ဟန်းနီးမွန်းအတွက် ဟန်နွိုင်းကို ဘာကြောင့်ရွေးချယ်သင့်လဲ။

ဟန်းနီးမွန်းအတွက် ဟန်နွိုင်းကို ဘာကြောင့်ရွေးချယ်သင့်လဲ။ google

အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myabmar Wedding Guide ပရိတ်သတ်တွေအတွက်အာရှရဲ့ ပျားရည်ဆမ်းခရီး ထွက်လို့ကောင်းတဲ့ နေရာ ၁၀ နေရာမှာမှ

 

 

ဒုတိယနေရာဖြစ်တဲ့ဗီယက်နမ်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဟနွိုင်းမြို့ကို ဘာကြောင့်ဟန်းနီးမွန်းသွားရောက်သင့်လဲဆိုတာကို အကြံပြုဖော်ပြပေးချင်ပါတယ်။

 

 

Khanh Hoa ပြည်နယ် အလယ်ပိုင်းမှာရှိပြီး ကမ်းခြေမြို့ ဖြစ်တဲ့ Nha Trang မြို့ကလည်း ထိပ်ဆုံး ၁၀ နေရာ စာရင်းမှာ ပါဝင်လာတဲ့အကြောင်း ဗီယက်နမ်သတင်းစာတွေမှာ ဒီဇင်ဘာ ၃ ရက်နေ့က ဖော်ပြခဲ့ကြပါတယ်။

 

 

ဟနွိုင်းမြို့တော်ဟာ ပျားရည်ဆမ်းခရီး ထွက်လိုသူတွေအတွက် ရိုမန့်တစ်ဆန်တဲ့မြို့ ဖြစ်ရုံသာမက ဗီယက်နမ်နိုင်ငံသားတွေရဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းကို လေ့လာနိုင်သလို အရသာရှိတဲ့ ရိုးရာ အစားအသောက်တွေကိုလည်း ရရှိနိုင်ပါတယ်။

 

 

နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ဟနွိုင်းမြို့တော်ဟာ သမိုင်း၊ ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ တန်ဖိုးတွေကို ဖော်ပြနေတဲ့ မြို့တစ်မြို့ပါ။

 

 

ဟနွိုင်းမြို့တော်မှာရှိတဲ့ အရာရာတိုင်းက ပျားရည်ဆမ်းခရီး ထွက်လာတဲ့ ဇနီးမောင်နှံတွေကို ပျော်ရွှင်မှု အလုံးစုံ ပေးစွမ်းနိုင်ပါတယ်။ ဟနွိုင်းမြို့က ရှေးဟောင်းစေတီပုထိုးတွေကို လည်ပတ်ရတာ၊ ပြတိုက်တွေကို လေ့လာရတာ၊

 

 

ဈေးဝယ်စင်တာကြီးတွေမှာ ဈေးဝယ်ရတာက ကြင်စဦး ဇနီးမောင်နှံတွေကို စိတ်ကျေနပ်မှု အပြည့်အဝ ရစေနိုင်ပါတယ်။

 

 

ကမ်းခြေမြို့ဖြစ်တဲ့ Nha Trang မြို့ တော်ကလည်းကြင်စဦး ဇနီးမောင်နှံတွေအတွက် စိတ်ကြည်နူးစရာကောင်းတဲ့ ကမ်းခြေ အများအပြား စောင့်ကြိုနေပါလိမ့်မယ်။

 

 

ရှေးဟောင်းစေတီ ပုထိုးတွေလည်း အများအပြား ရှိသလို၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက တည်ထောင်ခဲ့တဲ့ Champa ဘုရင့်နိုင်ငံတော်ရဲ့ အကြွင်းအကျန်တွေကိုလည်း လေ့လာနိုင်ပါသေးတယ်နော်။

 

 

ဒါ့အပြင်ဟနွိုင်းမြို့တော်ကို ခရီးထွက်လို့ အကောင်းဆုံးမြို့တော်အဖြစ် Time မဂ္ဂဇင်းက ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက ရွေးချယ်ပေးခဲ့ပါတယ်။

 

 

 

Zawgyi ဖြင့်ဖတ်ရန်...

 

 


 

 


 

 


 

han

 


 

 


 

han1

 


 

 


 

han2

 


 

han5

 

 


 

han3

 


 

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Tuesday, 11 February 2020 16:02
Rate this item
(0 votes)
Tagged under