Relationshipတစ်ခုမှာ ရင့်ကျက်တဲ့အမျိုးသမီးတွေဘယ်တော့မှ မလုပ်တဲ့အရာ(၅)ခု

Relationshipတစ်ခုမှာ ရင့်ကျက်တဲ့အမျိုးသမီးတွေဘယ်တော့မှ မလုပ်တဲ့အရာ(၅)ခု Google

ဘဝမှာ အောင်မြင်ပျော်ရွှင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ဘာတွေလိုအပ်ပါသလဲ။အထူးသဖြင့်နှလုံးသားရဲ့အလိုကျတာဝန်ထမ်းဆောင်ရတဲ့အချစ်ရေးမှာအောင်မြင်မှုရရှိဖို့ဘာတွေလိုအပ်ပါသလဲ။

 

အချစ်ကပေးတဲ့ရလဒ်တွေကိုဘယ်လိုအကောင်းဆုံးတုန့်ပြန်မလဲ။ရင့်ကျက်တည်ငြိမ်တဲ့အမျိုးသမီးတွေကတော့အခုဖော်ပြပေးမယ့်အချက်တွေနဲ့တုန့်ပြန်ပြီးအချစ်ရေးကို အောင်နိုင်ကြလေ့ရှိပါတယ်။ ဘယ်လိုအချက်တွေလဲဆိုတာ ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။

 

(၁)ငွေကြေးကိစ္စမှာ အမှီအခိုကင်းကင်းနေကြတယ်

Relationshipတစ်ခုမှာ အစဉ်အလာအားဖြင့်အမျိုးသမီးက အမျိုးသားကိုမှီခိုရလေ့ရှိပါတယ်။ အထူးသဖြင့်ငွေကြေးကိစ္စမှာ အမျိုးသားကဦးဆောင်ရလေ့ရှိပါတယ်။ ဒါပေမယ့် ရင့်ကျက်တည်ငြိမ်တဲ့အမျိုးသမီးတွေကတော့တာဝန်ယူမှု၊တာဝန်ခံမှုတွေနဲ့ ဒီလို ငွေကြေးကိစ္စမှာအမှီအခိုကင်းကင်းနေဖို့ကြိုးစားတတ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့အမျိုးသားတစ်ယောက်ဟာလည်း အောင်မြင်မှုနဲ့ကျရှုံးမှုကိုတန်းတူ တွေ့ကြုံခံစားရတဲ့လူသားတစ်ယောက်ဆိုတာကောင်းကောင်းနားလည်ထားလို့ပါပဲ။ Relationshipတစ်ခုမှာအဆင်မပြေမှုတွေကိုတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်မျှဝေနိုင်ခြင်းဟာ ရေရှည်ခိုင်မြဲတဲ့ဆက်ဆံရေးကိုဦးတည်စေပါတယ်။

 

(၂)ချစ်သူကို ကျေးဇူးတင်ဖို့မမေ့တတ်ကြဘူး

ကျေးဇူးတင်တတ်ခြင်းဟာဘယ်လိုဆက်ဆံရေးမှာပဲဖြစ်ဖြစ်အကောင်းဘက်ကိုပဲဦးတည်စေပါတယ်။ဒီအချက်ကိုရင့်ကျက်ပြီးအတွေးအခေါ်မြင့်မားတဲ့အမျိုးသမီးတွေကသူတို့ရဲ့အချစ်ရေးမှာအသုံးချလေ့ရှိကြပါတယ်။တခါတလေမိန်းကလေးတွေဟာချစ်သူချင်းပဲဒီလောက်တော့သူလုပ်ပေးရမှာပေါ့လို့တွေးတတ်သလိုကိုယ့်ချစ်သူကလည်းချစ်သူချင်းမို့လိုချင်တာကိုဖြည့်ဆည်းပေးတတ်ကြပေမယ့်ကိုယ့်ရဲ့စေတနာကိုတော့အသိအမှတ်ပြုခံချင်နေကြပါတယ်။ဒီအချက်ဟာRelationshipတစ်ခုမှာမိန်းကလေးတွေ သတိပြုသင့်တဲ့အချက်ပါ။

