Relationship တစ်ခု ရေရှည်တည်မြဲဖို့ဆိုတာ

Relationship တစ်ခု ရေရှည်တည်မြဲဖို့ဆိုတာ google.com

ကိုယ်ရှိနေခြင်းဟာ ချစ်သူအတွက် အကောင်းဆုံး အားအင်တစ်ခု ဖြစ်နေဖို့လိုတာပါ။

Relationship တစ်ခုကိုစပြီး အခြေတည်ဖို့ လွယ်ကူတယ်ဆိုပေမယ့် ရေရှည်မှာ တည်တံ့ခိုင်မြဲတဲ့ Relationship တစ်ခုဖြစ်ဖို့ကတော့ လွယ်ကူလွန်းလှတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ရေရှည်တည်မြဲတဲ့ Relationship တစ်ခုကိုတည်ဆောက်နိုင်ဖို့အတွက် ချစ်သူနှစ်ဦး ရင်ထဲက အချစ်စိတ်တွေအပြင် ဘာတွေထပ်ပြီးရှိဖို့လိုအပ်သေးသလဲ ဆိုတော့

 

ချစ်သူဘဝကို စတင်လျှောက်လှမ်းချိန်ကစပြီး နှစ်ယောက်တစ်ဘဝ တည်ထောင်ချိန်တစ်လျှောက်လုံးမှာ ပြဿနာသေးသေးမွှားမွှားလေးကစလို့ ဘဝနဲ့ဆိုင်တဲ့ ပြဿနာကြီးတွေအထိ ရင်ဆိုင်ရမှာပါ။ အဲ့လိုရင်ဆိုင်နေရချိန်မှာ ကိုယ်က ကိုယ့်ချစ်သူအတွက် ရှေ့ကကာကွယ်ပေးမယ့် ခံတပ်ကောင်း ဖြစ်ပေးဖို့လိုသလို နောက်ကနေ ကျောထောက်နောက်ခံ ဖြစ်ပေးမယ့် တံတိုင်းတစ်ခုလည်း ဖြစ်ပေးဖို့ လိုအပ်ပါတယ်။ ဆိုလိုတာကတော့ ကိုယ်ရှိနေခြင်းဟာ ချစ်သူအတွက် အကောင်းဆုံးအားအင်တစ်ခု ဖြစ်နေဖို့လိုတာပါ။လူနှစ်ဦးရဲ့ ပတ်သက်ဆက်နွယ်မှုမှာ အချစ်ဆိုတာထက် ပိုပြီးအရေးကြီးတဲ့ ရိုင်းပင်းစိတ် လိုအပ်ပါတယ်။

 

အကောင်းအဆိုး ဒွန်တွဲနေတဲ့ လောကကြီးမှာ အဆိုးဆုံး အခြေအနေတွေကိုလည်း ကြုံရနိုင်ပါတယ်။ ကံကြမ္မာဆိုးနဲ့ အခြေအနေဆိုးတွေကို ကြုံရတဲ့ အချိန်မှာလည်း သူ့ဘက်မှာ ရပ်တည်ပေးဖို့ လိုအပ်ပါတယ်။ တကယ်လို့ အခြေအနေဆိုးတွေက သူ့အမှားကြောင့် ကြုံရတယ်ဆိုရင်တောင် သူ့ကို အပြစ်တင်တာထက် အမှားကို သေချာဆန်းစစ်ပြီး ဘယ်လို ပြုပြင်သင့်သလဲဆိုတာ အကြံပေးသင့်ပါတယ်။ အကြံပေးတဲ့ အခါမှာလည်း ဆရာလုပ်ပြီးပြောတာ၊ သူ့အမှားပေါ်နင်းပြီးပြောမျိုး မလုပ်သင့်ပါဘူး။ သူ့အမှားမျိုး ငါလည်းမှားနိုင်တာပဲဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ မျှဝေခံစားပေးပြီး ပြောဖို့ လိုအပ်ပါတယ်။ ဒီအမူအကျင့်လေးတွေက လူနှစ်ဦးရဲ့ပတ်သက် ဆက်နွယ်မှုမှာအချစ်ဆိုတာထက် ပိုပြီးအရေးကြီးတဲ့ ရိုင်းပင်းစိတ် ဖြစ်ပါတယ်။

 

 

Credit;Marry

Read times Last modified on Thursday, 03 January 2019 10:17
Rate this item
(0 votes)