အချစ်တွေတိုးစေဖို့ ချစ်သူနှစ်ဦးအတူတူပြုလုပ်သင့်တဲ့ အရာများ

အချစ်တွေတိုးစေဖို့ ချစ်သူနှစ်ဦးအတူတူပြုလုပ်သင့်တဲ့ အရာများ Google

ချစ်သူနှစ်ဦးရဲ့ ဆက်ဆံကို ပိုမိုခိုင်မြဲချင်ပါသလား။ ရေရှည်လက်တွဲပြီး ပျော်ရွှင်တဲ့ချစ်ခရီးလမ်းကို အတူတူလျောက်လှမ်းချင်ပါသလား။

 

ဒါဆိုရင်တော့ ချစ်သူတွေကြားမှာ အချိန်ကြာလာတာနဲ့အမျှ တစ်ယောက်ကိုတစ်ယောက်အချစ်တွေပိုတိုးလာစေဖို့ အတူတူပြုလုပ်သင့်တဲ့အရာလေးတွေရှိပါတယ်။ ဘယ်လိုအရာလေးတွေက ချစ်သူချစ်သူနှစ်ဦးရဲ့ ဆက်ဆံကို ပိုမိုခိုင်မြဲ စေလဲ ဆိုတာကို ဖတ်ကြည့်ရအောင်။

 

(၁) အားကစားအတူတူလုပ်ပါ

Couple Swimming Underwater in Caribbean : video stock a tema (100% royalty  free) 13777187 | Shutterstock


အားကစားလို့ဆိုရင်အများစုထင်မိတာက Gym ကစားခြင်းဖြစ်ပါတယ်။ တကယ်တော့ Gym ကစားခြင်းထက်ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ပျော်ရွှင်ဖို့ကောင်းတဲ့ အားကစားနည်းတွေ အများကြီးရှိပါတယ်။ ဥပမာ မြို့ပြင်မှာစက်ဘီးနင်းတာမျိုး ရွှက်လှေစီးတာမျိုး စားပွဲတင်တင်းနစ်ရိုက်တာမျိုး ရေကူးတာမျိုးစတဲ့ အားကစားနည်းတွေက အတွေ့အကြုံအသစ်တွေ စိန်ခေါ်မှုတွေ ပျော်ရွှင်စရာတွေများစွာပေးနိုင်တာကြောင့် ချစ်သူနှစ်ဦးအတူတူပြုလုပ်သင့်တဲ့အရာလေးတွေဖြစ်ပါတယ်။

 

(၂) စာကြည့်တိုက်အတူတူသွားပါ

Homework Help | Library


စာဖတ်ဝါသနာပါသူတွေအတွက်တော့ စာကြည့်တိုက်အတူတူသွားတာက မဖြစ်မနေလုပ်သင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။ စာကြည့်တိုက်ဟာ ချစ်သူနှစ်ဦးအတွက် နားအေးပါးအေးနဲ့ အေးအေးဆေးဆေး နှစ်ယောက်သား ဖြတ်သန်းလို့ကောင်းတဲ့နေရာလေးဖြစ်ပါတယ်။ စာကြည့်တိုက်မှာစာအုပ်တွေဖတ်မယ် အရင်ကဖတ်ဖူးတဲ့ ကောင်းနိုးရာရာစာအုပ်အကြောင်းလေးတွေ အပြန်အလှန်မျှဝေကြမယ် တစ်ယောက်အမြင်လေးတွေတစ်ယောက်ပြောကြမယ်ဆိုရင် တကယ့်ကိုပျော်ရွှင်စရာကောင်းမှာသေချာပါတယ်။

 

(၃) ခရီးသွားပါ

I Love Camping vs. I Hate Camping: Our Writers Face Off


ခရီးသွားခြင်းက တစ်ယောက်နဲ့တစ်ယောက်ကြာ ရင်းနှီးမှုပိုတိုးစေပြီး ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်ရာမှာ များစွာအထောက်အကူဖြစ်စေပါတယ်။ လူတစ်ယောက်ရဲ့အကြောင်းကို ပိုသိချင်ရင်သူနဲ့အတူခရီးသွားကြည့်ပါ။ ခရီးသွားတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်ရဲ့ အမူအကျင့် စရိုက်လက္ခဏာတွေနဲ့ မကြိုက်တဲ့အရာအကြိုက်အရာတွေကို ပိုသိလာစေနိုင်ပါတယ်။ တစ်ယောက်ရဲ့စိတ်ကိုတစ်ယောက်ကို ကောင်းကောင်းသိထားမယ်ဆိုရင် ရှေ့လျောက်မယ့်ခရီးလမ်းမှာ အဆင်မပြေမှုတွေ နားလည်မှုလွဲတာတွေနည်းသွားမှာဖြစ်ပါတယ်။

 

(၄) သင်တန်းအတူတူတက်ပါ


ပညာရပ်တစ်ခုကို အတူတူလေ့လာသင်ယူမှုတွေပြုလုပ်ရတာဟာလည်း တစ်ယောက်နဲ့တစ်ယောက်ကြား ဆက်ဆံရေးပိုမိုခိုင်မာလာစေပြီး အချစ်တွေတိုးစေဖို့ကူညီပေးနိုင်ပါတယ်။ အရင်ဆုံး နှစ်ယောက်အတူ ဘယ်လိုပညာရပ်အသစ်တစ်ခုကိုသင်ယူမလဲဆိုတာတိုင်ပင်ပါ။ ဘာသာစကားသင်တန်းဖြစ်စေ ပျော်ရွှင်စရာကောင်းတဲ့ တူရိယာတီးခတ်ခြင်းသင်တန်းဖြစ်စေ အဓိကနှစ်ယောက်လုံးအတူတူစိတ်အားထက်သန်တဲ့ ပညာရပ်တစ်ခုခုဖြစ်ဖို့တော့လိုပါတယ်။

 

 

Source: Kwee.co

Myanmar Wedding Guide

Read times Last modified on Sunday, 10 January 2021 14:56
Rate this item
(0 votes)