ကိုက်တက်တဲ့ ကောင်မလေးတွေက အကောင်းဆုံးလက်တွဲဖော်ဟု မိန့်ဆို

ကိုက်တက်တဲ့ ကောင်မလေးတွေက အကောင်းဆုံးလက်တွဲဖော်ဟု မိန့်ဆို google

ကမ္ဘာကျော် သိပ္ပံ ပညာရှင်တွေ မိန့်ဆိုချက်အရ ချစ်သူကို အားအားရှိ ၀ပ်ဝပ်ကိုက်ဖို့ ကြိုးစားတတ်တဲ့ ကောင်မလေးတွေဟာ၊

လက်တွဲသင့်တဲ့ အမျိုးသမီးလေးတွေလို့ ထောက်ခံခဲ့ပါတယ်။ ကိုက်တဲ့အခြေအနေတိုင်း ကတော့ ကောင်းတဲ့ ညွှန်းကိန်းတွေချည်းလို့ မဆိုလိုပေမယ့်၊ သင့်ချစ်သူရဲ့ စိတ်ထဲမှာ အသည်းယားလာတာနဲ့ သင့်ကို ဖွဖွလေး သွားနဲ့ကိုက်တတ်တယ်ဆိုရင်တော့ သင်ဟာ ချစ်သူရွေးထားတာ မှန်ကယ်တယ်လို့ ဆိုရမှာပါ။ အကြောင်းပြချက် တွေကို Aunty May မှ ပြောပြပေးပါမယ်။

 

 

ရင်းနီးကျွမ်းဝင်မှုရဲ့တံဆိပ်

 

ချစ်စနိုးအမူအယာလေးနဲ့ သွားနဲ့ကိုက်တဲ့အခါ အကိုက်ခံရသူကိုယ်တိုင်က သွားကြီးဖြီးပြီး၊ ကျေနပ်နေတဲ့အရသာကို တစ်ခြားသူတွေ နားလည်နိုင်မှာ မဟုတ်ပါဘူး။ နာတော့ မနာဘူး၊ ဒါပေမယ့် သွားရာလေးတွေ ထင်နေတတ်ပါတယ်။ ဒါလေးကိုပဲ ကြည့်ပြီး ကိုယ့်ကောင်မလေးက ကိုယ့်ကို ခင်မင်မှုကျွမ်းဝင်မှုမှာတော့ ဂိတ်ဆုံးအထိကို ရှိနေတယ်လို့ ခံစားရစေမှာပါ။

 

 

 စကားလုံးတွေထက် ပိုတဲ့မေတ္တာတရား


နောက် ဒီလို ခဏခဏ ချစ်စနိုးနဲ့ ကိုက်တတ်တဲ့ အကျင့်ရှိတဲ့ ချစ်သူဟာ သူ သင့်ကို ဘယ်လောက်ချစ်ကြောင်း စကားလုံး တွေနဲ့ ပြောနေတာထက် ပိုထိရောက်တဲ့ အပြုအမူကို လုပ်လိုက်တာလို့ သတ်မှတ်လိုက်ပါ။ တစ်ခါတလေ စကားလုံးတွေ၊ စာလုံးတွေအများကြီးနဲ့ ဖော်ပြနေတာထက်စာရင် အပြုအမူလေးတစ်ခုနဲ့ တစ်ဘ၀လုံး လုံလောက်သွားတာမျိုး သင် ခံစားရမှာ ဖြစ်ပါတယ်။

 

 

ထာဝရ မခွဲဘူးဆိုတဲ့ အဓိပ္ပါယ်

 

ဒီလိုကိုက်လေ့ရှိတဲ့ အကျင့်ရှိသူတွေရဲ့ ပင်ကိုယ်စိတ်ထားကိုယ်က မိတ်ဆွေကဏ္ဍမှာဆို စိတ်ထဲကနေ တကယ်မခင်ရင် အပေါင်းအသင်းကို မလုပ်ဘူးဆိုတဲ့ အခြေခံစိတ်နေစိတ်ထားတွေ ရှိတတ်ပါတယ်။ နောက် ချစ်သူ ရွေးချယ်တဲ့အခါမှာ လည်း ဒီလိုပါဘဲ၊ သူတို့တကယ်ချစ်လို့ကတော့ ဘာဖြစ်နေနေ မခွဲတော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက် ခိုင်မာသူတွေ ဖြစ်ပါတယ်။

 

 

စွဲလမ်းမှု သံယောဇဉ်ရဲ့ ပြယုဂ်

 

နောက်ဆုံး အရေးကြီးဆုံးအချက်ကတော့ အချစ်ရေးပဲဖြစ်ဖြစ်၊ အိမ်ထောင်ရေးပဲ ဖြစ်ဖြစ်၊ ရေရှည်တည်မြဲအောင် ထောက်မ ပေးထားနိုင်တာက သံယောဇဉ်ပဲ ဖြစ်ပါတယ်။ ဒီလို ချစ်သူကို အားအားရှိ ကိုက်လေ့ရှိတတ်တဲ့ အကျင့်ရှိတဲ့ ကောင်မလေးတွေဟာ သံယောဇဉ်တွယ်စရာရှိလည်း အလွန်အမင်း သံယောဇဉ်တွယ်တတ်ပါတယ်။ ဒါဟာ သင့်အချစ်ရေးတွက် ရေရှည် စိတ်ချလက်ချ ဖြစ်နေစေမယ့် အားသာချက်ပါဘဲ။

 

 

 

Myanmar Wedding Guide

Read times
Rate this item
(0 votes)
Tagged under