ပျားရည်ဆမ်းခရီးထွက်ရန်အတွက် အကောင်းဆုံးအကြံပြုချက်များ - ၂

ပျားရည်ဆမ်းခရီးထွက်ရန်အတွက် အကောင်းဆုံးအကြံပြုချက်များ - ၂

အထက်ပါအချက်များကို သုံးသပ်လေ့လာကြည့်ခြင်းဖြင့် သင်တို့ မင်္ဂလာဦးဇနီးမောင်နှံအတွက်

ပြီးပြည့်စုံတဲ့ ပျားရည်စမ်းခရီးတစ်ခုကို ဖန်းတီးနိုင်မှာဖြစ်ပါတယ်။

 

အဓိကလုပ်ကိုင်လိုသည်များကိုသာ ဦးစားပေးရွေးချယ်ထားပါ။

 

ဟန်းနီးမွန်းခရီးစဉ်မှာအဓိကလုပ်လိုတဲ့ အရာ ၃ ခုလောက်ကိုဦးစားပေးလုပ်ဖို့ စဉ်းစားပါ။

 

ဥပမာခရီးစဉ်ရောက်လျှင် အနှိပ်ခံမလား၊ ယောဂကစားမလား၊ ရေပြင်အပျော်စီးကစားနည်းတွေကစားမလား

 

ဒါမှမဟုတ် ယဉ်ကျေးမှုဆိုင်ရာတွေကို လေ့လာမလား၊ ရိုးရာအစားအသောက်တွေကိုစားမလား ဆိုတဲ့ အဓိကလုပ်လိုတဲ့အချက်တွေကို ဇနီးမောင်နှံအတူတိုင်ပင်ပြီး စာရင်းပြုစုထားပါ။

 

နှစ်ယောက်အတူလုပ်လိုတဲ့ အရာတွေကလည်း သင်တို့သွားမယ့်နေရာနဲ့ ကိုက်ညီမယ့် အရာတွေဖြစ်သင့်ပါတယ်။

 

သွားမယ့်ခရီးစဉ်က တောင်ကြီး၊ နှစ်ယောက်သဘောတူ လုပ်ကိုင်လိုတာ ပင်လယ်ထဲရေကူးချင်တာဆိုတာမျိုး မဖြစ်အောင်ပါ။

 

အစီအစဉ်ဆွဲတဲ့အခါမှာလည်း ရိုးရိုးလေးနဲ့ အနားယူလို့ရနိုင်မယ့် အစီအစဉ်မျိုးကို ဆွဲရမှာဖြစ်သလို နှစ်ယောက်လုံး ဆန္ဒရှိတဲ့ အရာတွေဖြစ်ရပါမယ်။

 

ဦးစားပေးလုပ်ကိုင်လိုတာတွေများနေရင်တော့ မပြီးပြီးအောင် သွားနေရသဖြင့် မိမိတို့ရဲ့ ပျားရည်ဆမ်းခရီးဟာပျော်ရွှင်စရာထက် ပင်ပန်းပြီးစိတ်ညစ်စရာတောင် ဖြစ်သွားနိုင်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 16:22
Rate this item
(1 Vote)