ဒီအချက်တွေကိုကြည့်ပြီးသင့်ကိုအတည်တွဲနေတယ်ဆိုတာ သိသာစေမှာပါ

ဒီအချက်တွေကိုကြည့်ပြီးသင့်ကိုအတည်တွဲနေတယ်ဆိုတာ သိသာစေမှာပါ google.com

လူတော်တော်များများ တွေ့ကြုံနေရတဲ့အခြေအနေတစ်ခုကတော့ အချစ်ရေးမှာကိုယ်က အလေးအနက်ထားပြီးချစ်သလောက်

ကိုယ့်ကိုအပျော်သဘောထားပြီးတွဲတာပါပဲ။ ဒီလိုဖြစ်ပြီဆိုရင်တော့ ကိုယ့်ဘက်ကပေးဆပ်လိုက်ရတဲ့အချစ်တွေ၊ အချိန်တွေအားလုံးနှမြောစရာကောင်းပါတယ်။ ဒါ့ကြောင့်ကိုယ့်ချစ်သူက ကိုယ့်ကိုအပျော်တွဲနေတာလား အတည်တွဲနေတာလားဆိုတာ ခွဲခြားလို့ရအောင် ဆန်းစစ်နိုင်မယ့်အချက်အလက်တချို့ကိုဖော်ပြပေးလိုက်ပါတယ်။

 

(၁) အတူတူရှိနေရင်ပျော်ရွှင်နေတယ်

ကိုယ့်ကိုအတည်တွဲနေတဲ့ယောင်္ကျားလေးဟာ ကိုယ့်အနားမှာအတူတူရှိခွင့်ရနေရင် ပျော်ရွှင်ဝမ်းသာနေတတ်တဲ့သူမျိုးပါ။ တကယ်ပျော်ရွှင်နေတာလား၊ ပျော်ချင်ယောင်ဆောင်နေတာလားဆိုတာလည်း ခွဲခြားရလွယ်ကူပါတယ်။ ကိုယ့်ကိုအတည်တွဲနေလား၊ အပျော်တွဲနေလားဆိုတာ ဒီအချက်ကိုကြည့်ပြီးခွဲခြားလို့ရပါတယ်။

 

(၂) အပြုအမူလေးတွေက ပေါ်လွင်နေတယ်

ယောင်္ကျားလေးတော်တော်များများက တည်တည်တံ့တံ့နေတတ်ကြပြီး အပိုစကားတွေ မလိုအပ်ဘဲနဲ့မပြောတတ်ကြပါဘူး။ ကိုယ့်ချစ်သူယောင်္ကျားလေးက ကိုယ့်ကို တီတီတာတာလေးတွေပြောနေပြီ ကိုယ့်ရဲ့လိုအပ်ချက်လေးတွေကိုလိုက်ကြည့်ပြီး ဖြည့်ဆည်းပေးနေပြီဆိုရင် သေချာပါတယ် ဒီလိုချစ်သူယောင်္ကျားလေးက ကိုယ့်ကိုအတည်တွဲနေတယ်ဆိုတာ။

 

talking discussion couple happy

 

(၃) လက်ရှိပုံစံကိုလက်ခံထားတယ်

သင့်ရဲ့လက်ရှိပုံစံ အားသာချက် အားနည်းချက် အားလုံးကိုပြောင်းလဲဖို့ဖိအားမပေးဘဲနဲ့ လက်ခံပေးထားတတ်တဲ့သူမျိုးပါ။ သင့်ရဲ့အပြင်ပန်းလက္ခဏာတွေထက် အတွင်းစိတ်ကိုပို ဦးစားပေးပြီးချစ်လို့ အရှိအတိုင်းလက်ခံပြီး သင့်ကိုနှစ်နှစ်ကာကာချစ်တတ်တဲ့ ယောင်္ကျားလေးမျိုးပဲဖြစ်ပါတယ်။ ဒီလိုယောင်္ကျားလေးမျိုးကလည်း သင့်ကိုအတည်တွဲနေတယ်ဆိုတာ သိသာစေပါတယ်။

 

(၄) အဆိုးဆုံးအခြေနေကိုတွေ့ရက်နဲ့ဆက်တွဲနေတယ်

လူတိုင်းရဲ့ ဘ၀မှာအနိမ့်အမြင့်အတက်အကျတွေက ရှိတတ်ကြပါတယ်။ သင့်ဘ၀ရဲ့ရှုံးနိမ့်မှုတွေဖြစ်တဲ့ အဆိုးဆုံးအခြေအနေကို တွေ့မြင်နေတဲ့အချိန်မှာတောင် သင့်ကိုထားမသွားဘဲနဲ့ ဘေးနားကနေနှစ်သိမ့်ပေးနေတတ်တဲ့ယောင်္ကျားလေးမျိုးကလည်း သင့်ကိုအတည်တွဲနေတယ်ဆိုတာ ထင်ရှားစေပါတယ်။

 

Read More: ချစ်သူကောင်လေးကကိုယ့်ကိုလက်ထပ်ဖို့အထိရည်ရွယ်ထားတာဟုတ်ရဲ့လား
making couples comfortable during photo session paris couples photographer katie donnelly 7 600x400

 

Source – Aunty May

Read times Last modified on Wednesday, 19 September 2018 10:50
Rate this item
(1 Vote)