၂၀၁၉ ခုနစ်အတွင်းအချစ်ရေးကံအကောင်းဆုံးဖြစ်မယ့်ရာသီခွင်(၅)ခု

၂၀၁၉ ခုနစ်အတွင်းအချစ်ရေးကံအကောင်းဆုံးဖြစ်မယ့်ရာသီခွင်(၅)ခု google

နှစ်သစ်မှာ ကိုယ့်အတွက်ဘယ်လိုထူးခြားတဲ့အပြောင်းအလဲတွေ ကြုံရမလဲ၊ ဘာတွေဖြစ်လာနိုင်လဲဆိုတာကိုသိချင်ကြပါတယ်။

 အဲ့ဒါကြောင့် ၂၀၁၉ ခုနှစ်အတွင်းမှာ အချစ်ရေးကံအလွန်ကောင်းပြီး ပျော်ရွှင်မှုတွေကြုံတွေ့ရမယ့် ရာသီခွင်()ခုအကြောင်းကို ဖော်ပြလိုက်ပါတယ်။

 

ဗြိစ္ဆာရာသီဖွား ( အောက်တိုဘာလ ၂၄ မှ နိုဝင်ဘာလ ၂၂ အတွင်း)

ဗြိစ္ဆာရာသီဖွားတွေက အချစ်ရေးမှာကံအကောင်းဆုံးထိပ်ဆုံးနေရာမှာ တည်ရှိနေတာပါ။ ဒီရာသီဖွားတွေအနေနဲ့ ကိုယ့်ကိုစိတ်ညစ်စေတဲ့အချစ်ရေးကိုကျောခိုင်းပြီး ကိုယ့်အတွက်တကယ်စစ်မှန်တဲ့အချစ်စစ်နဲ့ဆုံတွေ့ရနိုင်ပါတယ်။ အချစ်ရေးနဲ့ပတ်သက်လို့ အပျော်ရွှင်ရဆုံးအချိန်တွေကို ဒီ ၂၀၁၉ အတွင်းမှာမှပိုင်ဆိုင်ရမှာပါ။

 

ကန်ရာသီဖွား (သြဂုတ်လ ၂၄ မှ စက်တင်ဘာလ ၂၂ အတွင်း )

ကန်ရာသီဖွားတွေကတော့ နာကျင်မှုတွေ၊ချုပ်နှောင်မှုတွေကနေ ရုန်းထွက်နိုင်ပြီး အချစ်ရေးနဲ့ပတ်သက်လို့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်မယ့်နှစ်ပါ။ ကိုယ့်အတွက် အကောင်းဆုံးလူနဲ့ဆုံလာနိုင်ပြီး၊ကိုယ်တိုင်ကလည်း သတ္တိရှိမယ်ဆိုရင် ဒီရာသီဖွားတွေအတွက် ပျော်ရွှင်ဖွယ်အချစ်ရေးကိုပိုင်ဆိုင်ရမှာပါ။

 

ဓနုရာသီဖွား ( နိုဝင်ဘာလ ၂၃ မှ ဒီဇင်ဘာလ ၂၁ အတွင်း )

ဓနုရာသီဖွားတွေကတော့ အချစ်ရေးမှာ နဂိုတည်းက ကံကောင်းပြီးသားဖြစ်ပါတယ်။ အချစ်ရေးနဲ့ပတ်သက်လာရင် အမြဲတမ်းကံကောင်းခဲ့သလိုပဲ ဒီနှစ်မှာလည်း ကံအကောင်းဆုံး နံပါတ် () ဖြစ်နေပါသေးတယ်။ ဒီနှစ်ထဲမှာတော့ နှစ်ရှည်လများကွဲကွာနေတဲ့ချစ်သူတွေလည်း ပြန်လည်ဆုံစည်းနိုင်ပြီး ပုံမှန်ထက်ထူးခြားပြီးပျော်စရာကောင်းတဲ့အချစ်ရေးမျိုးပိုင်ဆိုင်ရမှာပါ။

 

သိဟ်ရာသီဖွား ( ဇူလိုင်လ ၂၃ မှ သြဂုတ် ၂၃ အတွင်း )

တမူထူးခြားတဲ့ကံကောင်းခြင်းမျိုးကိုပိုင်ဆိုင်ရမှာကတော့ သိဟ်ရာသီဖွားတွေပါ။ ဘာလို့လဲဆိုတော့ ဒီရာသီဖွားတွေက လက်ရှိတွဲနေပြီး အဆင်မပြေတဲ့ချစ်သူနဲ့ပြတ်စဲသွားနိုင်တာကြောင့်ပါ။ ကိုယ့်အပေါ်မကောင်းတဲ့သူတစ်ယောက်၊ ကိုယ့်ကိုတကယ်မချစ်တဲ့သူတစ်ယောက်နဲ့လမ်းခွဲလိုက်ပြီး နောက်ထပ် အချစ်စစ်နဲ့တွေ့ရဖို့အခွင့်အရေးရလာပြီး အရင်ထက်ပိုပျော်ရွှင်ရမှာမို့ ကံကောင်းတဲ့သူလို့ပြောရမှာပါ။

 

တူရာသီဖွား ( စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၃ အတွင်း )

တူရာသီဖွားတွေကတော့ ဒီနှစ်ထဲမှာ အချစ်ရေးနဲ့ပတ်သက်လို့ ဘာကိုတန်ဖိုးထားရမလဲဆိုတာကို သေသေချာချာသိလာပြီး ကိုယ်ကိုယ်တိုင်ရဲ့စိတ်ခံစားချက်တွေကိုလည်း ရှင်းရှင်းလင်းလင်းသိလာပါလိမ့်မယ်။ ချစ်တဲ့သူနဲ့လည်း အခုထက်ပိုအဆင်ပြေနိုင်ပြီး၊ မိသားစု၊သူငယ်ချင်းတွေနဲ့လည်း ပျော်စရာအချိန်တွေကို အများအပြားပိုင်ဆိုင်ရမှာပါ။

 

Credit : Aunty May

Read times Last modified on Thursday, 07 February 2019 17:17
Rate this item
(1 Vote)