်းထွက်မယ်ဆိုရင် ဘယ်နိုင်ငံတွေကိုသွားမလဲ google.com

ဟန်းနီးမွန်းအတွက်ဘယ်နိုင်ငံကိုသွားမလဲဆိုတာ ရွေးချယ်စရာတွေအများကြီးပါ။

ရွေးချယ်စရာပြည်ပနိုင်ငံတွေထဲကမှ ပြည်ပနိုင်ငံ () နိုင်ငံကိုမျှဝေပေးလိုက်ပါတယ်။

မင်္ဂလာဆောင်ကိစ္စတွေစီစဉ်တဲ့အခါမှာ မင်္ဂလာပွဲအပြီးဟန်းနီးမွန်းထွက်မယ် စိတ်ကူးထားရင်ဟန်းနီးမွန်းအတွက်ပါ ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။ ဒီလိုကြိုတင်ပြင်ဆင်ထားမှသာ မင်္ဂလာပွဲအပြီးမှာအဆင်ပြေမှာပါ။ ဟန်းနီးမွန်းထွက်တဲ့အခါ ပြည်တွင်းပဲလား၊ ပြည်ပနိုင်ငံခြားကိုသွားမလားဆိုတာ အရင်ဆုံးရွေးချယ်ရမှာပါ။ ပြည်ပကိုပဲသွားမယ်စိတ်ကူးရင်လည်း ဘယ်နိုင်ငံကိုသွားမလဲ ရွေးချယ်စရာတွေအများကြီးပါ။ ရွေးချယ်စရာ ပြည်ပနိုင်ငံတွေထဲကမှ ပျော်ရွှင်စိတ်လှုပ်ရှားစရာကောင်းစေမယ့် ပြည်ပနိုင်ငံ() နိုင်ငံကိုမျှဝေပေးလိုက်ပါတယ်။

 

ဂျပန်

 

Japan min

 

ဥရောပဘက် မဟုတ်ဘဲ အာရှထဲမှာပဲ ခရီးထွက်မယ်ဆိုရင်တော့ ထိုင်း၊ ဗီယက်နမ်အပြင် တော်တော်များများသွားကြတာကတော့ ဂျပန်ပါ။ ဂျပန်နိုင်ငံမှာ ဆာကူရာပန်းလေးတွေလွှမ်းနေပြီး အေးချမ်းသာယာတဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်တာကြောင့်ကြင်စဦးဇနီးမောင်နှံလေးတွေစိတ်ချမ်းမြေ့စေမှာပါ။ နောက်တစ်ခုကတော့ ဂျပန်နိုင်ငံရဲ့အစားအစာ၊ ရိုးရာယဉ်ကျေးမှုတွေကလည်း မြတ်နိုးစရာမို့ ဗဟုသုတရစေမယ့်အပြင် ဓါတ်ပုံလှလှလေးတွေအများကြီးရိုက်လို့ရမယ့် နိုင်ငံပါ။

 

ဘော်နီယိုကျွန်း

 

borneo island min

 

မလေးရှားဘက်ကိုသွားမယ်ဆိုရင်တော့ ဘော်နီယိုကျွန်းလေးကိုညွှန်းချင်ပါတယ်။ ဘော်နီယိုကျွန်းလေးက ကြင်စဦးဇနီးမောင်နှံတွေအတွက် ဟန်းနီးမွန်းထွက်ဖို့ အကောင်းဆုံးနေရာတစ်ခုပါပဲ။ သဘာဝအလှတရားတွေ ပြည့်နှက်နေပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ကောင်းတဲ့နေရာတစ်ခုဖြစ်တာကြောင့် ဇနီးမောင်နှံတို့ရင်ခုန်သံမြန်မြန်ဖြစ်စေမယ့်ဟန်းနီးမွန်းလေးဖြစ်မှာပါ။

 

ဒိန်းမတ်

 

denmark min

 

ဒိန်းမတ်နိုင်ငံဟာလည်း အေးချမ်းသာယာတဲ့နိုင်ငံတစ်ခုပါပဲ။ အနုပညာလက်ရာတွေ၊ ယဉ်ကျေးမှုတွေနဲ့ ပြည့်နှက်နေတဲ့နိုင်ငံဖြစ်ပြီး အဆောက်အဦးဟောင်းတွေလည်းရှိပါတယ်။ နေရာတိုင်းလိုလိုမှာအနုပညာလက်ရာတွေရှိပြီး သူတို့တွေရဲ့အနုပညာလက်ရာဖန်တီးမှု၊ အလှအပတွေကဇနီးမောင်နှံလေးတို့ကို အိမ်မပြန်ချင်လောက်အောင်ဆွဲဆောင်ထားမှာပါ။

 

အီတလီ

 

itlay min

 

ပျားရည်ဆမ်းခရီးလေးကို အီတလီကိုရွေးချယ်မယ်ဆိုရင်လည်းပျော်စရာကောင်းမှာပါ။ အီတလီနိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ဖော်ရွှေမှုတွေ၊ အနုပညာတွေနဲ့ဗိသုကာလက်ရာတွေက စိတ်ပျော်ရွှင်မှုအပြည့်အဝရရှိစေမှာပါ။ ရေပေါ်မြို့လေးဆီလည်းသွားလည်လို့ရပြီး လမ်းမထက်မှာပျော်ပျော်ရွှင်ရွှင်လမ်းလျှောက်တာကလည်း ရင်ခုန်စရာအတိဖြစ်နေမှာပါ။ အရာရာတိုင်းကခမ်းနားပြီးလှပနေမှာမို့ ပျားရည်ဆမ်းခရီးစဉ်လေးကအမှတ်တရများစွာကျန်နေမှာ သေချာပါတယ်။ ဓါတ်ပုံလှလှလေးတွေ ရိုက်ဖို့မမေ့နဲ့နော်။

 

ဇနီးမောင်နှံလေးတို့ ပြည်ပခရီးစဉ်ဘယ်သွားမလဲဆိုတာစဉ်းစားပြီးပြီဆိုရင်တော့ Passport သက်တမ်းတိုးတာတွေ၊ ဗီဇာကြိုလျှောက်တာတွေလုပ်ထားပါနော်။ ပြည်ပခရီးထွက်လို့ကောင်းမယ့် နိုင်ငံ () နိုင်ငံကိုဖော်ပြခဲ့ပြီးပြီဆိုတော့ ခရီးထွက်နိုင်ဖို့ အသေးစိတ်ပြင်ဆင်ရမှာတွေကို သေချာလေးပြင်ဆင်သွားဖို့အကြံပြုလိုက်ပါတယ်နော်။

ဟန်နီးမွန်းမှာ Seoul ကိုသွားကြမယ်

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Friday, 08 March 2019 15:01
Rate this item
(1 Vote)
Tagged under