သင့်ချစ်သူအပေါ် ယုံကြည်စေမည့် အချက်များ

သင့်ချစ်သူအပေါ် ယုံကြည်စေမည့် အချက်များ google.com

ချစ်သူတွေကြားမှာ မယုံကြည်မှုတွေ သံသယတွေက ချစ်ခြင်းမေတ္တာကို ပျက်စီးစေနိုင်တာကို ချစ်သူ

အားလုံးနားလည်သဘောပေါက်ပါလိမ့်မယ်။

 

ကိုယ့်ချစ်သူက ကိုယ့်အပေါ်အောက်ပါအပြုအမူတွေရှိနေပြီဆိုရင်တော့ သူ့အပေါ်ကို အပြည့်အ၀ ယုံကြည်ပေးသင့်ပါတယ်။

 

ခံစားချက်တွေကို တိုင်ပင်ပြောဆိုခြင်း

 

ဘာကိစ္စပဲဖြစ်ဖြစ် ကိုယ့်ကို အားလုံးဖွင့်ဟတိုင်ပင်ခြင်း၊ အကြံဥာဏ်တောင်းခြင်း၊ ရင်ဖွင့်တာတွေအားလုံးကို လျှို့ဝှက်ချက်မရှိ အသေးစိတ်ကအစ ပြောပြနေပြီဆိုရင်တော့ သူကသင့်ကို တကယ်ချစ်လို့ပဲဖြစ်ပါတယ်။

 

ချစ်သူက သူ့ရဲ့စိတ်ခံစားချက်တွေကို တခြားသူတစ်ယောက်ကို ဖွင့်ဟပြောတယ်ဆိုတာ အဲဒီသူက သူ့ရဲ့ ယုံကြည်ရတဲ့ အချစ်ရဆုံးသူတစ်ယောက်ဖြစ်လို့ပဲဖြစ်ပါတယ်။

 

အမှားကိုဝန်ခံခြင်း

 

ကိုယ့်ရှေ့မှာပဲဖြစ်ဖြစ်၊ ကိုယ့်နောက်ကွယ်မှာပဲဖြစ်ဖြစ်၊ သူ့အမှားအတွက် ၀န်ခံပြီး တောင်းပန်နေပြီဆိုရင် သူသင့်ကို တန်ဖိုးလို့ပဲဖြစ်ပါတယ်။

 

အဲဒီလိုချစ်သူမျိုးကို ပိုင်ဆိုင်ထားပြီဆိုရင်တော့ သူ့ကို ယုံကြည်ပေးစေချင်ပါတယ်။

 

သူက သင့်ရှေ့မှာပဲဖြစ်ဖြစ်၊ နောက်ကွယ်မှာပဲဖြစ်ဖြစ် ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်လို့ပဲဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:08
Rate this item
(0 votes)