ဟန်နီးမွန်းမှာ Seoul ကိုသွားကြမယ်

ဟန်နီးမွန်းမှာ Seoul ကိုသွားကြမယ် google

ကိုရီးယားဆန်ချင်တဲ့စုံတွဲလေးတွေရေ မင်္ဂလာပွဲလေး ပြီးရင် ဟန်းနီးမွန်းကို ဘယ်နေရာ သွားရင် ကောင်းမလဲလို့စဉ်းစားနေပြီလား။

ကိုရီးယားဆန်ချင်မှတော့ တောင်ကိုရီးယားရဲ့မြို့တော် ဆိုးလ်ကိုဟန်းနီးမွန်းနေရာ အဖြစ် ရွေးချယ်သင့်ပါတယ်။ ဆိုးလ်မြို့ရောက်ပြီဆို ဘယ်နေရာမှာ ဘာတွေလုပ်လို့ရမလဲ ဆိုတာတွေကို ပြောပြပေးပါ့မယ်။

 

Namsam Tower မှာအချစ်သော့လေးတွေ ခတ်မယ်

namsam tower min

Namsan Tower မှာအချစ်သော့လေးတွေကို ခတ်လိုက်ကျမယ်။ သော့လေးတွေမှာ စာလေးတွေ တွဲချည်ပြီး မင်္ဂလာဦး ချစ်ခြင်းလေးတွေကစပြီး နောင်လာမယ့် နေ့ရက်လေးတွေ အများကြီးအထိ အချစ်တွေတည်မြဲနေစေဖို့ ဆုတောင်းလို့ရပါတယ်နော်။

 

Nami island လေးမှာ ရိုကြမယ်

Nami island min

ကိုရီးယားဇာတ်လမ်းတွေထဲမှာ ပါဝင်နေကျ Nami island မှာ ကြင်စဦးရဲ့ ကြည်နူးစရာအချိန်လေးတွေကို အတူတူ ဖြတ်သန်းမယ်။ အဲ့အချိန်မှာ ကိုးရီးယားဇာတ်ကားလေးတွေထဲကလို ချစ်ရသူလေးကိုကျောလေးပိုးပြီး ပုံလေးတွေ ရိုက်လို့ရပါတယ်။

 

Bukhansan National Park မှာရှိတဲ့ ဆောင်းဦးရဲ့မေပယ်လ်ရွက်လေးတွေ အလှကိုခံစားမယ်

Bukhansan national park min

မေပယ်လ်ရွက်လေးတွေ ဆိုတာကတော့ ဆောင်းအကုန် နွေအကူးမှာ ရော်ရွက်ဝါ ကြွေရင်း အရောင်လေးတွေပြောင်းလာတာကို ချစ်ရသူလက်ကလေးတွဲပြီး သဘာဝအလှတရားကို ခံစားလိုက်ပါနော်။

 

Lotte World Theme Park မှာ ပျော်ရွှင်မှုအမှတ်တရတွေဖန်တီးကြမယ်

lotte world theme park min

Lotte World Theme Park ကတော့ဂရင်းနစ်စံချိန်ဝင်ထားတဲ့ ကမ္ဘာ့အကြီးဆုံး Indoor Theme Park ဖြစ်ပြီး ဆိုးလ်မြို့လယ်မှာတည်ရှိပါတယ်။ စိတ်လှုပ်ရှားစရာတွေအများကြီးနဲ့ လှပတဲ့ရှုခင်းတွေကလည်း အတွင်းရောအပြင်ရောမှာ ပြည့်နှက်နေမှာပါ။ ဒါကြောင့် ကြင်စဦးအချိန်လေးမှာ ပျော်ရွှင်မှုတွေနဲ့ တစ်သက်စာမေ့လို့ မရမယ့် အမှတ်တရလေးတွေကို ဖန်တီးနိုင်ပါတယ်။

 

ကိုရီးယားဆန်ချင်တဲ့စုံတွဲလေးတွေအတွက် ဇာတ်လမ်းလေးတွေထဲကလို ကြည်နူးစရာအချိန်အခိုက်အတန့်လေးတွေကို ပိုင်ဆိုင်နိုင်ဖို့ ပြောပြပေးလိုက်ပါတယ်။

 

Ref : Marry

Myanmar Wedding Guide

Read times Last modified on Monday, 18 February 2019 14:00
Rate this item
(0 votes)