ဒိန်းမိတ်နိုင်ငံကဟန်းနီးမွန်းသွားရောက်လည်ပတ်စရာနေရာများ…

ဒိန်းမိတ်နိုင်ငံကဟန်းနီးမွန်းသွားရောက်လည်ပတ်စရာနေရာများ… google

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ ဥရောပကို ဟန်းနီးမွန်းသွားဖို့တွေးထားတဲ့ Myanmar Wedding Guide ပရိတ်သတ်တွေကို

ဒိန်းမိတ်နိုင်ငံကသွားရောက်လည်ပတ်စရာနေရာတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်။

ကမ္ဘာ့နိုင်ငံများထဲမှာ ပညာရေးကောင်းမွန်မှု၊ ခေတ်မှီပြီး လူနေမှုမြင့်မားမှု၊ စီးပွားရေး လုပ်ကိုင်ရန် ကောင်းမွန်မှု၊ ပွင့်လင်းမြင်သာမှုရှိမှု၊

Green Living၊ အစိုးရပိုင်းမှ ပြည်သူများထံသို့ အကောင်းဆုံးပံ့ပိုးကူညီမှု အမျိုးသမီးများ၏ အခွင့်အရေးရရှိမှု အစရှိတဲ့ အချက်များအပေါ်အခြေခံပြီး

ဒိန်းမတ်နိုင်ငံဟာ ကမ္ဘာ့ နေထိုင်ရန်အကောင်းဆုံး နိုင်ငံများစာရင်းမှာ ထိပ်ဆုံးနံပါတ် ၁မှာ ရပ်တည်နေတဲ့ နိုင်ငံဖြစ်ပါတယ်။

ဧပြီလဟာဒိန်းမိတ်နိုင်ငံရဲ့နွေဦးရာသီဖြစ်ပြီး၊နွေဦးရာသီမှာပွင့်တဲ့ပန်းတွေနဲ့ရှုမဆုံးတဲ့ရှုခင်းတွေရှိနေမှာဖြစ်တာကြောင့်ဟန်းနီးမွန်းသွားရောက်လည်ပတ်မယ်ဆိုသင့်တော်မှာပါနော်။

ဒိန်းမတ်နိုင်ငံရဲ့လည်ပတ်စရာနေရာတွေကတော့ Ariel ရေသူမလေးဇာတ်ကောင် TheLittle Mermaid ကြေးရုပ်ထု၊

ဒဏ္ဍာရီ နတ်ဘုရားမ ကို ထုလုပ်ထားသည့် Gefion Fountain ရုပ်ထု၊

ဒိန်းမတ် တော်ဝင်မိသားစု ယနေ့တိုင် နေထိုင်ဆဲဖြစ်သည့် Amalienborg Palace

တော်ဝင် အခမ်းအနားပွဲ စသည့် နိုင်ငံရေးဆိုင်ရာများ များကျင်းပရာ နေရာ Christiansborg စတဲ့နေရာတွေကိုသွားရောက်လည်ပတ်နိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ကိုပင်ဟေဂန်မြို့ တူးမြောင်းတစ်လျှောက် Cannel Cruise စီးခြင်းကိုလည်းပြုလုပ်နိုင်မှာဖြစ်ပြီးနာမည်ကျော် Stroget Pedestrian Street မှာလည်း Shopping ထွက်လို့ရပါတယ်နော်။

Hillerod မြို့ရှိ ၁၇ ရာစုက တော်ဝင်အဆောက်အဦးကြီး Frederiksborg Castle နဲ့

Unesco အသိအမှတ် ပြုထားသော Kronborg Castle ကိုလည်းသွားရောက်လည်ပတ်နိုင်ပါတယ်။

Make Up Artists မိတ်ကပ်ပညာရှင် ၃၉ ဦးကိုရှာရန်နှိပ်ပါ။

 

Zawgyi ဖြင့်ဖတ်ရန်...















 

Myanmar Wedding Guide

 

1we

Read times
Rate this item
(0 votes)
Tagged under