 

(၃)ချစ်သူရဲ့အားနည်းချက်ကိုဦးတည်ထိုးနှက်ခြင်းမပြုဘူး

ရင့်ကျက်တဲ့အမျိုးသမီးတွေအချစ်ရေးမှာအောင်မြင်ရတဲ့အဓိကအချက်ကတော့ချစ်သူရဲ့အားသာချက်အားနည်းချက်ကိုမျှမျှတတလက်ခံနားလည်ပေးခြင်းပါပဲ။ဘယ်သူမဆိုကိုယ့်ရဲ့အားနည်းချက်ထက်အားသာချက်ကိုပဲအသိအမှတ်ပြုပေးစေချင်ကြပါတယ်။ဒါကြောင့်ရင့်ကျက်တဲ့အမျိုးသမီးတွေဟာချစ်သူရဲ့အားနည်းချက်ထက်အားနည်းချက်ကိုဘယ်လိုအကောင်းဆုံးဖြေရှင်းသလဲဆိုတာကိုပဲအာရုံစိုက်လေ့ရှိကြပါတယ်။

 

(၄)ကိုယ့်ကိုယ်ကိုယ်လေးစားတန်ဖိုးထားတယ်

ရုပ်သေးရုပ်ကြိုးဆွဲသူဟာအရုပ်ကလေးရဲ့ကကွက်ကဟန်လှပအောင်စေတနာထားလုပ်ေ်ဆာင်ပေမယ့်သူဟာအရုပ်ကလေးအတွက်တော့ကြိုးဆွဲသူတစ်ယောက်ပါပဲ။ဒီလိုပဲအချစ်ရေးမှာလည်းဘယ်လောက်ထိစစ်မှန်တဲ့ချစ်ခြင်းမေတ္တာပဲဖြစ်ပါစေကိုယ့်ကိုယ်ကိုယ်လေးစားတန်ဖိုးထားဖို့မေ့လျော့ခဲ့ရင်ဂရုဏာဒေါသောနဲ့ချစ်သူကြိုးဆွဲတာခံရနိုင်ပါတယ်။ရင့်ကျက်တဲ့အမျိုး သမီးတွေကတော့ ဒီအချက်ကိုနားလည်ထားပြီးအချစ်ရေးကိုအောင်နိုင်ကြလေ့ရှိကြပါတယ်။

 

(၅)ကိုယ့်ရဲ့ရည်မှန်းချက်ကို အရှုံးမပေးဘူး

မိန်းကလေးတွေဟာများသောအားဖြင့်အချစ်ကိုလေးစားတန်ဖိုးထားကြသလိုကိုယ့်ဘဝကိုလည်းချစ်သူရဲ့စီမံအုပ်ချုပ်မှုအောက်ကနေပဲသွားလေ့ရှိကြပါတယ်။ဒါဟာအချစ်ကိုတန်ဖိုးမှားယွင်းစွာသတ်မှတ်လိုက်ခြင်းပါပဲ။တကယ်တော့အချစ်ဆီကနေခွန်အားတွေရယူပြီး ချစ်သူနဲ့လျှေက်လှမ်းမယ့်အနာဂတ်ခရီးလမ်းအတွက်အကောင်းဆုံးကြိုးစားသင့်ပါတယ်။အချစ်ကြောင့် ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကိုစွန့်လွှတ်လိုက်တာမျိုးရင့်ကျက်တဲ့အမျိုးသမီးတွေလုပ်လေ့မရှိပါဘူး။စစ်မှန်တဲ့အချစ်ဖြစ်ခဲ့ရင်ချစ်သူကလည်းနားလည်ပေးနိုင်မှာပါ။

 

Myanmar Wedding Guide

Shwemom

Read times Last modified on Tuesday, 29 December 2020 11:48
Rate this item
(0 votes)